နွေးထွေးစွာ အေးမြခြင်းများစွာနဲ့ မာန်လှိုင်းငယ်မှ ကြိုဆိုပါသည်။ အကြံပြုချက်များ၊ ဝေဖန်စာများကိုလည်း ကြားချင်ပါသည်။

Thursday, November 1, 2007

အလွမ်းတွေ ဝေတဲ့ ဆောင်းတွင်း အေးအေး

မာန်လှိုင်းငယ်

“အလွမ်းတွေ ဝေတဲ့ ဆောင်းတွင်း အေးအေး”

ဆောင်းတွင်းအေးအေး အကြောင်း Tag ခံထားရတဲ့ ကျနော် ဘာရေးရမလဲဗျာ။ tag လိုက်တဲ့လူက လည်း မဆုဝေ ကိုး။ မဆုဝေ ကတော့ အားရင်တော့ ရေးပေးပါဆိုတော့ ကျနော်လည်း အခု အားနေတာနဲ့ ရေးမယ်ပေါ့။ ဒါပေမယ့်ဗျာ။ ဘာကို စရေးရမှာလဲ။

အင်း .... ဆောင်းတွင်း အကြောင်းလေး ရေးဖို့ စဉ်းစားနေရင်းနဲ့ ကျနော်တို့ ကျောင်းနေအရွယ်တုန်းကပေါ့ဗျာ။ ပြောရင်းနဲ့တောင် သတိရလွမ်းဆွတ်နေမိပါတယ်။ ကျနော်တို့ သူငယ်ချင်းတသိုက် ဆောင်းကာလ ညချမ်းအချိန်မှာပေါ့။ မီးပုံကို အလယ်မှာထားပြီး သူငယ်ချင်းတွေ စုဆုံကြတာပေါ့။ မီးပုံဘေးမှာ ထိုင်၊ ဂီတာတီးပြီး သီချင်းတွေ အော်ဆိုကြပါတာ ပျော်စရာအရမ်းကောင်းပါတယ်။ ဆောင်းတွင်းကာလမှာ ဒီလို ပျော်ဝင်တော့လည်း အေးမှန်းကို မသိဘူးဗျ။ ဒါပေမယ့် သီချင်းတွေ တပုဒ်ပြီး တပုဒ်ဆက်ဆိုကြနဲ့ သန်းခေါင်ကျော်ထိပဲ ထိုင်နိုင်ကြတယ်ဗျာ။ ကျနော် ရေးရင်းနဲ့တောင် သူငယ်ချင်းတွေကို သွားပြီး သတိရလိုက်တာဗျာ။ အဲဒီလိုနေ့မျိုးလေးတွေမှာ သူငယ်ချင်းတွေနဲ့ ပြန်နေချင်လိုက်တာ အရမ်းပါပဲ။ ဒါပေမယ့် မရတော့ပါဘူး။ တယောက်တကွဲဆီဖြစ်ကြပြီကို။

နောက်တခုကျန်သေးတယ်။ အမှတ်ရစရာလေးတွေပေါ့။ ပျော်စရာအရမ်းကောင်းတဲ့ အမှတ်ရစရာလေးပါ။ ဒီဇင်ဘာဆောင်းတွင်းပေါ့။ ကျနော်တို့ ကျောင်းသားကျောင်းသူတွေ စုဆုံ၊ ဆရာတွေနဲ့ အားလုံးပေါ့။ ဒီဇင်ဘာဆောင်းတွင်း ခိုက်ခိုက်တုန်အောင်ချမ်းအေးတဲ့ ညတွေမှာ ရက်ကွက်တွေကိုသွားပြီး တအိမ်တက် တအိမ်ဆင်း သီချင်းတွေ လိုက်ဆိုကြတယ်။ ရံပုံငွေအတွက်လည်း ဖြစ်၊ ပျော်စရာဒီဇင်ဘာလလေးမှာ ဒီဇင်ဘာပျော်ပွဲလေးတွေလုပ်ပြီး ပျော်ရတဲ့ အပျော်ဟာ တမူထူးပါတယ်။ မှတ်မိပါသေးတယ်။ အိမ်အလုံး (၅၀)ပဲရှိသေးတယ်။ ကျနော်တို့ အသံတွေက ၀င်နေပြီ။ တော်တော်သံပြိုင်သီဆိုကြတာကို ၀င်ကုန်မှာပေါ့။ အသံတွေကို ပြန်ထိန်းရအောင် ဆိုပြီး ဆရာ၊ ဆရာမတွေက ဂျင်းတွေကို လိုက်ကြွေးနဲ့ပေါ့။ သံပရာသီးတွေကိုလည်း ငုံလို ငုံပေါ့။ ပျော်စရာ ဒီဇင်ဘာ ညလေးတွေပါ။ အခုတောင် လွမ်းနေပါတယ်ဗျာ။

အမှတ်ရစရာ တခုကျန်သေးတယ်ဗျ။ ပြောဦးမယ်။ ကျနော်တို့ မိသားစုရဲ့ ပျော်စရာ ဆောင်းကာလတွေပါ။ ညမှာဆို မီးပုံပြီး မိသားစုတွေ ၀ိုင်းထိုင်။ ကော်ဖီသောက်တဲ့လူက သောက်။ လက်ဖက်ရည်သောက်တဲ့လူက သောက်ပေါ့။ မိသားစု စကားဝိုင်းလေးလဲဖြစ်။ အဆင်ကိုပြေနေတာပဲ။ မိသားစုတွေ တယောက်ကို တယောက် စနောက်ကြတာကို ကျနော် အရမ်း နှစ်သက်မိတယ်။ ဒီလိုမျိုး မိသားစုတွေ ပျော်ရွှင်နေတော့ ဘေးအိမ်ကလည် အားကျတာလားမသိဘူး။ သူတို့လည်း မီးတွေပုံပြီး မိသားစုတွေ ထွက်ထိုင်ကြတယ်။ တချို့ မိသားစုတွေဆို ကျနော်တို့ မိသားစု ၀ိုင်းထိုင်နေတဲ့ မီးပုံဘေးကို လာထိုင်ကြတယ်။ ပိုပျော်စရာကောင်းသွားတာပေါ့။ လူများများလေးနဲပါ။ အဲဒီမှာပဲ အမေက သူ့ရဲ့ အတွေ့အကြုံတွေ ပြောပြ။ ငယ်ငယ်က အကြောင်းတွေ ပြန်ပြောပြပေါ့။ ဒီမှာလဲ အဖေကလည်း အားကျမခံ သူ့ ကိုယ်တွေ့တွေ ပြောပြန်။ သူလုပ်ခဲ့တဲ့ အလုပ်တွေ အကြောင်း။ စသည် စသည်ဖြင့်ပေါ့ ပြောလိုက်ကြတာ စုံနေတာပါ၊ ကျနော်ဆို မှတ်မိတဲ့ဟာ မှတ်မိတယ်။ မမှတ်မိတဲ့အရာတွေလည်း အများကြီးကျန်ပါသေးတယ်။ ဒီအကြောင်း ကျနော်ပြောနေတာနဲ့ ငိုချင်မိတယ်။ အခုဆို ကျနော်တို့ မိသားစုမှာ အမေက မရှိတော့ဘူးဆိုတော့ အရင်လို ဆောင်းတွင်းညတွေ မပျော်ရွှင်နိုင်တော့လို့ပါပဲ။

ကဲ အားလုံးကို ပြောလိုက်မယ်ဗျာ။ ဆောင်းတွင်းမှာ မနက်စောစောထပြီး လမ်းလျှောက်ရင် ကျန်းမာရေးကောင်းတယ်။ စိတ်လည်း လန်းဆန်းတယ်ဗျို့။ လုပ်ကြည့်လိုက်ကြပါ။ ဆောင်းတွင်း ကာလမှာ ..... ကျနော်လည်း လုပ်ဖို့ ရည်စူးထားတယ်။ ဖြစ်လာမလား။ မဖြစ်ဘူးလားဆိုတာကတော့ ဆောင်းတွင်း အေးအေးလေးက ပြောပြပါလိမ့်မယ် ....... ။ အားလုံး ဆောင်းတွင်းမှာ ပျော်ရွှင်နိုင်ကြပါ စေလို့ .......... ။

ကဲ ကျနော်လည်း ပြန်ပြီးတော့ Tag လုပ်လိုက်ဦးမယ်

- ကိုကောင်းကင်ကို

- မနှင်းပွင့်ဖြူလေး

- မနိုင်းနိုင်းစနေ

- ကိုစိုးထက် - Soe Htet

- မမေပျို (မိုးပြာရောင်အိပ်မက်များ)

- ကိုရန်အောင်

2 comments:

စိုးထက် - Soe Htet ! said...

အိုကေ ... ရေးတာပေါ့ ... စာမေးပွဲ ပြီးရင် ... :P

နိုင်းနိုင်းစနေ said...

မတက်ခင်ကတည်းက ရေးပြီးသွားပြီ မာန်လှိုင်းငယ်
တက်တဲ့အတွက် ကျေးဇူးနော်...
နောက်တခါပေါ့း)

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes