နွေးထွေးစွာ အေးမြခြင်းများစွာနဲ့ မာန်လှိုင်းငယ်မှ ကြိုဆိုပါသည်။ အကြံပြုချက်များ၊ ဝေဖန်စာများကိုလည်း ကြားချင်ပါသည်။

Tuesday, November 20, 2007

ဝမ်းတထွာ

မာန်လှိုင်းငယ်

“၀မ်းတထွာ”

တဘ၀စာ ဖူလှုံဖို့
လမ်းဘေး ၀မ်းတထွာအတွက်
ရုန်းကန် လှုပ်ရှားနေရတယ်။

အဲဒီ ၀မ်းတထွာရဖို့အတွက်
တနေကုန် တနေခန်း
သူတို့ဟာ …
မောဟိုက်နွမ်းလျနေရတယ်။

သူတို့ ...
ဝမ်းတထွာအတွက် ကြိုးစားနေချိန်မှာ
ငါတို့ဟာ
သက်တောင့်သက်သာ ထိုင်ပြီး လုပ်နေကြတယ်။

အဲဒီိလို
သူတို့ ၀မ်းတထွာအတွက် ရှာရင်း
ဘ၀အသက်ရှင်သန်နိုင်ဖို့
တလမ်းဝင် တလမ်းထွက်
ဒုက္ခ ဆင်းရဲများစွာ ဝေနေရတယ်။

ဒီလိုနဲ့
တနေ၀င် တမိုးချုပ်တော့
အိမ်ပြန်ဖို့တောင်
သူတို့ခမျာ …
နှေးကွေးလေးလံစွာ
ခြေထောက်တွေကို သယ်ဆောင်နေရတယ်။

ဒါကို …
မြင်နေရတော့
ရင်ထဲမှာ ဗလောင်ဆူ
သြော်…
တို့နိုင်ငံ … တို့နိုင်ငံ … ။ ။

မာန်လှိုင်းငယ်

4 comments:

Red's Rose Dream said...

ဝမ်းတထွာတွက် လှုပ်ရှားနေရတဲ့
လောကထဲက လူတွေအကြောင်
ပေါ်ပေါ်လွင်လွင် ရေးသားနိုင်လို့
လေးစားပါတယ်ရှင်။

Sophie said...

အစ်ကိုရေ . . . .အဲလို ဆိုရင်တော့ ညီမတို့လည်း
ဝမ်းတထွာ အတွက်တော့ မဟုတ်ဘူး . . .ဒါပေမယ့်လေ အေးအေး ဆေးဆေး မနေရဘူး . . .မိုးလင်း မိုးချုပ် ပြေးလွှားနေရတယ် . . .အစ်ကို ကဗျာလေးကို ဖတ်ပြီး ငိုချင်သွားတာဘဲ . . .ရတနာက တစ်ခါတစ်လေဆို စိတ်ညစ်ပြီး . . .ဘာမှ လုပ်စရာ မလိုတဲ့ အမေ့အိမ်ကို ပြန်ပြေးချင်စိတ်က ခဏခဏပေါ်နေတယ် . . .ခုတော့ ကိုယ်ချင်းစာသလိုလို . . ဘာလိုလိုနဲ့ ။

မြရွက်ဝေ said...

တထွာဝမ်းအတွက် ဘလောင်ဆူနေရတဲ့ရင်တွေ အများကြီး အများကြီး ................

လုလု said...

ကဗျာလေးက အဓိပ်ပါယ်သိပ်ရှိတာပဲ။ အမြဲအားပေးနေပါတယ်။ ဒါပေမယ့် စီဘောက်မှာ ဘယ်တော့မှ အော်လို့မရဘူး။ ဘာလို့လျွဲသိဘူးနော်

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes