နွေးထွေးစွာ အေးမြခြင်းများစွာနဲ့ မာန်လှိုင်းငယ်မှ ကြိုဆိုပါသည်။ အကြံပြုချက်များ၊ ဝေဖန်စာများကိုလည်း ကြားချင်ပါသည်။

Thursday, November 8, 2007

ခုတော့ ….

မာန်လှိုင်းငယ်

ခုတော့ ….

ကျနော့် မျက်ဝန်းမှာ
မျက်ရည်တွေနဲ့
မေမေ့ကို တမ်းတမ်းတတ ရှိလို့ … ။

လေပြင်းမုန်တိုင်း ကျတော့မှာလား
နှင်းမုန်တိုင်းပဲ ကျတော့မှာလား
ဟာရီကိန်းမုန်တိုင်းပဲ ကျတော့မှာလား
မဟုတ်ပါ ….
မုန်တိုင်းတွေလို ကြမ်းတမ်းစွာ မကျ
ညင်သာစွာ စီးကျလာတဲ့ မျက်ရည်မုန်တိုင်းပါ။

အား …… ….
မေမေရေ ….
မေမေ ပြောခဲ့တယ်နော်
“မျက်ရည်မကျရဘူး …. သားငယ်”လို့
ဒါပေမယ့်
မေမေ …..
သားမျက်ရည်ကျတာ
မေမေ့ကို သတိရလို့
မေမေ့ကို လွမ်းဆွတ်လို့
မေမေ့ကို အောက်မေ့တမ်းတလို့ပါ။

ခုတော့ …..
ကျနော့် မျက်ဝန်းမှာ
မျက်ရည်တွေနဲ့
မေမေ့ကို တမ်းတမ်းတတ ရှိလို့ …. ။

မာန်လှိုင်းငယ်
၂၀၀ရ ခုနှစ်၊ နိုဝင်ဘာလ (၇)ရက်။

3 comments:

စိုးထက် - Soe Htet ! said...

ခုတာ့ .... ကဗျာတစ်ပုဒ်နဲ့ မီအောင် မဖွဲ့ ပြနိုင် လောက်အာင်ပါပဲ ... :)

Kaung Kin Ko said...

အရမ်း ခံစားရတယ်ဗျာ။ မျက်ရည်မုန်တိုင်းကို လေပြင်းမုန်တိုင်း တွေ၊ နှင်းမုန်တိုင်းတွေ နဲ့ ယှဉ်ဖွဲ့ တာ အရမ်းလှတယ်။

ရွှေဂျမ်း said...

ကျွန်မမှာလည်း အမေမရှိတော့တာမို့ ကိုယ်ချင်းစာရင်း ဒီကဗျာလေးကို ခံစားဖတ်ရှုသွားပါတယ်။

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes