ဟုတ်တယ် ဂျေရေ။ ဂျေသိချင်တာကို ပြောပြလိုက်ပါပြီနော်။ ကျနော်တို့ အဲဒီလို မိုးမြန်မြန်လင်းပါစေလို့ ဆုတောင်းပြီးတော့ မိုးလည်း လင်းတာနဲ့ ကျနော်တို့ ကလေးတွေအားလုံး လူကြီးတွေကို ပြောပြလိုက်ပါတယ်။ လူကြီးတွေက အကြောင်းစုံမေးတော့ ကျနော်လည်း ခံရသလောက် ပြောပြလိုက်ပါတယ်။ အဲဒါနဲ့ လူကြီးတွေ မဖြစ်ဘူးဆိုပြီး ဘုန်းကြီးကျောင်းကို သွားပြီး လျှောက်တင်တယ်။ အကြောင်းစုံလည်းပြောပြတယ်။
ဦးဇင်းတွေလည်း သိရော။ “ဒါဟာ ကလေးကို ညတိုင်း လာပြီးတော့ စနောက်နေမှာပဲတဲ့။ အဲဒါဟာ သူကျွတ်လွတ်ချင်လို့ အဲဒီလို အသိလာပေးတာ” တဲ့။ ဦးဇင်းတွေက အဲဒီလို ပြန်ပြောတယ်လေ။ အဲဒီနေ့မှာပဲ နေ့လယ် ဦးဇင်းတွေ ဆွမ်းဖုန်းပြီးတာနဲ့ အချိန်လောက်မှာ နေ့လယ် (၁း၀၀)နာရီကျ စပြီးလိုအပ်တာတွေကို လုပ်ဖို့ သူ့အတွက် အလှူအတန်းလေး လုပ်ပေးမယ်ဆိုပြီး လူကြီးတွေက စုပေါင်း အလှူလေး တက်နိုင်သလောက်စီထည့်ဝင်ပြီး အလှူဖြစ်မြောက်အောင် ၀ိုင်းဝန်းကြိုးပမ်းကျ တယ်။ ကျနော်တို့ ကလေးတွေလည်း နိုင်သလောက် ၀ိုင်းဝန်းကူညီကျတယ်။ နေ့လယ်စွန်းလောက် တရားနာ အမျှဝေပေးပါတယ်။ ရသလောက်နဲ့ အမြန်လုပ်လိုက်ကြတာ စည်ပါတယ်ဗျာ။ ကိုယ့်လူတွေ ချည်းပဲဆိုတော့ တခြားထွေထွေထူးထူး သိပ်လုပ်စရာမလိုတော့ဘူးပေါ့။ အဲဒါ အလှူအတန်းလေးလုပ် ရင်း ဘုန်းကြီးကျောင်းမှာ အမျှဝေပေးပါတယ်။
ကျနော် စိတ်ထဲမှာ မမေ့သေးပါဘူးဗျာ။ ကြားတော့ မကြားရဘူး။ ဒါပေမယ့် ကျနော်သိနေတယ်။ သူဟာ ကျောင်းဝန်းနာမှာ လာပြီး တရားလာနာတယ်ထင်တယ်ဗျာ။ ဒါက ကျနော့် အသိမှာ အဲဒီလို ထင်တယ်။ ဟုတ်လည်းဟုတ်ပါတယ်။ ဦးဇင်းပြောတဲ့စကားလေ။ ညဘက်မှာ မလာတော့ပါဘူး။ အမှန်ပါပဲ။ ဒါကြောင့် ကျနော်တို့ ကလေးတွေလည်း ပျော်ရွှင်သွားကြပါတယ်။ သူ့အတွက်လည်း ၀မ်း သာလိုက်ကြ မပြောပါနဲ့ဗျာ။
ကဲ ဂျေရေ။ ဒီလောက်ဆို ကျေနပ်မယ်ထင်ပါတယ်နော်။
Monday, November 19, 2007
အစိမ်းသေလား။ သရဲလားဆိုတဲ့ အဆက်ပါ။
5:07 PM
မာန်လှိုင်းငယ်
1 comment
1 comments:
ကျေးဇူးတင်ပါတယ် ကိုမာန်လှိုင်းငယ်ရေ မြန်မြန်နဲ့  သူကျွတ်သွားတာ သူ့ မှာ ပါရမီရှိလို့ ဘဲ တော်ရုံ တန်ရုံ ဆို မကျွတ်ဘူး။ နစ်ပေါင်းတော်တော်ကြာအောင် အလျှုလုပ်ပေးနေရတာ ကြားဘူးတယ်။
Post a Comment