နွေးထွေးစွာ အေးမြခြင်းများစွာနဲ့ မာန်လှိုင်းငယ်မှ ကြိုဆိုပါသည်။ အကြံပြုချက်များ၊ ဝေဖန်စာများကိုလည်း ကြားချင်ပါသည်။

Thursday, December 27, 2007

Internet ကမ္ဘာ့ရွာကြီး (Globe village)

မာန်လှိုင်းငယ်

Internet ကမ္ဘာ့ရွာကြီး (Globe village)


Internet ကို ဘယ်သူများ
အိပ်မက်ပြီး တီထွင်လိုက်ပါလိမ့်။

ခုတော့ …
Internet က စခဲ့လို့
Globe village ဆိုတဲ့ ကမ္ဘာ့ရွာကြီး ဖြစ်နေပါလား။

Internet ပေါ်မှာ
Messenger အိမ်နဲ့ Chatting နေ
Skype ဝေဟင်မှာ Chatting နဲ့ အော်
Gtalk မှာ ပေါင်းသင်းမိတ်ဆွေ စုဆုံပြီး Chatting တော့ကီကြပေါ့။

လူသားတိုင်း Chatting မှာ
ထိုင်ထိုင်ပြီး Style တွေ အပြည့်နဲ့။

တချို့တော့ By own ကွန်ပျူတာနဲ့
By own မရှိသူ အချို့မှာတော့
Cyber Café မှာ သွားသွားထိုင်။

တချို့မှာဖြင့် မုန့်ဖိုးတွေ ခြစ်ထုတ်
Internet Café မှာ သွားသွားစု
Chatting တွေနဲ့ ပျော်ရွှင်မြူး။

Internet ဆိုတဲ့
Globe village ကမ္ဘာ့ရွာကြီးမှာ
မဟုတ်တာတွေနဲ့
ဟုတ်တာတွေရော
အကုန် Chatting ကြပေါ့။

Friday, December 21, 2007

First Ham

First Ham

A young couple got married. When the wife prepared to bake a ham to celebrate their first Thanksgiving, she carefully cut off each end before placing it in the pan.

Her husband asked her why she did that and she replied, "I don't know - it's what my mother always did. But I can ask her."

She called Mom, who responded, "I always saw your Grandma do it, so I did the same."

They decided to check further, so the young woman called Grandma, who explained, "It was the only way I could get it to fit into my pan."

Three old men

Three old men

Three old men are at the doctor for a memory test. The doctor says to the first old man, "What is three times three?"

"274" was his reply.

The doctor worriedly says to the second man, "It's your turn. What is three times three?"

"Tuesday" replies the second man.

The doctor sadly says to the third man, "Okay, your turn. What's three times three"?

"Nine" says the third man.

"That's great!" exclaims the doctor. "How did you get that"?

"Jeez, Doc, it's pretty simple," says the third man. "I just subtracted 274 from Tuesday."

Thursday, December 20, 2007

မိဘရင်ခွင်

မာန်လှိုင်းငယ်

မိဘရင်ခွင်

မိဘမေတ္တာ
မြင့်မိုရ်မက ကြီးမြတ်လှပေတယ်။

မိဘရင်ခွင်
အရိပ်အာဝါသအောက်မှာလို
အေးမြ နွေးထွေးလှပေတယ်။

Tuesday, December 18, 2007

ဒီကြိုးကွင်းမှ လွတ်ကျသွားတဲ့ ညတည

မာန်လှိုင်းငယ်


ဒီကြိုးကွင်းမှ လွတ်ကျသွားတဲ့ ညတည

ညတညမှာ
ငါဟာ …
တောင်စဉ်ရေမရ စဉ်းစား
ငါ့ ခေါင်းမှာတော့
အိပ်မက်ထဲက ငရဲပြည်အလား
သွေးပျက်ကြောက်လန့်စရာ
အမှန်စင် စစ်လား …
အသေအချာလား ဆိုတော့
ဝေခွဲမရတာက များ
စဉ်းစား …
စဉ်းစား …
အတွေးပေါင်းများစွာ
ခရားရေလွတ်ချသလို
တသောသောနဲ့ ဆင်း
စဉ်ဆက်မပျက်နဲ့။

ညတညမှာ
ငါဟာ …
မြစ်ရေများ တသွင်သွင်
စီးမျောနေသည့်နယ်
လှိုင်းကလေးတခု
ကမ်းပါးရံကို
ပြင်းသည့် အား
ပြင်းသည့် မာန်စွယ်နဲ့
ဝင်ခြောက်လိုက်တော့
“ဖျောင်း” ခနဲဆို
ငါ လန့်ဖြန့်သွား
ဒီကြိုးကွင်းမှ လွတ်ကျသွားတဲ့ ညတညမှာ … ။

Sunday, December 16, 2007

မျက်နှာ

မျက်နှာ။ တေးရေး၊ တေးဆို - IMP

ငါ့အတွေးများလည်း ချာချာလည် … အသည်းကွဲဇာတ်လမ်းတစ်ပုဒ်ရဲ့ အဆုံးမှာ
လူကဲခပ်မတတ်တဲ့ ငတုံးလို့ ငါ့ကိုယ်ငါ အပြစ်တင်မိတယ်

ပြောင်းလဲမှုက မြန်ဆန်လို့ မင်းမုန်းသွားလဲ ချစ်လို့ ငါမပြီးသေးပါ
တကယ်လို့အသည်းကိုနောက်တစ်ခါ ကစားရင် နဲနဲလေးတော့ … အချက်ပြခဲ့အုံး

ဟိုတစ်ခါ စိတ်ကောက်တတ်တဲ့ မင်းရဲ့မျက်နှာ … ငါပြန်ချော့လိုက်လို့ ပြုံးသွားတဲ့အခါ
လေပြေတွေလို ကြည်နူးသွား … နူးညံ့မှုတွေ ပေးတဲ့မျက်နှာ
ဒီတစ်ခါ အမုန်းများနဲ့ မင်းရဲ့မျက်နှာ … နာကျင်စွာ တစိမ်းတစ်ယောက်လို့ ပြောလိုက်စမ်းပါ
ပြန်ဆုံရင် တကယ်မခေါ်ဘူးလား … ရက်စက်မှုတွေအပြည့်နဲ့ မျက်နှာ

မာယာမင်းသမီးလေးအလိုကျတိုင်း အလိုက်တသိနဲ့ လိုက်ကနေခဲ့မိတယ်
ဒီဇာတ်လမ်းလေးရဲ့ အဆုံးမှာ … အသည်းကွဲသမားကတော့ ငါပဲပေါ့

ပြောင်းလဲမှုက မြန်ဆန်လို့ မင်းမုန်းသွားလဲ ချစ်လို့ ငါမပြီးသေးပါ
တကယ်လို့အသည်းကိုနောက်တစ်ခါ ကစားရင် နဲနဲလေးတော့ … အချက်ပြခဲ့အုံး

(ဟိုတစ်ခါ စိတ်ကောက်တတ်တဲ့ မင်းရဲ့မျက်နှာ … ငါပြန်ချော့လိုက်လို့ ပြုံးသွားတဲ့အခါ
လေပြေတွေလို ကြည်နူးသွား … နူးညံ့မှုတွေ ပေးတဲ့မျက်နှာ
ဒီတစ်ခါ အမုန်းများနဲ့ မင်းရဲ့မျက်နှာ … နာကျင်စွာ တစိမ်းတစ်ယောက်လို့ ပြောလိုက်စမ်းပါ
ပြန်ဆုံရင် တကယ်မခေါ်ဘူးလား … ရက်စက်မှုတွေအပြည့်နဲ့ မျက်နှာ)

Friday, December 14, 2007

မနုဿ တစိမ်းတရံကြားမှာ

မာန်လှိုင်းငယ်

မနုဿ တစိမ်းတရံကြားမှာ

မနုဿတော ခြေစုံပစ်ဝင်
တကောက်ကောက် နောက်မှာ
အတ္တ၊ မာန၊ လောဘတွေ တန်းစီ။

မနုဿနယ် ယောင်လည်လည်
မမြင်နိုင် လေဟာနယ် အတွင်းမှာ
မာယာ အတိမ်အနက်တွေ လက်ကမ်း။

ကြာတော့ …
မနုဿ တစိမ်းတရံကြားမှာ
အမေ့ရင်ခွင်ကို လွမ်း
ချစ်သူ့ရင်ခွင်လည်း လွမ်းနေရ တအား။

Sunday, December 9, 2007

The perfect fan(အမေသီချင်း)

အမေကို ချစ်တဲ့ သားသမီးတွေအတွက် တင်ပေးလိုက်ပါတယ်။
The perfect fan(အမေသီချင်း)

It takes a lot to know what is love
It's not the big things,
but the little things
That can mean enough
A lot of prayers to get me through
And there is never a
day that passes by
I don't think of you
You were always there for me
Pushing me and guiding me
Always to succeed

[ Chorus: ]
You showed me
When I was young just how to grow
You showed me
Everything that I should know
You showed me
Just how to walk without your hands
Cuz mom you always were
The perfect fan

God has been so good
Blessing me with a family
Who did all they could
And I've had many years of grace
And it flatters me when I see
a smile on your face
I wanna thank you for what you've done
In hopes I can give back to you
And be the perfect son

[ Chorus ]

You showed me how to love
You showed me how to care
And you showed me that you
would always be there
I wanna thank you for that time
And I'm proud to say you're mine

[ Chorus ]

Cuz mom you always were,
Mom you always were
Mom you always were,
You know you always were
Cuz mom you always
were... the perfect fan

I love you Mom

Friday, December 7, 2007

သံသရာနောက်ကွယ်က ၀ှက်ဖဲတချပ်

မာန်လှိုင်းငယ်

သံသရာနောက်ကွယ်က ၀ှက်ဖဲတချပ်

သံသရာ ဒိုးယိုပေါက်မှာ
အမှန်တရားတွေ ထွန်းတောက်ဖို့
ဝှက်ဖဲတချပ်ကို လှန်ကြည့်တဲ့အခါ
အဆုံးအစမဲ့ ခရီးလမ်းကနေ
အ၀ီစိ ထမ်းလာသူတွေကို
မင်းတို့ တွေ့ရလိမ့်မယ်။

သံသရာ ဇာတ်ခုံပေါ်မှာ
ဝိုင်းသိမ်းနိုင်မယ့် ပြကွက်ဇာတ်သိမ်းဖြစ်ဖို့
ပြည့်ကျပ်လာတဲ့ ဝေဒနာ အကျိတ်အခဲတွေကို ခွဲကြည့်တဲ့အခါ
အဆုံးအစမဲ့ ကောင်းကင်စိမ်းစိမ်းအောက်
နီ ၀ါ ရောင်သွေးတွေ လူးနေတဲ့ ၀ိဥာဉ်တွေ
သံဃာ့အလံနဲ့ ခွပ်ဒေါင်းအလံကိုင်ရင်း ချီတက်လာတာကို
မင်းတို့ မြင်ရလိမ့်မယ်။

သံသရာ သက္ကရာဇ်တွေပေါ်မှာ
စစ်အာဏာရှင်စနစ် နေ၀မီးငြိမ်းနိုင်ဖို့
အဖုအထစ်ထ အားမာန်လှိုင်းကို ဖောက်ကြည့်တဲ့အခါ
ငွားငွားစွင့်စွင့် ရွက်လွင့်လာမယ့်
သံဃာစစ်သည်နဲ့ ခွပ်ဒေါင်းစစ်သည်တို့ရဲ့ သစ္စာတရား
မင်းတို့ မြို့တော်ပြာပုံဖြစ်သွားလိမ့်မယ်။

ဒါကြောင့် ...
သံသရာနောက်ကွယ်က ၀ှက်ဖဲတချပ်ကို
မင်းတို့ လှန်ကြည့်လိုက်တာနဲ့ .... ... ။ ။

မာန်လှိုင်းငယ်

ခိုင်းနှိုင်းထိုက်တဲ့ မေတ္တာရှင်

မာန်လှိုင်းငယ်

ခိုင်းနှိုင်းထိုက်တဲ့ မေတ္တာရှင်

ဒေါက်တာ စင်သီယာမောင်
အကြင်နာ မေတ္တာကြီးမားပုံက
“မာသာထရီဇာ” လို့
ခိုင်းနှိုင်းထိုက်တဲ့ မေတ္တာရှင်ပါ။

ဒေါက်တာ စင်သီယာမောင်
အနစ်နာခံ ဂရုဏာကြီးပုံက
“နိုက်တင်ဂေး” လို့
ခိုင်းနှိုင်းထိုက်တဲ့ မေတ္တာရှင်ပါ။

ဒေါက်တာ စင်သီယာမောင်
သည်းခံခြင်း စာနာမှုကြီးပုံက
“မဟသမ ခန္တီ” လို့
ခိုင်းနှိုင်းထိုက်တဲ့ မေတ္တာရှင်ပါ။

ထိုသို့သော် ...
ခိုင်းနှိုင်းထိုက်တဲ့ မေတ္တာရှင်
ကျနော်တို့အားလုံးရဲ့ နွေးထွေးမိခင်
မြန်မာ့လူတန်းစားအလွှာစုံရဲ့ အလင်းပြကြယ်
ကမ္ဘာ့လူထုအလုံးစုံ လေးစားတဲ့ ဂရုဏာရှင်
ဒေါက်တာ စင်သီယာမောင်ပါ။

၂၀၀၇ ခုနှစ်၊ ဒီဇင်ဘာလ (၆)ရက်နေ့မှာ ဆရာမကြီး ဒေါက်တာ စင်သီယာမောင်ရဲ့ (၄၈)နှစ်ပြည့် မွေးနေ့ကို ဒီကဗျာနဲ့ ဂုဏ်ပြုလိုက်ပါတယ်။ ဆရာမကြီး သက်ကျော်ရာကျော် ရှည်ပါစေ .... ဆုတောင်းလိုက်ပါတယ်။

မာန်လှိုင်းငယ်

Saturday, December 1, 2007

ဒီဇင်ဘာ ည

ဒီဇင်ဘာ ညသီချင်းကို ဒီနေရာကိုဆိုးသွမ်းဆီက ပြန်လည်ကူးယူတင်လိုက်ပါတယ်။

ဒီဇင်ဘာ ည

ဒီဇင်ဘာ ည

အပြင်မှာ နှင်းတွေ ကျဆင်းလို့နေပြီ....အိမ်မက်ဟောင်းတွေ
ရင်ထဲရောက်လာသည်...ငါမလိုချင်သော နာရီများ
လွန်ဆန်ချင်နေလည်း ။
မျှော်လင့်ခြင်းတွေ.....ငါမုန်းလိုက်ချင်ပြီ
ဒီလိုညတွေ ကုန်ဆုံးလိုက်ချင်ပြီ......မြူမှုန်တွေရဲ့ ခြေသံလေး
နင်ပြန်မလာတော့ဘူးလား......

ဒီဇင်ဘာည အဖြူရောင်မြူနှင်းကြားမှာ အတူဆုံနေကြ.....
ဒီလိုအချိန်လေးရောက်လာ
ဟိုအရင်က အပြာရောင်အိမ်မက်လေးကို ပြန်လည်တမ်းတရင်း ကြေကွဲ
ငါ ငိုနေဆဲ..ယုံပါ ကောင်မလေးရယ်။
ပြန်ဆုံနိင်မဲ့ ကံကို ငါတမ်းတတယ်......
ဒါပေမယ့်လည်း အဖြူရောင်မြူနှင်းကြားမှာ ငါဟာ အချစ်ပျောက်လိုက်ရှာ ရင်းနဲ့
လွမ်းနေဆဲ...။

ပူလောင်ခြင်းတွေ ....ရင်ထဲပြည့်နေပြီ ဒီဇင်ဘာညကို အံတုလို့နေပြီ
ငါမလိုချင်သော ဒဏ်ရာလေး နာကျင်နေပြီပဲ
မျှော်လင့်ခြင်းတွေ..ငါမုန်းလိုက်ချင်ပြီ
ဒီလိုညတွေ ကုန်ဆုံးလိုက်ချင်ပြီ...မြူမှုန်တွေရဲ့ ခြေသံလေး
နင်ပြန်မလာတော့ဘူးလား.....

ဒီဇင်ဘာည အဖြူရောင်မြူနှင်းကြားမှာ အတူဆုံနေကြ
ဒီလိုအချိန်လေးရောက်လာ ဟိုအရင်က အပြာရောင်အိမ်မက်လေးကို
ပြန်လည်တမ်းတရင်း ကြေကွဲ .....။
ငါ ငိုနေဆဲ..ယုံပါ ကောင်မလေးရယ်
ပြန်ဆုံနိင်မဲ့ ကံကို ငါတမ်းတတယ်...... ဒါပေမယ့်လည်း အဖြူရောင်မြူနှင်းကြားမှာ
ငါဟာ အချစ်ပျောက်လိုက်ရှာ ရင်းနဲ့ လွမ်းနေဆဲ...။

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes