(၃၁)
အအေးဓာတ် လွန်ကဲလို့
ပန်းတွေလည်း ညှိုးကုန်ပြီ
မိုးဖွဲဖွဲက မစဲ
ဒါပေမယ့် သွားစရာရှိရင် သွားရမှာပဲ။
(၃၂)
တောင်ရေက တွန်းချလို့
တောင်ကျ ချောင်းက သယ်ခဲ့လို့
မေပယ်ရွက်တွေမျောလေပြီ။
(၃၃)
နွေဦးနေရောင် မမှိန်မပျောက်
ချယ်ရီရွက်မှာ ရောက်။
(၃၄)
အပင်အောက်မှာ
ငါတစ်ယောက်တည်း ရပ်လို့
အပင်ကြီးက ငါ့ကို သိမှာမဟုတ်။
(၃၅)
မင်းစိတ်ပြောင်းလေပြီ ငါထင်တယ်
ပန်းဆိုရင် မွှေးမြဲ မွှေးလျက်
မင်းသိသားနဲ့။
(၃၆)
နွေနှောင်းအခါ မိုးမလင်းခင်
နေက အတင်းလင်းတော့
လမင်းခမျာ တော်သလို ယော်သလို
တိမ်မှာ ကွယ်ပြီ နေရရှာတယ်။
(၃၇)
နှင်းဖုံးစမြေပြင်ကို ဖြတ်ပြီး
ဆောင်းဦးလေ တိုက်တဲ့အခါ
ရာလိုက်ထောင်လိုက် ကြိုးမသီဘဲ
အစီအရင်တန်းနေတဲ့ ရတနာတွေကို မြင်သလား။
(၃၈)
ကျန်ရစ် တွန်းပစ် မေ့သွားပြီ
ဒါများမှုစရာလား
ဒါပေမယ့် တို့ဘုရားမှာ သစ္စာတိုင်ခဲ့တယ်လေ
သိပ်မကြာသေးဘူး။
(၃၉)
အရင်က ကိုင်းတော
အခုတော့ အရိုးတွေပဲ ထောင်နေတယ်
မင်းကို ငါချစ်တာလည်းချိုးလို့ နှိမ်လို့မရ။
(၄၀)
ငါ့အချစ်ကို အသည်းနှလုံးထဲမှာ မျိုထားတယ်
အခုမျက်နှာမှာ လာပြီးပေါ်နေပြီ
မင်းဒါလောက် (ညိုးနွမ်းရတာ)
ဘာဒုက္ခလဲတဲ့။
(၄၁)
ငါအချစ် စခါရှိသေး
သူတို့က အတင်းပြောနေကြပြီ
ဘယ်လိုဘယ်လို သိသွားကြသလဲ
ငါမဖြေနိုင်။
(၄၂)
တို့နှစ်ယောက် သစ္စာတိုင်တယ်
ခု မျက်ရည်စ အင်္ကျီလက်ဖျားမှာ စိုရတယ်
သမုဒ္ဒရာမှာ လှိုင်းဘယ်လောက်ကြီးကြီး
ထင်ရှူးပင်အုပ်ပေါက်ရာ တောင်ထိပ်ကို ရောက်လား?
(၄၃)
နောက်ဆုံးတော့ တို့ကြိုက်ကြရော
ပြန်ကြည့်စမ်း
ဘာအပြောင်းအလဲရှိသလဲ
စောစောက အတိုင်းပဲ။
(၄၄)
တို့ နောက်ထပ် မတွေ့မဆုံကြတော့ဘူးဆိုရင်
သူဆိုးလို့လား ငါဆိုးသလား
ဘယ်လိုပြောရမှာလဲကွယ်။
(၄၅)
ချစ်ဒုက္ခကို မသေမချင်း
ငါခံနိုင်တယ်ထား
ငါသေရင် ဘယ်သူငိုမလဲ ဖြေပါ။
(၄၆)
ငါက ယုရသူလက်ကြားမှာ
ပဲ့ကိုင် မရှိ
မတွေ့သေးတဲ့အချိန်ကို ရှာဆဲ။
(၄၇)
ဘာလိုလိုနဲ့ ဆောင်းဝင်လာပြီ
နေအိမ်အိုအိုကိုလည်း ချုံပိတ်မတတ်
ငါ့ကို ချုံမျိုမှာ စိုးလှတယ်။
(၄၈)
လှိုင်းတွေဟာ လေထန်တဲ့ ကျောက်ကမ်းစပ်မှာ
ကြွေမွကုန်သလို
ငါ့မှာလည်း မင်းတို့ဝိုင်းချစ်ကြလို့
ကြွေမွရတော့မယ်။
(၄၉)
ဂိတ်စောင့်ရဲ့မီးဖိုဟာ
တစ်ညလုံးတောက်လောင်ခဲ့ပေမယ့်
အရုဏ်ကျင်းလို့ အလင်းဝင်တော့
ပြာကျကုန်ပြီ။
(၅၀)
ဘ၀ရဲ့အဓိပ္ပယ်
ရှင်သန်နေဖို့ပဲ
ငါလိုလားတယ်။
Monday, November 5, 2007
ကပျာကယာ ဂျပန်ကဗျာတရာ အပိုင်း (၃)
9:50 AM
မာန်လှိုင်းငယ်
No comments
0 comments:
Post a Comment