(၁၁)
ကိုတံငါ
အိမ်ဆိပ် ပြန်ရောက်တော့၊
ကျွန်းတကာ ငါရောက်ခဲ့ပါသတဲ့
အော်ပြောတယ်။
(၁၂)
လေအထမှာ
ဝင်လမ်းပျောက်၊
နတ်သမီးတွေ ငေးရလို့
တော်သေးရဲ့။
(၁၃)
စမ်းရေနဲ့ ချုံကို
လင်မယားတဲ့၊
ရေစီးသန်လေ
အချစ်မြဲလေ ဆိုပါကလား။
(၁၄)
ဟုတ်သပေါ့ လူတကာလည်း
သွားကြ လာကြ၊
မိတ်သစ်ကို ဧည့်ခံ မိတ်ဟောင်းကိုနှုတ်ဆက်၊
ကိုယ်စီ ကိုယ်ငှ
မအားလှ။
(၁၅)
ဘယ်သူဖို့လို့ထင်သလဲ၊
မင်းဖို့
သစ်ဥ သစ်ဖုဆေး
စုရတယ်။
(၁၆)
ခွဲပြီးဆိုပေမယ့်
မိဘညီငယ်
ပြန်လာမယ်။
(၁၇)
ဟိုရှေးအခါကပဲ၊
ချောင်းငယ်ထဲမှာ
သစ်ရွက်ခြောက်နဲ့မည်း။
(၁၈)
ကမ်းကို ရိုက်လို့
လှိုင်းခေါင်းကွဲတယ်၊
အိပ်မက်ထဲမှာတောင်
မင်းကိုလာတွေ့ဖို့ ငါရှက်နေတယ်။
(၁၉)
ဒီကမ္ဘာမှာ တို့ဖြတ်ကျော်ရပုံ
ပြန်ပြီးတစ်ခါ
တွေ့ဦးမလား။
(၂၀)
ခုဒုက္ခကို ငါမမူပါ၊
ပြန်တွေ့ပေးဦးမယ်ဆိုရင်
ငါ
အသက်ရှင်ပေးပါမယ်။
(၂၁)
မကြာစေရဘူး နင့်ဆီ ငါပြန်လာမယ်
အပြောပဲ
ဟိုတစ်ည နေရောင်ခြည်လာမှ
လထွက်တယ်
မင်းပါမလာ။
(၂၂)
ဒီတောင်ကြားနဲ့ ဟိုတောင်ကြား
လေစွတ်တိုက်လို့ ဗြောင်းဆန်နေပြီ
မြက်ပင်ကအစ
တောင်ပေါ်လေဟေ့ သတိထားကြ။
(၂၃)
လကို ကြည့်ပါ
တွေးစရာ ဆွေးစရာ
ဒီဒဏ်ရာကို ခံရတာ
ငါတစ်တည်းမဟုတ်ပါ။
(၂၄)
ဘုရားတင်ဖို့ ဘာပါသတုန်း
ကြည့်ပါရွက်ကြွေ ၀ါဝါ အကုန်လုံး။
(၂၅)
နွယ်ကြိုး
ရှေးရှေးဘယ်လိုခေါ်သလဲမေး
အောင်သွယ်တန်း တဲ့လေး။
(၂၆)
မေပယ့်အသက် တစ်ရက်
စောင့်ပါဦးကွယ်
ဧကရာဇ်က
ထွက်တော်မူလာပြီ။
(၂၇)
ဓိကလွင်ပြင်မှာ အိဇုမိချောင်း
စီးဆင်းမြဲ စီးဆင်းလျက်
ငါကသူ့ကို
ဘယ်မှာ ဆုံခဲ့ဖူးသလဲ
တွေးရခက်ခက်။
(၂၈)
ဆောင်းအခါ
သစ်ပင်မှာ အရွက်မရှိ
မြေပြင်ရှာ မြက်မရှိ
ငါ့မှာလည်း ငါပဲရှိ။
(၂၉)
ဆောင်းအခါ
ငါ ဘာကိုစုရမလဲ
နှင်းဖြူဖြူ
ပန်းကန္ဓမာလည်း နှင်းလိုဖြူ။
(၃၀)
နေအရုဏ် ကျင်းလင်းလုပြီ
လဆုတ် လငယ်လည်း ပြေးလေပြီ
တို့နှစ်ယောက်လည်းခွဲရပြ
Saturday, November 3, 2007
ကပျာကယာ ဂျပန်ကဗျာတရာ အပိုင်း (၂)
10:55 AM
မာန်လှိုင်းငယ်
No comments
0 comments:
Post a Comment