နွေးထွေးစွာ အေးမြခြင်းများစွာနဲ့ မာန်လှိုင်းငယ်မှ ကြိုဆိုပါသည်။ အကြံပြုချက်များ၊ ဝေဖန်စာများကိုလည်း ကြားချင်ပါသည်။

Wednesday, November 7, 2007

ယနေ့ထိတိုင်

မာန်လှိုင်းငယ်

“ယနေ့ထိတိုင်”

ယနေ့ထိတိုင်
ကျနော့် နှလုံးသားထဲ
ထာဝရှင် တည်ရှိနေတဲ့
အပြုံးပိုင်ရှင်
ဂရုဏာရှင်
အကြင်နာမေတ္တာကျေးဇူးရှင်
ကျနော့်ရဲ့ မွေးမိခင် …. ။

ယနေ့ထိတိုင်
ကျနော့် အသည်းထဲ
ကျောက်ထက်အက္ခရာ တင်ထားတဲ့
အကြင်နာ မျက်ဝန်း
နူးညံ့တဲ့ အပြုံး
နွေးထွေးတဲ့ ရင်ခွင်ပေးနိုင်စွမ်းသူ
ကျနော့်ရဲ့ မွေးမိခင် …. ။ ။

မာန်လှိုင်းငယ်
၂၀၀၇ ခုနှစ်။ နိုဝင်ဘာလ (၆)ရက်။

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes