နွေးထွေးစွာ အေးမြခြင်းများစွာနဲ့ မာန်လှိုင်းငယ်မှ ကြိုဆိုပါသည်။ အကြံပြုချက်များ၊ ဝေဖန်စာများကိုလည်း ကြားချင်ပါသည်။

Wednesday, January 23, 2008

ဒါပေမယ့် …

မာန်လှိုင်းငယ်

ဒါပေမယ့် …

ငယ်ငယ်တုန်းက
ငါ ကဗျာတွေ ရေးတော့
မေမေက ချီးမွန်းတယ်


ဖေဖေက အားပေးအပြုံးနဲ့ ကြည့်တယ်
ကိုကြီးက လှိုက်လှဲစွာ တွန်းပို့တယ်
ညီမလေးက ကဗျာရူးလို့ အရယ်မျက်နှာနဲ့ ပြောတယ်။

ခုလည်း …
ငါ ကဗျာတွေ ရေးနေတုန်းပဲ
အဲဒီမျက်နှာတွေကို ငါ မြင်နေတုန်းပါပဲ
ဒါပေမယ့် … … ဒါပေမယ့် … …
happy

5 comments:

Kaung Kin Ko said...

ကဗျာလာဖတ်တယ်ဗျို့ ။ :-)

ein said...

ကောင်းတယ် နောဒီကဗျာလေးးး

MELODYMAUNG said...

မာန်လှိုင်းရေ ဒါပေမဲ့ရဲ့ နောက်ကွယ်ကို သိပါတယ်။ ဒါပေမဲ့ နင့်ကဗျာတွေ အားပေးနေတဲ့ သူငယ်ချင်းမောင်နှမ ငါတို့တွေက နဘေးမှာ အမြဲရှိနေမယ်ကွ ဆက်ရေးနော်

မေပျို said...

ကိုညီရေ
သဲကလည်း ကိုညီ့ရဲ့ညီမပဲလေ။ သဲတို့အားပေးနေတာပဲ ။စိတ်မညစ်နဲ့နော်။ ပျော်ရွှင်ပါစေ။

လေးစားစွာဖြင့်
မေပျို

မျှားပြာ said...

ရင်ထဲရောက်သွားတယ် ကိုမာန်လှိုင်းရေ ...
အဆင်ပြေပါစေဗျာ ..။

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes