နွေးထွေးစွာ အေးမြခြင်းများစွာနဲ့ မာန်လှိုင်းငယ်မှ ကြိုဆိုပါသည်။ အကြံပြုချက်များ၊ ဝေဖန်စာများကိုလည်း ကြားချင်ပါသည်။

Tuesday, November 20, 2007

နိယာမတရားရဲ့ ပရိယာယ်

မာန်လှိုင်းငယ်

“နိယာမတရားရဲ့ ပရိယာယ်”

ငါ …
ကြည့်နေတယ်
လေတိုက်ခတ်မှုကြောင့်လား
မြေရဲ့ဆွဲငင်အားကြောင့်လား
ဒါမှမဟုတ်
လောကနိယာမတရားကြောင့်လား
မသိ …
သစ်ရွက်တွေ
ဝေ့ကာဝိုက်ကာ
တဖြုတ်ဖြုတ်ကြွေနေတယ်။

ငါ …
ကြည့်နေတယ်
လေရဲ့ သယ်ဆောင်မှုကြောင့်လား
ရနံ့ သင်းပျံ့မှုကြောင့်လား
ဒါမှမဟုတ်
လောကအမိန့်တော်ကြောင့်လား
မသိ …
လိပ်ပြာတွေ
ဟိုပျံ ဒီဝဲ
ကူးလူးဆက်ဆံ ပန်းဝတ်ရည်ကို သောက်နေတယ်။

ငါ …
ကြည့်နေတယ်
နေရဲ့အပူရှိန်ကြောင့်လား
မြေကြီးရဲ့ ရောင်ပြန်တံလျှပ်တွေကြောင့်လား
ဒါမှမဟုတ်
တောင်ကြီးတောင်မြင့်တွေကြောင့်လား
မသိ …
အဘိုးအိုတယောက်
ဖုတ်လှိုက် ဖုတ်လှိုက်
မောဟိုက်နွမ်းလျစွာ တက်လှမ်းနေတယ်။ ။

မာန်လှိုင်းငယ်

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes