နွေးထွေးစွာ အေးမြခြင်းများစွာနဲ့ မာန်လှိုင်းငယ်မှ ကြိုဆိုပါသည်။ အကြံပြုချက်များ၊ ဝေဖန်စာများကိုလည်း ကြားချင်ပါသည်။

Wednesday, November 14, 2007

ပြောမဆုံးပေါင် တောသုံးတောင် မယုံရင် လာကြည့်လှည့်

မာန်လှိုင်းငယ်

“ပြောမဆုံးပေါင် တောသုံးတောင် မယုံရင် လာကြည့်လှည့်”

ပြောရမယ်ဆိုရင်တော့ ကျနော့်ကို TAG လုပ်တဲ့လူက နှစ်ယောက်ဖြစ်သွားတယ်။ အခု တပြိုင် နှစ်ယောက်စလုံးအတွက် ရေးပေးလိုက်ပါပြီ။ အဲဒါကတော့ ယုံတမ်းစကားတဲ့ဗျာ။ ကဲ ရေးပါပြီ။

ကျနော် ငယ်ငယ်က ရိုးမတောင်တန်းကြီးတွေပေါ်။ ရိုးမတောနက်တွေထဲ ကျနော့် ဘိုးဘိုးမုဆိုးတွေနဲ့ လိုက်သွားတယ်။ အမြဲတမ်း သူတို့နောက်ကို လိုက်နေရလို့လား မသိဘူး။ ကျနော်စိတ်က မုဆိုးလို ဖြစ်လာပါရော။ ဖြစ်မှာပေါ့လေ။ အဘိုးမုဆိုးတွေက သင်ပေးတာကိုး။ အတွေ့အကြုံတွေ။ ရိုးမတောတွေ ရဲ့ အကြောင်း။ ကျားမုဆိုးနဲ့ လူမုဆိုးတွေ တွေ့ရင် ဘယ်လိုလုပ်ရသလဲဆိုတဲ့ အကြောင်းတွေ ထပ်ခါ ထပ်ခါ သိဖန်များလာလေ ကျနော် မုဆိုးစိတ်ဝင်လာလေလေဆိုတော့ ဒါကြောာင့် ငယ်ငယ်လေးနဲ့ မုဆိုးရင့်မကြီးလို သွက်သွက်လတ်လတ်။ ရဲရဲဝံ့ဝံ့ သွားလာလှုပ်ရှားနိုင်နေတာပါ။

မုဆိုးတယောက်မှာ ရှိသင့် ရှိအပ်တာလေးတွေကို အရင်ပြောပြမယ်ဗျာ။ မုဆိုးတို့မည်သည် ...

၁။ သက်လုံကောင်းရမယ်။
၂။ ပါးနပ်ရမယ်။
၃။ တောတောင်ရေမြေသဘာဝကို နားလည်ကျွမ်းကျင်ရမယ်။
၎။ သတိအမြဲတမ်းရှိရမယ်။
၅။ စိတ်ရှည်နိုင်မှု။ စိတ်အေးအေး တည်ငြိမ်အောင် ထားနိုင်ရမယ်။
၆။ ပစ္စည်းစုံ (တောလိုက်တဲ့အခါ ပါရမယ့် လက်နက်တွေ) ပါရမယ်။
၇။ သတ္တိနဲ့ ဆင်ခြင်ဥာဏ်ရှိရမယ်။
၈။ သားကောင်တွေရဲ့ သဘာဝအခြေအနေကို သိရမယ်။
၉။ စည်းကမ်းတွေကို သိတတ်။ နားလည်ရမယ်။
၁၀။ သေနတ်ပစ်တဲ့အခါ လက်ဖြောင့်ရမယ်။ မှန်ကန်ရမယ်။

စသည် စသည်ဖြင့် ရှိရမှာပေါ့။ ဒီလောက်ဆို လုံလောက်ပါပြီး။ ကျနော် မုဆိုး။ မုဆိုးကျနော် ဘ၀လေးကို ပြောပြပါတော့မယ်။

တနေ့မှာ ...

ကျနော့် ဘိုးဘိုးက ကျနော့်ကို ခေါ်ပြောတယ်။
“လူကလေး... ဘိုးဘိုးတို့ တောလိုက်ထွက်ကြမယ်တဲ့။ အဲဒါ လူကလေး လိုအပ်တာတွေ အကုန်လုပ်ထားပါ”တဲ့။ ကျနော်ကလည်း
“စိတ်ချ ဘိုဘိုးရေ... အခုပဲ သွားလုပ်လိုက်ပါ့မယ်။” စိတ်က မုဆိုးလိုက်ရမယ်ဆိုတော့ ပျော်လိုက်တာများ ဘယ်လိုပြောရမလဲတောင် မသိတော့ဘူး။ အရမ်းအရမ်းကို ပျော်ရွှင်မိတယ်။ ဒါကြောင့် လိုအပ်တာတွေကို လုပ်ပြီးတာနဲ့ ဘိုးဘိုးဆီ သွားပြီး။
“အားလုံးပြီးပါပြီ၊ ဘိုးဘိုးရေ။ သွားဖို့ အဆင်သင့်ပါပဲ” လို့ ကျနော်ပြောလိုက်ပါတယ်။ ဘိုးဘိုးက နေဦး နေဦး။
“မင်းဦးလေး။ မင်းဘကြီးတွေကို စောင့်ကြတာပေါ့”။
ဒါဆိုလည်း စောင့်ရတာပေါ့။ မကြာပါဘူး။ ဘကြီးတော်တွေ။ ဦးလေးတော်တွေ ရောက်လာပါတယ်။ အားလုံးပေါင်း မများပါဘူး။ ကျနော်နဲ့ ဘိုးဘိုးအပါအ၀င် ငါးယောက်ထဲပါ။


တောထဲကို ၀င်ပါပြီး။ အော် ... မေ့နေလို့ တောထဲ မ၀င်ခင် တောစပ်နားမှာ တောစောင့်နတ်တွေ။ တောင်စောင့်နတ်တွေကို ပူဇော်ကန်တော့ရသေးတယ်ဗျာ။ အဲလို မလုပ်ရင် ဘာသားကောင်မှ မရဘူး လေ။ ဒါကြောင့် မုဆိုးတိုင်း။ မုဆိုးတိုင်း အဲဒီလို ပူဇော်ကန်တော့ပွဲတွေ လုပ်ပြီးတာနဲ့ တောကို ၀င်ရစမြဲ၊ ဒါနဲ့ ကျနော်တို့ ငါးယောက်လည်း ငါးမိနစ်လောက် ပူဇော်တာတွေ။ ကန်တော့တာတွေ လုပ်ကြတယ်။

ပြီးတာနဲ့ ... တောကို ကျနော်တို့ ငါးယောက် စ၀င်ပါတော့တယ်။ တောစ၀င်တာနဲ့ သားကောင်း တကောင်တမြီးမှလဲ မတွေ့ပါဘူး။ ဒါနက် တောနက်ထဲကို ၀င်သထက် ၀င်ကြတယ်။ ကြာလေနက်လေ ကြာလေနက်လေပေါ့ဗျာ။ ဒါနဲ့ ဘိုးဘိုးက
“ဟေ့ အားလုံး ခဏနေကြဦး၊ ငါတို့ ဆက်ဝင်ရင် မလွယ်ဘူး”တဲ့။ ကျနော်ကလည်း
“ဟာ ... ဘိုးဘိုးကလည် ၀င်လာခဲ့မှတော့ ဆက်ဝင်ကြတာပိုကောင်းတယ်”လို့ ပြောလိုက်တော့ ဘိုးဘိုး စိတ်တိုတယ်ဗျ။
“အေး မင်းဝင်ချင်ရင် မင်းဟာမင်း ဆက်ဝင်တဲ့” ကျနော့်ကို အဲလိုပြောတယ်။ ကျနော်ကလည်း ဘယ်ရမလဲ။ စိတ်ကလည်း တိုနေပြီဗျ။ သားကောင်တကောင်မှမတွေ့လို့လေ။ ပြန်စဉ်းစားတယ်။ ကျနော်တို့ကပဲ မှားတာလား။ တောနတ်။ တောင်နတ်တွေကပဲ ကျီစားတာလားတော့ မသိတော့ဘူး။ ထက်ပြီးတော့လည်း မစဉ်စားတော့ဘူး။ ကျနော်လည်း ကိုယ့်ဟာကို တယောက်ထဲ ဆက်ဝင်လိုက်တယ်။ မိုင်း နှစ်ရာကျော်ကျော်လောက်လည်း ရောက်ရော။ သားကောင်တကောင်ကို တွေ့လို ကျနော်က ပစ်မှတ်ကိုချိန်တယ်။ သားကောင်းကလည်း လည်တယ်ဗျ။ ကျနော် သူ့ကို ပစ်မယ်ဆိုတာ သိလို့မလားမသိဘူး။ ကျနော့်ကို ပြန်ကြည့်တယ်။ အားပါးပါး တခါမှ အဲလို သားကောင် ကြည့်တဲ့ မျက်လုံးကို မမြင်ဖူးဘူး။ ကျနော်က ချိန်တယ်။ သူက ကြည့်တယ်။ ပြေလည်း မပြေးဘူး။ ဒါနဲ့ ပစ်မှတ်ထဲဝင်တာနဲ့ မောင်းကို ဆွဲလိုက်တာ “ဒိုင်း”ဆို တည့်တည့်ပါပဲ ထိသွားတယ်။ ဖြစ်ချင်တော့ သားကောင်ရဲ့နောက်မှာ ချောက်ရှိနေတာ မသိဘူးဗျ။ သားကောင်ကျသွားမှ သိလိုက်တာ။

ချောက်ကမ်းပါက အောက်ကို မမြင်ရဘူး။ ဒါနဲ့ ကျနော်လည်း တကောင်းထဲရတယ်ဆိုတော့ ဘယ်အလွတ်ခံမလဲ။ စဉ်းစားကြည့်လေ။ ကျနော်လည်း ဘာမှ မစဉ်းစားတော့ဘူး။ မုဆိုးတို့ သတိနဲ့ပဲ ဆင်းတယ်။ တော်တော်ဆင်းရတယ်။ အောက်ရတော့ ကျသွားတဲ့ သားကောင်ကို မတွေ့ဘူး။ ဘယ်ရောက်လို့ ဘယ်ပျောက်နေလည်း ဆိုတာလည်း မသိဘူး။ တခုတော့ သိလိုက်တယ်။ ကျောတလျှောက် တဖြန်းဖြန်း ကြက်သီးထခဲ့တယ်။

အတွေးပါ တပါတည်း ၀င်လာတော့တယ်။ ငါတော့ တောခြောက်ခံရပြီပေါ့။ ဆက်ရှာလည်း မတွေ့ပဲကို။ ကျနော် အပေါ်ကို ပြန်တတ်ခဲ့တယ်။ ပြန်တတ်တော့ တ၀က်လောက်မှာပဲ ဂူတဂူကို တွေ့တယ်။ စိတ်ထဲမှာ ဇဝေဇ၀ါဖြစ်သွားတယ်။ ငါ ဆင်းလာတော့ မတွေ့ဘူး။ အခုမှ ဘာဖြစ်လို့ တွေ့တာလဲပေါ့။ တခါ ကြက်သီးထပြန်ပြီ။ စိတ်ကလည်း စူးစမ်းချင်ပြန်ရော။ ကျနော်လည်း အထဲကို ၀င်သွားတယ်။ ၀င် ၀င်ချင်း မှောင်နေတယ်။ မျက်စိကျင့်သားရသွားမှ အထဲကို ဆက်ဝင်တယ်။ ၀င်လေလေ အေးလာ လေလေ။ အထဲရောက်လေ ပိုအေးလေပေါ့ဗျာ။ သတ္တိတော့ အကောင်းသား။ ဆက်ဝင်ဖို့ပဲ ရှိတယ်။ အန္တရာယ်ရှိတယ်ဆိုတာ မစဉ်းစားဘူး။ ကျနော့်စိတ်ကို အဲဒီထဲပဲ ၀င်အောင် သွေးဆောင်နေတာကို။

ဟော် ... အလင်းကို တွေ့ပြီ။ ခြေလှမ်းတွေက ပိုသွက်လာတယ်။ ဘယ်ဟုတ်လဲ ... အဲဒီအလင်းက ဘာအလင်းလဲ သိလား။ နေရောင်ခြည်အလင်းမဟုတ်ဘူး။ တကယ့် ရတနာသိုက်က ထွက်လာတဲ့ အလင်းတွေပါ။ အံ့သြသွားလား ... ကျနော်ကတော့ ကိုယ့်မျက်စိကို ကိုယ်မယုံရဲဘူး။ ပြန်ပွတ်တယ်။ ကိုယ့်အသားကိုယ် ပြန်ထိတော့မှ တကယ်ပါလားပေါ့။

ကဲ ... ကျနော် ဘာဆက်လုပ်သလဲဆိုတာ စဉ်းစားကြပေတော့ဗျာ။ ပြောမဆုံးပေါင် တောသုံးတောင်။ မယုံရင် လာကြည့်လှည့်ပေါ့။ ဟုတ်.. တယ်.. ဟုတ်။

အင်း ဒီလောက်ဆို မေပျို နဲ့ မဆုဝေလည်း ကျေနပ်လောက်ရောပေါ့။ အခု ပြန် tag မယ့် လူတွေကို စဉ်းစားလိုက်တယ်။ တွေ့ပါပြီး။ အောက်မှာပါ ....

၁။ နှင်းသဇင်
၂။ ကိုရွာသား
၃။ တော့တိုးချန်

တို့ပဲ ဖြစ်ပါတယ်ဗျာ။ ဘယ်လိုလဲ ရေးမယ်မဟုတ်လား။

မာန်လှိုင်းငယ်

4 comments:

မေပျို said...

မုဆိုးကြီးရှင့်
ရတနာသိုက်တွေ့ရင်လည်း သဲတို့ကို ခွဲဝေပေးသင့်ပါတယ်။ သဲတို့က tag ထားတာ မဟုတ်လား။ သဲတို့က ကျေးဇူးရှင်ဆိုတော့ မဆုဝေနဲ့သဲကို တစ်ယောက်တ၀က်စီ ခွဲပေးပြီး အကိုက မယူနဲ့ပေါ့နော်။ ကောင်းတယ်မဟုတ်လား။

Chaos said...

အောင်မယ်ရတနာသိုက်တွေ့တဲ့
ကိုမာန်လှိုင်း
ကျွန်မကို all star ၀ယ်ဖို့
မုန့်ဖိုးပေးရင်ကျေနပ်ပြီရှင်

သုလွန်းအိမ် said...

မာန်လှိုင်းငယ်ရေ .. တော့တိုးမှာ မနက်ဖြန် အပြီးသတ်ရမယ့် အလုပ်လေးရှိနေလို့ အဲ့ဒါလေးရှိနေရင် ရေးပါ့မယ်ရှင် .. okie?

Winkabar said...

ကောင်းရော အစ်ကိုရေ။ အဲဒါကြီးကိုသယ်တာနိုင်ရဲ့လား။ ၀ိုင်းသယ်ပေးမယ်လေ။ ခွဲပေးမလား။ တစ်ယောက်နည်းနည်းစီအားလုံးကိုပေးပါလား။ :P

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes