နွေးထွေးစွာ အေးမြခြင်းများစွာနဲ့ မာန်လှိုင်းငယ်မှ ကြိုဆိုပါသည်။ အကြံပြုချက်များ၊ ဝေဖန်စာများကိုလည်း ကြားချင်ပါသည်။

Friday, October 19, 2007

တိုက်တွန်းခြင်း

မာန်လှိုင်းငယ်

သီချင်းတပုဒ်ကို နားထောင်ကြည့်စေချင်တယ်။ သီချင်းလေးခေါင်းစဉ်က `သနပ်ခါး´ဖြစ်ပါတယ်။ ကျနော်တို့ မြန်မာအမျိုးသမီးတွေ သနပ်ခါးလိမ်းလိုက်တဲ့အခါ လှပသွားကြတယ်။ မလှတဲ့သူတွေတောင်မှ ကြည့်လို့ကောင်းသွားတယ်။ ဒီသနပ်ခါးသီချင်းကို ကျနော်နားထောင်လိုက်တိုင်း။ ရင်ခုန်တယ်။ ကြည်နူးတယ်။ ပီတိဖြစ်တယ်။ လွမ်းဆွတ်မိတယ်။ ဒီသီချင်းကို ကျနော် တင်ထားတာ ကြာပါပြီး အခု ပြန်ပြီးတော့ လင့်ပြန်လုပ်ထားပါတယ်။ ကျနော့် ညီအကိုမောင်နှမ။ ရောင်းရင်းတွေ အားလုံးကို ပြန်နားထောင်စေချင်တဲ့ ဆန္ဒနဲ့ပါ။ သီချင်းကိုတော့ ဘေးမှာ လင့်ခ်တင်ထားပါတယ်။ နားထောင်ကြည့်ကြပါဗျာ။ မြန်မာအမျိုးသမီးတွေအတွက် ဂုဏ်ယူစရာပေါ့။ မဟုတ်ဘူးလား။ ဒါကတော့ ကျနော့်အထင်ပါ။

5 comments:

Chaos said...

သီချင်းနားထောင်
စာဖတ်ပြီး
သနပ်ခါးပြေးလိမ်းရမလားဆိုပြီး
ဗျာများနေရကြောင်းပါ
ကိုမာန်လှိုင်း

သုလွန်းအိမ် said...

အဲဒီသီချင်း အရမ်းကြိုက်ပါတယ်။ သနပ်ခါးလဲ အရမ်းကြိုက်ပါတယ်။ ခုတော့ မလိမ်းရတာ ၂ နှစ်ရှိပေါ့။ ကျေးဇူးနော =)

hnin said...

သနပ်ခါးက မြန်မာ့ရိုးရာဖ်ြတဲ့အပြင် ငယ်ငယ် လူမှန်းမသိခင်ကတည်းက လိမ်းခဲ့ရတော့ အရမ်းနှ်သက်တာ။ အဲဒီသီချင်းလေးရောပေါ့။ သိုးလေးဆို အဲဒီသီချင်းကို အလုပ်လုပ်တိုင်း auto play လုပ်ထားလို့ နင့်ဟာက ဒါချည်းပဲ လို့တောင် အပြောခံရတယ်။ မာန်လှိုင်းငယ်လည်း ကဗျာဝါသနာပါတယ်နော်။ ၀ါသနာတူ တွေ့ရတော့ အရမ်းဝမ်းသာတယ်။ သိသုးလေးကတော့ အခုတလော အရှုပ်တွေ လုပ်နေရလို့အားဘူး။ ဒါပေမဲ့ တွေ့တာနဲ့ ခု လာဖတ်တာပဲ။ နောက် တစ်ပတ်ကျော်လောက်ဆိုရင်တော့ အေးအေးဆေးဆေးဖတ်လို့ရပြီ။ ကဗျာတွေ အကုန်ပေါ့။

tuzzaung said...

သနပ်ခါးသီချင်းလေးကြိုက်တယ်။နောက်ထပ်ကြိုက်တဲ့သီချင်းကတွံတေးသိန်းတန်ရဲ့´´အမေ့ပါးကသနပ်ခါး´´ဘယ်မှာမှရှာမရလို့။

Winkabar said...

သီချင်းကအရမ်းအဓိပ္ပာယ်ရှိတာပဲ။ တစ်ခါတည်းနဲ့အလွတ်ရသွားပြီ။
"အမြဲတမ်းပြုံးနေလိုက်ပါ။ ရိုးရိုးလေးမင်းမျက်နှာ ကမ္ဘာကျော်တောင်မမှီနိုင်ဘူးကွာ" အဲဒီတစ်ကြောင်းအကြိုက်ဆုံးပဲ။
ရိုးရိုးလေးကဘယ်တော့မှမရိုးနိုင်ပါဘူး။

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes