နွေးထွေးစွာ အေးမြခြင်းများစွာနဲ့ မာန်လှိုင်းငယ်မှ ကြိုဆိုပါသည်။ အကြံပြုချက်များ၊ ဝေဖန်စာများကိုလည်း ကြားချင်ပါသည်။

Thursday, November 29, 2007

(၉၂)နှစ်ပြည့် အဖွားမာသို့ မြေးတယောက်ရဲ့ ပန်ကြားစာ

မာန်လှိုင်းငယ်

(၉၂)နှစ်ပြည့် အဖွားမာသို့ မြေးတယောက်ရဲ့ ပန်ကြားစာ



(အဖွားမာရဲ့ (၉၂)နှစ်ပြည့် မွေးနေ့ကို ဂုဏ်ပြုခြင်း)


အဖွားမာ ...
ကျနော် စာတော ကဗျာတောထဲ
မရဲတရဲ တိုးဝင်စမှာ ...
အဖွားမာရဲ့စာပေကို နှစ်ခြိုက်စွာ ဖတ်ရတယ်။

အဖွားမာ ...
အဖွားမာရဲ့ တစ်သက်တာထဲမှာ
အဖွားမာရဲ့ စာပေချစ်မှု
အဖွားမာရဲ့ အနုပညာမြတ်နိုးမှု
အဖွားမာရဲ့ ငြိမ်းချမ်းမှု စကားတွေကို
မြတ်မြတ်နိုးနိုး ရင်ထဲမှာ ထာဝစဉ် သိမ်းထားခဲ့ပါတယ်။

အဖွားမာ ...
ဆရာအောင်ဝေးလိုတော့ မတားပါဘူး
ဒါပေမယ့်
အဖွားမာ မြင်လိုတဲ့ ဒီမိုကရေစီရတဲ့အထိတော့
ကျနော်တို့နဲ့ အတူ
ရင်အုပ်မကွာ ထွေးပိုက်ရင်း ရပ်တည်ပေးသွားပါဦး ... အဖွားမာ။

အဖွားမာ ...
အဆုံးအစမဲ့တဲ့ ကောင်းကင်ပြာပြာအောက်မှာ
စက်တင်ဘာမျက်ရည်တွေ မီးတောက်ခဲ့ရတယ်
သံဃာ့သင်္ကန်းတွေ သွေးစွန်းခဲ့ရတယ်
ပြည်သူတွေရဲ့ တောက်ခေါက်သံတွေ လမ်းမတွေပေါ် လှိုင်းထန်ခဲ့ရတယ်။

အဖွားမာ ...
ဒီလှိုင်းရဲ့ အားမာန်နဲ့
ငွားငွားစွင့်စွင့် ရွက်လွှင့်လာမယ့်
သံဃာ့သွေး၊ ခွပ်ဒေါင်းသွေးတွေရဲ့ သစ္စာတရားဟာ
စစ်အစိုးရရဲ့ စစ်ဝါဒကို
ပြာပုံဘ၀ရောက်သည်အထိ နိဂုံးချုပ်သွားစေမယ့်နေ့ကို
စောင့်ကြည့်ပေးသွားပါဦး ... အဖွားမာ။

မာန်လှိုင်းငယ်
၂၀၀၇ ခုနှစ်၊ နိုဝင်ဘာလ (၂၉)ရက်။

1 comments:

Anonymous said...

အဖွားမာ ကျန်းမာရွှင်လန်းစွာနဲ့ သက်တော်ရာကျော်ရှည်ပါစေလို့ ဆုတောင်းပေးပါတယ်။ အမေတစ်ယောက်လို မေတ္တာမျိုးနဲ့ အမြဲတမ်း ဆုံးမလေ့ရှိတဲ့ အဖွားစာတွေကို ကျွန်မလည်း သိပ်ကြိုက်တယ်။ သူရဲကောင်း အဖွားမာနဲ့လူထုဦးလှကို အာဇာနည်စာရင်းသွင်းထားပြီး လေးစားဦးခိုက်လျုက်ပါ :)

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes