နွေးထွေးစွာ အေးမြခြင်းများစွာနဲ့ မာန်လှိုင်းငယ်မှ ကြိုဆိုပါသည်။ အကြံပြုချက်များ၊ ဝေဖန်စာများကိုလည်း ကြားချင်ပါသည်။

Saturday, November 17, 2007

အနိုင်နဲ့ အရှုံး

မာန်လှိုင်းငယ်

“အနိုင်နဲ့ အရှုံး”

အနိုင်အတွက်
ပျော်ရွှင် ဟစ်ကြွေးလိုက်ပါ
ဒါပေမယ့်
ဘ၀ကို မစိန်ခေါ်လိုက်ပါနဲ့ ...။

အရှုံးအတွက်
ငိုရင်း အော်ဟစ်လိုက်ပါ
ဒါပေမယ့်
ဘ၀ကို မကန်ထုတ်လိုက်ပါနဲ့ ...။

တခုတော့ရှိတယ်
အဲဒါ
အနိုင်နဲ့ အရှုံးကို
ဖြိုလှဲဖို့
ခိုင်မာမှုနဲ့ ယုံကြည်မှုပါပဲ။ ။

မာန်လှိုင်းငယ်

2 comments:

Chaos said...

ခိုင်မာမှုနဲ့ယုံကြည်မှု
အရေးကြီးဆုံးနှစ်ခုပေါ့
လက်မလွှတ်လိုက်နဲ့
မြဲမြဲသာဆုပ်ကိုင်ထားလိုက်ပါ
ကိုမာန်လှိုင်းငယ်

Winkabar said...

ကောင်းတယ်ကိုမာန်လှိုင်းငယ်။ အတွေးက။

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes