နွေးထွေးစွာ အေးမြခြင်းများစွာနဲ့ မာန်လှိုင်းငယ်မှ ကြိုဆိုပါသည်။ အကြံပြုချက်များ၊ ဝေဖန်စာများကိုလည်း ကြားချင်ပါသည်။

Thursday, November 1, 2007

လ နှင့် မြေ

မာန်လှိုင်းငယ်

“လ နှင့် မြေ”

ကောင်းကင်က လမင်းလေး
မင်းကို တွေ့လိုက်တိုင်း
ငါဟာ ဘာဖြစ်ပါလိမ့်နော်။

ဟ ... ဟ ... ဟ
ရယ်(ရီ)ရပါတယ်ကွာ
မင်းမို့လို့ ကောင်းကင်က
လမင်းကိုမှ မော်ဖူးနေရတယ်လို့
ကောင်းပါပေ့ မြေကြီးရာ။

မင်း ...
နေ့စဉ်နေ့တိုင်းပဲ
မော်ဖူးစေလေ။

ဟေ့ ....
မင်း စဉ်းစားကြည့်
သူဟာ လမင်းလားကွာ
သူဟာ ဘာပဲဖြစ်ဖြစ်လေ
ငါကတော့ မြေကြီးမှ မြေကြီးရယ်။

ကောင်းကင်မှ ငွေစန္ဒာ
ငွေစန္ဒာနဲ့ မြေကြီးဟာ
ထင်မှတ်တော့ နီးနီး
လက်တွေ့တော့ ဝေးဝေးရယ်။

လ နှင့် မြေ ဟာ
မိုင်ထောင်ပေါင်းများစွာ
အလှမ်းဝေးနေလဲ
မြင်နိုင်တာပဲ မဟုတ်ပေလား။

သြော် ....
လ နှင့် မြေ
လ နှင့် မြေ ရယ်။ ။

1 comments:

Kaung Kin Ko said...

ဒီကဗျာလေးက ကျွန်တော်နဲ့ သွားတိုက်ဆိုင်တယ်ဗျို့ ။ :-( ကျွန်တော့်ကောင်မလေးနာမည်က …. ခံစားရတယ်ဗျာ။

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes