နွေးထွေးစွာ အေးမြခြင်းများစွာနဲ့ မာန်လှိုင်းငယ်မှ ကြိုဆိုပါသည်။ အကြံပြုချက်များ၊ ဝေဖန်စာများကိုလည်း ကြားချင်ပါသည်။

Wednesday, December 31, 2008

တူတူပျော်ပျော်

မာန်လှိုင်းငယ်

ကဲ … …
နှစ်သစ်ကို ကြို၊ လူတွေ ပျော်ဖို့
နွှဲလိုက်ရအောင်၊ ဒီညမှာပေါ့
တူတူပျော်ပျော်၊ ယှဉ်ကာတွဲကာ။


ဝိုင်းကြီးပတ်မယ်၊ မီးပုံနံဘေး
ဆိုကြမယ် ဟေ့၊ သီချင်းကို ကွယ်
တူတူပျော်ပျော်၊ ခုန်ကာကကာ။

ဝိုင်းထိုင်လိုက်မယ်၊ မီးပုံနံဘေး
ဂီတာကို တီး၊ လူတွေ မူးလို့
တူတူပျော်ပျော်၊ အော်ကာဟစ်ကာ။

ကဲ … …
အားလုံး အတူ၊ အော်လိုက်ရအောင်
ဝမ်း တူး သုံး …
`ဟတ်ပီး နယူး ရီးရား´၊ `၂ ၀ ၀ ၉´
`ဟတ်ပီး နယူး ရီးရား´၊ `၂ ၀ ၀ ၉´။

ကဲ … …
နှစ်သစ်ရောက်ပြီ၊ နိုးထကြစို့
နှစ်သစ်မနက်၊ ပျော်မြူးကြဖို့
သူငယ်ချင်းတို့ … … ။ ။

၂၀၀၈ ခုနှစ်၊ ဒီဇင်ဘာလ (၃၁)ရက်။

2 comments:

su wai said...

ဒီည ၁၂ နာရီတိတိမှာ တူတူအော်ကြမယ် ကိုမာန်လှိုင်းရေ… Ready… 1 … 2 … 3 ………
HAPPY NEW YEAR …………………… !

pandora said...

မာန်လှိုင်းရေ မင်္ဂလာ နှစ်သစ်ပါ

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes