နွေးထွေးစွာ အေးမြခြင်းများစွာနဲ့ မာန်လှိုင်းငယ်မှ ကြိုဆိုပါသည်။ အကြံပြုချက်များ၊ ဝေဖန်စာများကိုလည်း ကြားချင်ပါသည်။

Friday, February 13, 2009

မေမေ့ကို သားတို့ ပြောချင်ပါတယ်

မေမေ
ဖေဖော်ဝါရီ ( ၁၄ ) ဆိုတဲ့ ဒီလ၊ ဒီရက်မှာ
မေမေဟာ သားတို့ မောင်နှမတွေကို ခွဲခွာခဲ့တာ ( ၅ )နှစ် ပြည့်ခဲ့ပြီ
မေမေဟာ ဖေဖေ့ကို ခွဲခွာခဲ့တာလည်း ( ၅ )နှစ် ပြည့်ခဲ့ပြီပဲ
မေမေ့ကို သားတို့ ပြောချင်ပါတယ်။

မေမေ
မေမေဟာ သားတို့အပေါ် ကျေးဇူးကြီးမားမြင့်မြတ်ခဲ့သူ
မေမေဟာ သားတို့နှလုံးအိမ်ထဲ ထာဝစဉ် ရှင်သန်နေသူဆိုတာ
မေမေ့ကို သားတို့ ပြောချင်ပါတယ်။

မေမေ
မေမေဟာ သားတို့မျက်စိအောက်က ပျောက်ကွယ်သွားပေမယ့်
မေမေဟာ သားတို့ရဲ့ ရင်ထဲ၊ အသည်းထဲမှာ ထာဝရရှိနေသူဆိုတာ
ဒါကို …
မေမေ့ကို သားတို့ ထပ်လောင်းပြောချင်ပါတယ် … မေမေ။

မာန်လှိုင်းငယ်

My mother's invitation

ကျနော့် မေမေ နှစ်ပတ်လည် (၅)နှစ်ပြည့် ဆွမ်းကျွေးတရားနာ အလှူလုပ်ပါတယ်၊ ကျနော့်သူငယ်ချင်းများ။ ညီအကိုမောင်နှမများအားလုံးကို ဖိတ်လိုက်ပါတယ်ဗျာ။ လာရောက်ကြမယ်လို့ ထင်ပါတယ်။

မာန်လှိုင်းငယ်

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes