နွေးထွေးစွာ အေးမြခြင်းများစွာနဲ့ မာန်လှိုင်းငယ်မှ ကြိုဆိုပါသည်။ အကြံပြုချက်များ၊ ဝေဖန်စာများကိုလည်း ကြားချင်ပါသည်။

Thursday, November 8, 2007

ကပျာကယာ ဂျပန်ကဗျာတရာ အပိုင်း (၆)

(၉၁)
ဖျာကြမ်းတစ်ချပ်ပေါ်မှာ
ငါအိပ်ဆဲ
ပုရစ်အော်သံမစဲ။
ဒီတစ်ညတော့
အင်္ကျီလက်ရှည်ကပဲ
ငါ့ကို ဖက်သိပ်မြဲ။

(၉၂)
ကျောက်ဆောင်ကို ဒီရေဖုံးတယ်
မမြင်ရပေမယ့် ကျောက်ဆောင်ကတော့ရှိမြဲ
ငါ့အင်္ကျီလက်ပေါ် မျက်ရည်ကျတယ်
မမြင်ရပေမယ့် စိုနေဆဲ။

(၉၃)
ကမ္ဘာဟာ ဒီအတိုင်းပဲ
မနေ့ကနဲ့ ကနေ့ ဘာကွာသလဲ
တံငါကလည်းဒီသောင်ပေါ်ကို ပိုက်ဆွဲတင်တယ်
နေ့တိုင်းပဲ။

(၉၄)
မိုးလင်းလုပြီ
ယောရှိနော တောင်ပေါ်က လေတိုက်တယ်
တစ်ရွာလုံးအေးသွားပြီ
တောင်ပြိုသံလည်း ကြားရတယ်။

(၉၅)
သံသရာ ကြုံသမျှ ဒုက္ခ
ကူချင်ပါလျက် ကူမရ
ငါနေတဲ့ ဟေဧဟိ တောင်ပေါ်က
ငါခြုံတဲ့သင်္ကန်း ဖြန့်ပြီး
ခြုံပေးချင်လှ။

(၉၆)
လေထန်ကို မုန်တိုင်းဆင်ရင်
ချယ်ရီတွေ ကြွေလိုက်သမှ တဖွဲဖွဲ
ရွက်ကြွေကိုရှောင်မရ
ဘာထူးလို့လဲ လူ့ဘဝ
အကြွေပေါ် အကြွေဆင့်
အဆင့်ဆင့်။

(၉၇)
ပင်လယ်ကမ်းစပ်မှာ လာပြီး
ဆားချက်ကြတယ်
ငါလည်းမတ္ဆုဟိုကမ်းမှာ
အလိုရမ္မက် ဖြည့်ဖို့
စောင့်နေတယ်။

(၉၈)
ညနေခင်း လေညှင်း
ရေမြောင်းဘေးသစ်ပင်မှ
သစ်ရွက်တွေရဲ့ တိုက်ခတ်သံ
နွေရာသီ ကျန်ပါသေးတယ်။

(၉၉)
သိပ်ကျေနပ်သူ ရှိသလို
ကြည့်မရတဲ့လူလည်း ရှိနေတယ်
ကမ္ဘာလောကဟာ ဒီလိုပဲ
အဆင်ပြေအောင် တွဲပေးနေတယ်။

(၁၀၀)
နန်းတော် တံစက်မြိတ်က
အပင်တွေဟာ
အရင်က ခမ်းနားကြီးကျယ်တာတွေကို
မြင်လိုက်ကြဖူးမှာ ဖြစ်ပါတယ်။

'The End'

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes