နွေးထွေးစွာ အေးမြခြင်းများစွာနဲ့ မာန်လှိုင်းငယ်မှ ကြိုဆိုပါသည်။ အကြံပြုချက်များ၊ ဝေဖန်စာများကိုလည်း ကြားချင်ပါသည်။

Monday, November 19, 2007

လေပြေလေညင်းကလေး

မာန်လှိုင်းငယ်

“လေပြေလေညင်းကလေး”

လေကို ရှူလိုက်သွင်းလိုက်နဲ့
မှုတ်လိုက်ထုတ်လိုက် တရားထိုင်နေတဲ့ လူကို
မြင်ရင်း …
လေပြေလေညင်းကလေးကို
မျှော်လင့်တမ်းတနေရတယ်။

ချွေးသီးချွေးပေါက်နဲ့
မောဟိုက်နွမ်းလျစွာ စီးဆင်းနေတဲ့ ရေကို
ကြည့်ရင်း …
လေပြေလေညင်းကလေးကို
မျှော်လင့်တမ်းတနေရတယ်။

မရုန်းချင် ရုန်းချင်နဲ့
လှုပ်လီလှုပ်လဲ့ လှုပ်ရှားလည်ပတ်နေတဲ့ ပန်ကာကို
ငေးရင်း …
လေပြေလေညင်းကလေးကို
မျှော်လင့်တမ်းတနေရတယ်။

မာန်လှိုင်းငယ်

2 comments:

ပီကေ said...

ပုတ်ခတ်နေတဲ့ လူတွေကြားက
လေပြေလေညင်းကလေးကို
အရမ်းသနားသွားမိတယ်။

Red's Rose Dream said...

ချွေးသီးချွေးပေါက်နဲ့
မောဟိုက်နွမ်းလျစွား စီးဆင်းနေတဲ့ ရေကို
ကြည့်ရင်း...
လေပြေလေညှင်းကလေးကို
မျှော်လင့်တမ်းတနေရတယ်။
အဲ
အဲ့ဒါလေးကို
ြိကိုက်တယ်။
ဆန့်ကျင်ဘက်နှစ်ခုကို ရှင်းရှင်းလေးရေးထားလို့။

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes