နွေးထွေးစွာ အေးမြခြင်းများစွာနဲ့ မာန်လှိုင်းငယ်မှ ကြိုဆိုပါသည်။ အကြံပြုချက်များ၊ ဝေဖန်စာများကိုလည်း ကြားချင်ပါသည်။

Wednesday, October 31, 2007

A Fishing Village

မာန်လှိုင်းငယ်

ဒီအင်္ဂလိပ်ကဗျာကို ကျနော် ဘယ်တုန်းက ရေးဖြစ်သွားတယ်ဆိုတာ မမှတ်မိတော့ဘူး။ ဒါနဲ့ ကျနော် စာအုပ်အဟောင်းတွေကို ပြန်ရှာဖွေရင်း ဒီကဗျာလေးကို ပြန်တွေ့သွားပါတယ်။ ဒါကြောင့် ဘလော့ဂ် သူငယ်ချင်းအားလုံးကို ပေးဖတ်ချင်တာနဲ့ အခု ဒီကဗျာကို တင်လိုက်ပါပြီး။ ကောင်းချင်မှလည်း ကောင်းမယ်။ ဒါပေမယ့် ကျနော် လက်ဆော့ပြီး ရေးဖြစ်သွားတာပါ။ အင်္ဂလိပ်စာတော့ မရဘူးဗျ။ ကဗျာကတော့ နှစ်ပုဒ်ပါ။ ဒါပေမယ့် ကျနော် တစ်ပုဒ်ပဲ အရင်တင်ထားလိုက်ပါတယ်။ ခံစားဖတ်ကြည့်ကြပါဗျာ။

“A Fishing Village”

I get to see a little village.
There's a name, a fishing village.
A very pretty, and ,
the wind's warm and warm.
Likewise, the sea's quiet.
Hence -------
I like to see them,
they warm my heart.
What's it ------
There's a fishing village.
A fishing village's very nice.


Mhan Hlaine Nge

Tuesday, October 30, 2007

အခန်းရဲ့ အနေအထား

မာန်လှိုင်းငယ်

“အခန်းရဲ့ အနေအထား”

အခန်းတံခါးကို ဖွင့်လိုက်တော့
အောက်သိုးသိုး အနံ့အသက်က
မခံသာအောင် ဆိုးဝါး
ပ၀ါကို ထုတ်၊ နှာခေါင်း ပိတ်မှ
အနေအထိုင် သက်သာခဲ့တယ်။

အခန်းထဲ ၀င်တော့လည်း
ခြေချစရာ နေရာမလှပ်
နေရာတိုင်းမှာ အမှိုက်
ဖုန်မှုန့်တွေနဲ့
ဟိုတစု၊ ဒီတစု
စာအုပ်တွေကလဲ
ပြန့်ကျဲ ပက်လက်နဲ့ပါ။

ပြီးတော့ ---
ကုတင်ပေါ်မှာ ဖျာတချပ်
ခေါင်းအုံးတခု၊ စောင်တထည်သာ
နေအရှင်သခင်၊ ဘုရင်မင်းလို
အခန့်သား တည်ရှိနေပေါ့
ဒီလိုတွေ့လိုက်တော့
ရင်မှာ ပြောမပြနိုင်အောင်
ပီတိဖြာဝေခဲ့တယ်။

ဆက်တိုက်မှာပဲ
ကျနော့်ကို ခေါ်နေတဲ့အသံ
“ဟေ့ --- မာန်လှိုင်းငယ် လာလေ
ဒီမှာ မင်းအတွက်နေရာ
Ready ပဲ” တဲ့
ဒီအသံကို ကြားလိုက်ရတော့
ကျနော့်ခမျာ လန့်ဖျန့်သွားခဲ့ပြန်တယ်။

ဩော် --- ဩော်
Ready
Ready
Ready တဲ့
အခန်းထောင့် နေရာတိုင်း
ဆန်းသစ်လှပစွာ မြင်လိုက်ရတဲ့
နေရာပုံစံ အနေအထားဟာ
Ready တဲ့လား။

နှာခေါင်းမှာ အနံ့
မျက်စိမှာ အမှိုက်
နားဝင်ချိုတဲ့ Ready ရယ်
ဖွဲ့စည်းတည်နေတဲ့ ဒီအခန်း
လူ၊ ပိုင်ရှင် မရှိသလိုပါပဲ
တကယ်တော့လဲ
ပိုင်ရှင်ဆိုတဲ့ လူတယောက်
နေထိုင်နေတဲ့ ဒီအခန်း
အခန်းတခန်းပဲ မဟုတ်ပါလား။ ။

မာန်လှိုင်းငယ်
၂၀၀၇ ခုနှစ်၊ အောက်တိုဘာလ (၂၉)ရက်။

ကြားဖူးနားဝ

မာန်လှိုင်းငယ်

“ ကြားဖူးနားဝ”

“ဂြိုလ်မရှိတဲ့ အုပ်
နားဂုတ်ဗိုလ်ဖြစ်”

“အနှစ်မရှိတဲ့ တော
ကြက်ဆူမင်းဖြစ်”တဲ့
ကျနော် ကြားဖူးနားဝရှိခဲ့တယ်။

ခု ----
လက်တွေ့မှာတော့
စစ်အာဏာရှင်တွေ
အာဏာကို ဖက်ထားလို့
လက်နက်နဲ့ ခွေးတွေကို ကိုင်ပြီး
နိုင်ငံနဲ့ ပြည်သူ၊ သံဃာတော်များကို
ဂုတ်သွေးစုပ်၊ ရက်စက်နေ
သွန် လို သွန်၊ မှောက် လို မှောက်
ဥပဒေမဲ့ ရမ်းကားလိုက်ကြတာ ---- ။

ဒါတင်မက
အိမ်နီးချင်းနိုင်ငံအနက်
တရုတ်ကို ဖထွေးခေါ်
အိန္ဒိယကို မိထွေးလို ကိုးကွယ်နေကျတယ်။

အတိတ်က
ကြားဖူးနားဝ
ပစ္စုပ္ပန်မှာတော့
နဖူးတွေ့၊ ဒူးတွေ့ပါပဲ။ ။

မာန်လှိုင်းငယ်
၂၀၀၇ ခုနှစ်၊ အောက်တိုဘာလ (၂၅)ရက်။

ပတ်ဝန်းကျင်နှင့် လိုက်လျှောညီထွေ ရှိမူ

မာန်လှိုင်းငယ်

“ပတ်ဝန်းကျင်နှင့် လိုက်လျှောညီထွေ ရှိမူ”

မိမိကိုယ်ကို လေးစားမူမရှိဘဲ သူတစ်ပါးတို့၏ လေးစားမူကို ရရှိဖို့ဆိုသည်မှာ မဖြစ်နိုင်ပေ။ ဘ၀တစ်လျှောက်လုံး အောင်မြင်မူရရှိဖို့လည်း မဖြစ်နိုင်ပေ။မိမိကိုယ်ကို လေးစားမူ ရရှိဖို့ ဆိုသည်မှာလည်း လောကတွင် အခက်ခဲဆုံး ဖြစ်ပါသည်။
အကယ်၍ သူတစ်ပါးတို့၏ လေးစားမူကို ရရှိဖို့အတွက် မိမိကိုယ်ကို မိမိ ဆန်းစစ်ရပေမည်။ စဉ်းစားဆင်ခြင် ရပေမည်။ ဘာကို စဉ်းစားဆင်ခြင်၊ ဆန်းစစ်ရမည်ဆိုလိုရှိရင် မိမိရဲ့အကျင့်၊ စာရိတ္တ၊ ဣနြေ္ဒ သိက္ခာ၊စည်းကမ်း၊ စသည့်တို့နဲ့ ပြည့်စုံမူရှိမရှိ ဆိုတာကို စမ်းစစ်ရပေမည်။ နောက်ပြီး ပညာအရည်အချင်း၊ ဗဟုသုတ ကြွယ်ဝမူ၊ ဥာဏ်ရည်ထက်မြက်မူစသည်တို့တွင် အားလုံးနဲ့လည်း ပြည့်စုံရပေမည်။ ဒါတွေအားလုံး ပြည့်စုံလို့ရှိရင် သူတစ်ပါးတို့၏ လေးစားမူကို ရရှိမည်မှာ ဧကန်မလွဲ ဖြစ်ပေမည်။မိမိရဲ့ ဆွေမျိုးအသိုင်းအ၀ိုင်းများထဲက လေးစားကိုလည်း ရရှိလာရပေမည် ဒါတွေမကသေးဘူး မိမိဘ၀တစ်လျောက်လုံး အောင်မြင်မူ၏ လမ်းစကို ရရှိဖို့ နည်းလမ်းကို ရောက်မည်မှာ အမှန်ပေဖြစ်ပေလိမ့်မည်။ ဘာကြောင့်လဲဆိုရင် မိမိမှာအကျင့်၊ စာရိတ္တတွေအားလုံးနဲ့ ပြီးပြည့်စုံပြီး ဖြစ်နေတဲ့အတွက်ကြောင့် ပါပဲ။ မည်သို့ပင်ဖြစ်စေ မိမိဟာ သူတစ်ပါးတို့၏ လေးစားမူကို ရရှိဖို့ ဆိုသည်မှာ လွယ်ကူတဲ့ အရာမဟုတ်ချေ။ ဘ၀တစ်လျောက်လုံး၏ လမ်းစကို ရရှိဖို့ ဆိုတာလည်းမဖြစ်နိုင်ချေ။
မိမိကိုယ်ကိုလေးစားမူရရှိဖို့ ဆိုသည်မှာလည်း လောကတွင် အခက်အခဲဆုံးဖြစ်သည်။ဒါကို လူသားတိုင်း အလေးအနက် ထားရပေမည်။ ဆင်ခြင်ရမည်။ လောကတွင် မိမိသည် သူတစ်ပါး၏ လေးစားမူကို ရရှိသည့်တိုင် မိမိသည် သူတစ်ပါး၏ လေးစားမူကို အလေးအနက်မထားပါက သူတစ်ပါး၏ ကဲ့ရဲ့မူကိုခံရပေမည်။ သူတစ်ပါး၏ လေးစားမူပြုသည့်ကို ခံယူပြီး အလေးအနက် ထားပါက မိမိဘ၀တစ်လျောက်လုံးလည်း အောင်မြင်မူကို ရရှိလာပေမည်။

မာန်လှိုင်းငယ်

မညှိုးနဲ့ အပြုံး

မာန်လှိုင်းငယ်

“မညှိုးနဲ့ အပြုံး”

ဒီအပြုံး ---
နှုတ်လွှာနှစ်ချပ်ဝက အပြုံး
သံလိုက်စက်ကွင်းပမာ
ဆွဲဆောင်စွမ်းအားရှိတဲ့
အပြုံးပန်းတစ်ပွင့်
မြင်သူတကာ ငေးမောလှပပေတယ်။

ဒီအပြုံး ---
နေ့စဉ်ရက်ဆက်
ပြုံးနေတဲ့ အပြုံး
ငါ မြင်နေရသည်ပင်
လိုက်မောပီတီဖြစ်မိတယ်။

တဖန်
အပြုံးပန်းတစ်ပွင့်
ညှိုးမသွားအောင်
မစရက်၊ မဆိုရက်
တိတ်တိတ်ဆိတ်ဆိတ်နဲ့
နဘေးနားမှာ ကြည့်နေချင်သူဖြစ်တယ်။ ။

မာန်လှိုင်းငယ်
၂၀၀၇ ခုနှစ်၊ အောက်တိုဘာလ (၂၄)ရက်။

ရှေ့ဆောင်လမ်းပြ ကြယ်လေး

မာန်လှိုင်းငယ်

“ရှေ့ဆောင်လမ်းပြ ကြယ်လေး”

ခိုင်ခိုင်မာမာ တွေ့ရှိနေတာက
သူငယ်ချင်းတယောက်ထက် ပိုချစ်နေခြင်းပါ။

ငါ ဂရုတစိုက်နဲ့ မင်းကို ကြည့်လိုက်တော့
Smart ကျတာရယ်
ပျော်ပျော်ရွှင်ရွှင် နေတတ်တာရယ်
နူးညံ့သိမ်မွေ့မှု ရှိတာရယ်
ပြီးတော့
ကြင်နာတတ်တဲ့ နှလုံးသား ရှိတာရယ်ကြောင့်
မင်းကို ကိုယ်စွဲစွဲမြဲမြဲ ချစ်နေရသူပါ။

မင်းဟာ ---
ငါ့ နတ်သမီးတပါး
ဒါကြောင့်
ကြည့်လေ ကြည့်လေ
အလွန်အဖိုးထိုက်တန်တဲ့ ရှားပါးရတနာတပါးဖြစ်နေခြင်းပါ။

မင်းဟာ ---
ငါ့ရဲ့ ညအမှောင်ကို
တောက်ပကြည်လင်စေတဲ့ ကြယ်လေး
ရှေ့ဆောင်လမ်းပြ သူကလေးပါ။

ငါ အကူအညီလိုနေတဲ့အခါ
မင်းရဲ့ အလင်းရောင်နဲ့
လက်ကမ်းပေးနေသူပါ။

ဒီတော့ ---
ငါ အနားယူပြီး တံခါးဖွင့်ရှာဖွေလိုက်တော့
အကောင်းဆုံးဆိုတဲ့ အရာကို ရှာဖွေတွေ့ရှိလိုက်တယ်
အဲဒါကတော့
ငါ့ရဲ့ နတ်သမီးလေး
ငါ့ရဲ့ ရှေ့ဆောင်လမ်းပြ ကြယ်လေးပါ။ ။

မာန်လှိုင်းငယ်
၂၀၀၇ ခုနှစ်၊ အောက်တိုဘာလ (၂၃)ရက်။

ချစ်သူ အပြုံး

မာန်လှိုင်းငယ်

“ချစ်သူ အပြုံး”

သိမ်သိမ်မွေ့မွေ့ ဒီအပြုံး
အကြိမ်တရာမက တွေ့နေချင်တယ်။

ချစ်သူရေ ---
မင်းအပြုံးကို မြင်လေတိုင်း
ကိုယ့်ရင်မှာ
ကြည်နူးပီတိအပြည့်နဲ့ပါ။

ပြောမ၀နိုင်တဲ့ ရင်တွင်းစကား
ရှုမ၀နိုင်တဲ့ ချစ်သူ့မျက်နှာ
ကြားဝမနိုင်တဲ့ ချစ်သူအသံ
ကြိမ်ဖန်မက ကြားနေချင်တယ်။

ချစ်သူရေ ---
အပြုံးမျက်နှာလေးနဲ့
ကိုယ့်ဆီ အရောက်ပြန်လာခဲ့ပါတော့ --- ။ ။

မာန်လှိုင်းငယ်
၂၀၀၇ ခုနှစ်၊ အောက်တိုဘာလ (၂၂)ရက်။

Monday, October 29, 2007

ဒီရေလှိုင်း

မာန်လှိုင်းငယ်

“ဒီရေလှိုင်း”

ခေါင်းဆောင်အခက်
ငယ်သားပျက်တော့
ပေါင်းစပ်မဆုံနိုင်ပေ။

ခေါင်းဆောင်ကောင်း
ငယ်သားပေါင်းတော့
ရောက်အောင်ပန်းတိုင်ပေ။

ငယ်သားတက်ပြန်
ခေါင်းဆောင်မှန်တော့
တတ်ဆန်စုံဆင်း ညီညွတ်ခြင်းပေ။ ။

မာန်လှိုင်းငယ်
၂၀၀၇ ခုနှစ်၊ အောက်တိုဘာလ (၂၆)ရက်။

ပြန်ရောက်နေကြောင်း

မာန်လှိုင်းငယ်

မင်္ဂလာပါဗျာ။ ကျနော် ဒီနေ့ပဲ ပြန်ရောက်ပါပြီး။ ရောက်ရောက်ချင်းပဲ ကျနော် စီဘောက်ကို ကြည့်လိုက်တယ်ဗျာ။ အားလုံးက ကျနော့်ကို မျှော်နေတာတွေ့ရတော့ ၀မ်းသာပီတိဖြစ်ရပါတယ်။ တခုတော့ တောင်းပန်ချင်ပါတယ်ဗျာ။ ကျနော် ပြန်လာတာနောက်ကျနေတော့ ကျနော့် ညီအကို မောင်နှမ မိတ်ဆွေသူငယ်ချင်းများအားလုံးကို စိတ်မကောင်းဖြစ်ရပါကြောာင်းနှင့် ၀မ်းနည်းမိပါတယ်။ အခုတော့ ကျနော် ပို့တွေ ဆက်တင်နိုင်အောင် ကြိုးစားသွားပါတော့မယ်။ ကဗျာလက်ဆောင်တွေကို လည်း ယူလာပါတယ်။ မနက်ဖြန်မှပဲ ကျနော် တင်ဖြစ်တော့မယ်။ အခုတော့ တပုဒ်ပဲ တင်လိုက်ပါ့မယ်။ နောက်နေ့တွေပါ ကဗျာလက်ဆောင်တွေ။ စာလက်ဆောင်တွေ ဝေမျှပေးပါမယ်။ ကျနော့် ညီအကို မောင်နှမတွေ အားလုံးကို အကြောင်းကြားလိုက်ပါတယ်ဗျာ။ မင်္ဂလာနေ့မြတ်ဖြစ်ပါစေလို့ ဆုမွန်ကောင်း တောင်းရင်း ပြန်ရောက်လာကြောင်း အသိပေးလိုက်ပါတယ်ဗျာ။

Saturday, October 20, 2007

အသိပေးအပ်ခြင်း

မာန်လှိုင်းငယ်

အသိပေးအပ်ခြင်း

ကျနော့် ညီအကိုမောင်နှမ။ မိတ်ဆွေသူငယ်ချင်းများအားလုံးသို့ အသိပေးအပ်ခြင်းဖြစ်ပါတယ်။ ကျနော် မနက်ဖြန်မှစ၍ နောက်တပတ်လုံးလုံး ဘလော့ဂ်ရေးခြင်းကို ခဏနားမည်ဖြစ်ကြောင်းနဲ့။ ညီအကိုမောင်နှမ။ မိတ်ဆွေသူငယ်ချင်းများအားလုံးဆီကိုလည်း အလည်အပတ် သွားရောက်မည် မဟုတ်တော့ပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော် ခရီးထွက်စရာရှိနေလို့ပါ။ တပတ်ကြာမှာဖြစ်တဲ့အတွက်ကြောာင့် ကျနော် ဘလော့ဂ်ကို မလှည့်နိုင်တော့ပါ။ ဒါပေမယ့် အားရင်တော့ အလည်အပတ် သွားရောက်နိုင်အောင် ကြိုးစားသွားပါမည်။ ကျနော်မရှိတုန်း အလည်အပတ် လာရောက်သူရော။ ကွန်မန့်ပေးချင်သူများအားလုံး ပေးထားပေးစေချင်ပါတယ်။ ကျနော်ပြန်ရောက်တဲ့အခါ ဖတ်ချင်လို့ပါ။ အမောပြေချင်လို့ပါ။ အားလုံးကို တောင်းခံအပ်ပါသည်။

ဘာလို့လဲဆိုတော့

မာန်လှိုင်းငယ်

“ဘာလို့လဲဆိုတော့”

လူတချို့က
အတင်းအဖျင်းပြောတာကို နှစ်သက်ကြတယ်
ဘာလို့လဲဆိုတော့
သူတို့အတွက် ချိုမြိန်တဲ့ သစ်သီးဖျော်ရည် သောက်ရသလိုပါပဲ။

လူတချို့က
လိမ်ညာစကားပြောတာကို သဘောကြတယ်
ဘာလို့လဲဆိုတော့
သူတို့အတွက် ကိတ်မုန့်တလုံး စားရသလိုပါပဲ။

လူတချို့က
ရယ်စရာဟာသပြောတာကို မက်မောကြတယ်
ဘာလို့လဲဆိုတော့
သူတို့အတွက် အသက်တိုမှာ ကြောက်လို့ပါပဲ။

ဒါပေမဲ့
ငါကတော့
ကဗျာနဲ့ စကားပြောတာကို ၀ါသနာပါတယ်
ဘာလို့လဲဆိုတော့
ငါ့အတွက် ကာရန်မညီတဲ့ ကဗျာဝိုချို သောက်ရလို့ပါပဲ။

မာန်လှိုင်းငယ်
၂၀၀၇ ခုနှစ်၊ အောက်တိုဘာလ (၂၀)ရက်။

အတိတ်

မာန်လှိုင်းငယ်

“အတိတ်”

အတိတ်ဟာ
ပိုးကိုက်ထားတဲ့ နှင်းဆီတပွင့်လိုပဲလား
ဒါမှမဟုတ်
ဟိုးအဝေးမှာ ထင်ကျန်နေတဲ့ သဲမှုန်တပွင့်ပဲလား။

ငါ နောက်ပြန်လှည့်ကြည့်တဲ့အခါ
အရိုးနဲ့ အရေတာကျန်နေတဲ့ အဘိုးအို
နွံအိုင်ထဲက ထွက်မရဖြစ်နေတဲ့ ကျွဲနဲ့
မစားချင်ချင်၊ စားချင်ချင်ဖြစ်နေတဲ့ ကလေးငယ်ကို တွေ့လိုက်ရတော့ --- ။

ဒါကြောင့်
ငါဟာ အတိတ်ကို ပြန်မတွေးတော့ပါဘူး
အဲဒါ
ဘာဖြစ်လို့လဲသိလား ---- ။ ။

မာန်လှိုင်းငယ်
၂၀၀၇ ခုနှစ်၊ အောက်တိုဘာလ (၂၀)ရက်။

မလွယ်ပါလား

မောင်ဉာဏ်ထက်

မလွယ်ပါလား

ငှက် - ငှက်ဖြစ်ရတာ မလွယ်ပါဘူးဗျာ။
ရှဥ့်ကလေး - ဘာဖြစ်လို့လဲကွ။
ငှက် - ငါ့အမေကို နမ်းလို့မရဘူး၊ ဟောဒီ နှုတ်သီးက ခံခံနေလို့။

ပြန်လာဦးမှာလား

မောင်ဉာဏ်ထက်ရဲ့ ရှာရှာဖွေဖွေ ဟာသများ စာအုပ်မှတဆင့် ပြန်လည်ကူးယူတင်လိုက်တာပါ။

ပြန်လာဦးမှာလား

လူနှစ်ယောက်သည် ကမ်းစပ်တွင် ငါးမျှားနေကြ၏။ ငါးက ဟပ်သဖြင့် ငါးမျှားတံကို သုတ်ခနဲဆွဲ တင်လိုက်လေရာ ငါးမျှားချိတ်နှစ်ခုတွင် ငါးက တစ်ကောင်တည်း ဟပ်ကာ ပါလာခဲ့လေသည်။
ပလူ - ဘယ်လိုလုပ်မလဲကွ၊ ငါးက တစ်ကောင်တည်းမိနေတယ်။
ဒုလူ - အေးက၊ အဲဒါမှ ပြဿနာပဲ။
(ထိုအခါ ငါးက ပြေသည်)
ငါး - ခင်ဗျားတို့ အဝေရခက်နေရင် ဒီလိုလုပ်ပါလား၊ ကျနော့်ကို ရေထဲပြန်လွှတ်ပေး၊
အစက ပြန်မျှား၊ ဒီတခါ ငါးမျှားချိတ်တစ်ခုတည်းကိုပဲ ဟပ်မယ်။
လူ - အေး၊ ကောင်းတယ်။
(နှစ်ဦးသဘောတူ ငါးကို ပြန်လွှလိုက်ကြသည်။ ထိုအခါ ငါးသည် နောက်တကြိမ် အမိမခံတော့ချေ။ ထိုသူနှစ်ယောက်မှာကား မည်သူ့ငါးမျှားချိတ်ကို ငါးက ဟပ်လိမ့်နိုးနှင့် တစောင့် စောင့်။)

မောင်ဉာဏ်ထက်

Friday, October 19, 2007

တိုက်တွန်းခြင်း

မာန်လှိုင်းငယ်

သီချင်းတပုဒ်ကို နားထောင်ကြည့်စေချင်တယ်။ သီချင်းလေးခေါင်းစဉ်က `သနပ်ခါး´ဖြစ်ပါတယ်။ ကျနော်တို့ မြန်မာအမျိုးသမီးတွေ သနပ်ခါးလိမ်းလိုက်တဲ့အခါ လှပသွားကြတယ်။ မလှတဲ့သူတွေတောင်မှ ကြည့်လို့ကောင်းသွားတယ်။ ဒီသနပ်ခါးသီချင်းကို ကျနော်နားထောင်လိုက်တိုင်း။ ရင်ခုန်တယ်။ ကြည်နူးတယ်။ ပီတိဖြစ်တယ်။ လွမ်းဆွတ်မိတယ်။ ဒီသီချင်းကို ကျနော် တင်ထားတာ ကြာပါပြီး အခု ပြန်ပြီးတော့ လင့်ပြန်လုပ်ထားပါတယ်။ ကျနော့် ညီအကိုမောင်နှမ။ ရောင်းရင်းတွေ အားလုံးကို ပြန်နားထောင်စေချင်တဲ့ ဆန္ဒနဲ့ပါ။ သီချင်းကိုတော့ ဘေးမှာ လင့်ခ်တင်ထားပါတယ်။ နားထောင်ကြည့်ကြပါဗျာ။ မြန်မာအမျိုးသမီးတွေအတွက် ဂုဏ်ယူစရာပေါ့။ မဟုတ်ဘူးလား။ ဒါကတော့ ကျနော့်အထင်ပါ။

ဖြစ်နိုင်ရင်

မာန်လှိုင်းငယ်

“ဖြစ်နိုင်ရင်”

ကွန်ပျူတာရှေ့မှာ
ငါ ထိုင်နေတဲ့အခါ
မီးပျက်သွားတာ မမြင်ချင်ဘူး။

စာကြည့်စားပွဲပေါ်မှာ
ငါ ကဗျာရေးနေတဲ့အခါ
ဘောပင်မှင်ကုန်တာ မဖြစ်ချင်ဘူး။

အခန်းထဲမှာ
ငါ အိပ်နေတဲ့အခါ
တံခါးလာခေါက်တာ မကြားချင်ဘူး။

ဒါပေမဲ့
တခုတော့ရှိတယ်
ငါ ဘာမှမလုပ်တဲ့အခါ
လာထိုင်ပြီး စကားပြောပါ
အလွမ်းသီးချင်း လာဆိုပါ
ဖြစ်နိုင်ရင် ----
အလဟသအချိန်တွေ မလွန်မြောက်ချင်ဘူး။ ။

မာန်လှိုင်းငယ်
၂၀၀၇ ခုနှစ်၊ အောက်တိုဘာလ (၁၉)ရက်။

နာတာရှည်အလွမ်း

မာန်လှိုင်းငယ်

“နာတာရှည်အလွမ်း”

သူမဟာ ---
ငါ့အတွက်တော့
ကြည်လင်ဝင်းပတဲ့ မျက်ဝန်းနက်နက်ပိုင်ရှင်ဖြစ်တယ်။

သူမဟာ ----
ငါ့အတွက်တော့
နှင်းဆီငုံဖူးလေးလို
မနက်ခင်းရနံ့နဲ့အတူ အစွမ်းကုန်ဖူးပွင့်လာမယ့် ပိုင်ရှင်ဖြစ်တယ်။

သူမဟာ ---
ငါ့အတွက်တော့
နူးညံ့လှပတဲ့ လိပ်ပြာတကောင်လို
အလှအပကို ပိုင်ဆိုင်ထားသူ ပိုင်ရှင်ဖြစ်တယ်။

ခုတော့
ငါ့မှာလေ ---
သူမကို နာတာရှည်အလွမ်းများနဲ့
တနေ၀င်တမနက်တိုင်း စောင့်မျှော်နေရသူပါ။ ။

မာန်လှိုင်းငယ်
၂၀၀၇ ခုနှစ်၊ အောက်တိုဘာလ (၁၉)ရက်။

Thursday, October 18, 2007

ပြတင်းတံခါးနဲ့ ည

မာန်လှိုင်းငယ်

`ပြတင်းတံခါးနဲ့ ည´

ညမှာ ---
ပြတင်းတံခါးကို
လုံခြုံအောင် ဆွဲပိတ်ထားတာကြောင့်
အခန်းထဲမှာ
ကျနော် မွန်းကျပ်လွန်းလို့ အသက်ရူမ၀။

ညမှာ ---
ပြတင်းတံခါးကို
တင်းတင်းကြပ်ကြပ် ပိတ်ဆို့တာကြောင့်
အိပ်မက်တစ္ဆေကြောင့်လားမသိ
ငါရဲ့ ကယောင်ကတမ်း စကားသံ
အပြင်ထိအောင် လျှံထွက်လာ။

ဒါကြောင့်
ငါဟာ ပြတင်းတံခါးကို ဖွင့်တော့
ဟော ---
အပြင်ဘက်မှာ
ညရဲ့ အလှ
ညရဲ့ တိတ်ဆိတ်မှုနဲ့အတူ
လရဲ့အလင်း ရွှန်းလက်တောက်ပနေလို့ပါလား
ပန်းရဲ့ရနံ့လည်း ထုံမွှေးသင်းပျံ့နေလို့ပါလား။

ခုတော့
ပြတင်းတံခါးနဲ့ ည
ညနဲ့ ပြတင်းတံခါး ကြားမှာ
ခြားနားမှုတွေ တစ်မျှော်တစ်ခေါ်ရှိနေပါလား။ ။

မာန်လှိုင်းငယ်
၂၀၀၇ ခုနှစ်၊ အောက်တိုဘာလ (၁၈)ရက်။

ကျေးဇူးပြုပြီး

မာန်လှိုင်းငယ်

`ကျေးဇူးပြုပြီး´

ကျေးဇူးပြုပြီး
ကျနော်တို့ ပြည်သူတွေနဲ့
တွေ့ဆုံဆွေးနွေးရေးကို လုပ်လိုက်ပါ။

ကျေးဇူးပြုပြီး
ကျနော်တို့ ပြည်သူရဲ့
တောင်းဆိုချက်များကို လိုက်လျောပေးပါ။

ကျေးဇူးပြုပြီး
တပ်မတော်သားတွေ
ကျနော်တို့ ပြည်သူတွေနဲ့ လာရောက်နေထိုင်လိုက်ပါ။

ကျနော်တို့ ပြည်သူတွေဟာ
အေးမြတဲ့ အပြုံးနဲ့
နွေးထွေးတဲ့ လက်တွေကမ်းလို့ ကြိုဆိုနေပါတယ်။

ကျနော်တို့ ပြည်သူနဲ့အတူ
သံဃာတော်များကို လက်အုပ်ချီဦးညွတ်လိုက်ပါ
ကျနော်တို့ ပြည်သူနဲ့အတူ
သိမ်မွေ့တတ်တဲ့ စိတ်
မေတ္တာဂရုဏာထားတတ်တဲ့ စိတ် ရှိသူတွေအဖြစ်
ကမ္ဘာသိအောင် အစွမ်းကုန် ကြိုးစားပြကြရတာပေါ့။

လာလေ
ကျေးဇူးပြုပြီး ---- ။ ။

မာန်လှိုင်းငယ်
၂၀၀၇ ခုနှစ်၊ အောက်တိုဘာလ (၁၈)ရက်။

Wednesday, October 17, 2007

ငါ သိနေလို့

မာန်လှိုင်းငယ်

`ငါ သိနေလို့´

ငါ မွန်းကျပ်နေတုန်း
လေ က မတိုက်ခတ်ခဲ့ဘူး။

ငါ အထီးကျန်စွာ ရှိနေတုန်း
အမှောင်က အလိုက်မသိခဲ့ဘူး။

ငါ လမ်းလျှောက်နေတုန်း
ငှက်တွေက လက်မခံခဲ့ဘူး။

ငါ အိပ်ငိုက်နေတုန်း
မျက်လုံးက ဂရုမစိုက်ခဲ့ဘူး။

ဒါပေမယ့်
ငါ့ရဲ့ အသက်ရှင်သန်မှုအတွက်
အေးမြတဲ့ အမေ့အပြုံးနဲ့
နွေးထွေးတဲ့ အဖေ့မျက်ဝန်းတွေကြောင့်
ယနေ့ထက်တိုင်
ရင်ထဲမှာ ရှိနေတယ်ဆိုတာ ---
ငါ သိနေလို့ပါပဲ။ ။

မာန်လှိုင်းငယ်
၂၀၀၇ ခုနှစ်၊ အောက်တိုဘာလ (၁၇)ရက်။

အဖေနဲ့ အမေသို့ သားရဲ့ တမ်းချင်း

မာန်လှိုင်းငယ်

`အဖေနဲ့ အမေသို့ သားရဲ့ တမ်းချင်း´

ငယ်ငယ်က
ကျနော် ချူချာလွန်းလို့
အဖေက စိတ်ပူခဲ့ရတယ်။

ငယ်ငယ်က
ကျနော် စကားနည်းခဲ့လို့
အမေက စိတ်သောကဖြစ်ခဲ့ရတယ်။

ကျောင်းနေအရွယ်တုန်းက
ကျနော် မျက်နှာဖြူဖပ်ဖြူရော်ဖြစ်လို့
ကျနော် ဗိုက်အောက်တတ်တဲ့ ဝေဒနာဖြစ်လို့
အဖေနဲ့ အမေဟာ စိုးရိမ်စိတ်နဲ့ အလုပ်တွေများခဲ့ရတယ်။

ခုတော့
ကျနော် မျက်နှာဖြူဖပ်ဖြူရော်ဖြစ်ရင်
ကျနော် ဗိုက်အောက်ဝေဒနာဖြစ်ရင်
အမေ့ အကြင်နာမျက်နှာကို မြင်ချင်
အမေ့ ဂရုဏာစိတ်နဲ့ ရောစပ်နေတဲ့ ပူပန်မျက်နှာကို တောင့်တနေမိတယ်။

ဒါပေမယ့်
ကျနော့်မှာ ဖြေသာစရာ အရိပ်ရှိတယ်
ကျနော့်မှာ အားကိုးစရာ အရိပ်ရှိတယ်
ကျနော့်မှာ ပြေးတွေ့စရာ အရိပ်ရှိတယ်
ကျနော် တခုခုဖြစ်လေတိုင်း
ကျနော့်ဘေးမှာ အရိပ်ဟာ ရှိနေတယ်
အဲဒီအရိပ်ဟာ အဖေပါပဲ။

အမေ့ကို သတိရလေ
အမေ့ကို အောက်မေ့တမ်းတလေ
အဖေ့ မေတ္တာရိပ်
အဖေ့ ဂရုဏာရိပ်အောက်မှာ
ကျနော် အမြဲလိုလို ခိုဝင်လျက်ရှိနေခဲ့တယ်။

မာန်လှိုင်းငယ်
၂၀၀၇ ခုနှစ်၊ အောက်တိုဘာလ (၁၇)ရက်။

ဘာကြောင့်

မာန်လှိုင်းငယ်

`ဘာကြောင့်´

ဘာကြောင့်
ငါ အိပ်ယာက ထ. ထပြီး
ယောင်နေရတာလဲ။

ဘာကြောင့်
ငါ ထိုင်နေလျက်နဲ့
ဆာလောင်မှုတွေ ဖြစ်နေရတာလဲ။

ဘာကြောင့်
ငါ လမ်းလျှောက်နေတာတောင်
အတွေးများစွာက ၀င်လာနေရတာလဲ။

ငါ အိပ်နေတာပဲ၊ ထိုင်နေတာပဲ၊ လမ်းလျှောက်နေတာပဲ
ဘာကြောင့်
ဘာကြောင့်
ဘာကြောင့် ---- လဲဆိုတာ
ငါ ယနေ့တိုင် စဉ်းစားနေရတုန်းပဲ။ ။

မာန်လှိုင်းငယ်
၂၀၀၇ ခုနှစ်၊ အောက်တိုဘာလ (၁၆)ရက်။

Tuesday, October 16, 2007

အရိပ်မည်း

မကောင်းမှုပြုသူတို့ ခံစားရမယ့်အကြောင်းလေးပါ။ ဘုရား။ တရား။ သံဃာ။ မိဘ။ ဆရာတွေကို အစဉ်အမြဲ ဦးထိပ်ထားရမယ်။ နှလုံးသွင်းထားရမယ်ဆိုတဲ့ အကြောင်းကိုကိုလည်း ဒီပို့စ်လေးက ပြောပြနေပါတယ်။ မကောင်းတာလုပ်ရင် မကောင်းတဲ့အတိုင်းခံစားရမယ်ဆိုတာရယ်။ ကိုယ်ပြုခဲ့တဲ့ မကောင်းမှုတွေဟာ ဘုရားလည်း မကယ်နိုင်။ တရားလည်း မကူနိုင်။ သံဃာတော်တွေလည်း မလုပ်ပေးနိုင်ပါဘူး။ တခုတော့ရှိတာပေါ့ သူတို့စိတ်ချမ်းသာအောင်တော့ တရားပြပေးနိုင်ကြလိမ့်မယ် ထင်ပါတယ်။ ဒီပို့စ်လေးကို ခံစားဖတ်ကြည့်ကြပါ။ တင်ယုစိန်ရေးထားတဲ့ စာပါပဲ။ ကျနော်ကတော့ အားလုံးကို ဖတ်စေချင်တဲ့စိတ်နဲ့ အခုလို ပြန်ပြီးမိတ်ဆက်ပေးတာပါ။

“အရိပ်မည်း”


တင်ယုစိန်

သူသွားနေတယ်။ နှေးနှေးလား။ မြန်မြန်လားဆိုတာကိုတော့ သူကိုယ်တိုင် သိပုံမရဘူး။ သွားတော့ သွားနေတာပဲမနားဘူး။ တောက်တယ်။ခန္ဓာဝန်ဆိုတဲ့စကားကို သူကြားခဲ့ဖူးပါတယ်။ ခန္ဓာဝန်ဆိုတဲ့ သဘောတရားကို သူပထမဆုံးအကြိမ် ဆင်ခြင်မိလိုက်သည်။ နောက်ဆုံးလည်း ဖြစ်ချင်ဖြစ်နိုင်ပါလိမ့်မယ်။ သူသွားနေတယ်။ ခရီးမတွင်ဘူး။ တက်တယ်။ ဆင်းတယ်။ ပြီးထပ်တက်တယ်။ ကျောက်စရစ်ခဲ သေးသေးမှူန်မှူန်ကလေးတွေက နောက်ကို ပြန်ပြန်ပို့နေတယ်။ သူရောက်ချင်လှပြီ။ သူရောက်ချင်တဲ့နေရာက ပေါ်လာ လိုက် ပျောက်သွားလိုက်။ အတက်ခရီးမှာ မမြင်ရဘူး။ ကုန်းထိပ်ရောက်တော့ မြင်ရသည်။ တောင်းဆိုတဲ့ စကားကို အမှတ်ရနေတယ်။ တကယ်တော့ ထူးပြီးဝေးလှတော့ မဟုတ်ပါဘူး။ ပမာဏကြီး၊ အကာအကွယ် အတားအဆီးမဲ့ မြင်ရချိန်မှာ နီးတယ်လို့ ထင်ရတတ်တာပါပဲ။
တောင်ထီးတဲ့။ ရိုးမကြီးတခုက သွယ်တန်းဆင်းလာတဲ့ တောင်နှာမောင်းတစ်ခုရဲ့အဖျားမှာ အထီးတည်း ဖြစ်ပေါ်နေတဲ့တောင်ကုန်းကြီးတခု။ အဲ့ဒီတောင်ကုန်ကြီးပေါ်မှာ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်း ရှိတယ်။ အဲ့ဒါကို သူသွားနေတယ်။ အဲဒီကျောင်းက တောထွက်ကျောင်းထိုင် ကိုယ်တော်ကြီးပျံလွန်တော်မူပြီး နောက် ကိုယ်တော်ကြီးတပည့် ငယ်ဖြူဦးဇင်းကလေးတစ်ပါး ကျောင်းထိုင်နေပါတယ်။ အထုံပါရမီရင့်သန်ပြီး၊ ဥပဓိရုပ် မွန်ရည်သန်ပြန့်တဲ့ ဦးဇင်းလေးဟာ တရားပြကလည်းကောင်း၊ ဇွဲလုံးလ၀ီရိယာတို့နဲ့လည်း ပြည့်စုံတာကြောင့် ကျောင်းကလေးဟာ တစ်နေ့တခြား တိုးတက်ထွန်းကားလာတယ်။ ဘေးပတ်ဝန်းကျင် နယ်သူနယ်သားတွေ ဟာ စိုက်ပျိုးရေးသမားတွေဖြစ်တာကြောင့် စိုက်ပျိုးရေးနားချိန်မှာ တရားထိုင်ကြ၊ လှူကြ တန်းကြနဲ့ စည်း ကားနေတတ်ပါတယ်။
ဦးဇင်းလေးဟာ တရားထိုင်သူတွေကို တရားပြကောင်းရုံတင်မက ကိုယ်တော်တိုင်လည်း တရားထူးတွေ.နေသူ၊ တရားအဆင့်မြင့် ပေါက်မြောက်နေသူအဖြစ်လည်း တီးတိုးတီးတိုး ကျော်ကြားနေပါ တယ်။ အဲဒီကို သူသွားနေတယ်။ ရောက်တော့မယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ ရောက်ဖို့လိုသေးတယ်လို့ လည်း ပြောလို့ရပါတယ်။ ကျောင်းကလေးကို မြင်နေရပါပြီ။ အနိမ့်ဆင်းတွေ မရှိတော့ဘူး။ တောက်လျှောက် အတက်ဘဲ ရှိနေတော့တာဆိုတော့ မြင်ကွင်းထဲက ပျောက်မသွားတော့ဘူး ရောက်မှရောက်ပါတော့မလား လို့လည်း ဖျက်ခနဲတွေးလိုက်မိတယ်။ ဒါပေမဲ့ ရောက်မယ်ဆိုတာကိုတော့ သူသိနေတယ်။ သူတော်တော် မောနေပါပြီ။ မနားဘူးလို့လည်း သူဆုံးဖြတ်ထားတယ်။ ဒီခရီးကို မနားတမ်းသွားဖို့ သူ့မှာ အကြောင်းပြချက် က ခိုင်ခိုင်လုံလုံကို ရှိနေတယ်။ ဒါသူ့ရဲ့ ရည်မှန်းချက်ပဲလေ။ အရင်တုန်းက မရောက်ဖူးခဲ့ပါဘူး။ ခုမှသွား ချင်စိတ်ပေါ်လာတောပါ။
ပိုမိုနီးလာတာနဲ့အမျှ တောရိပ်တောင်ရိပ်တွေဟာ ပိုပြီးပီပြင်ထင်ရှားလာပါတယ်။ သစ်ကြီးဝါးကြီး တွေ ထူထူထဲထဲ မြင်တွေ.ရပါပြီ။ ဆောင်အကုန် နွေအကူး လေရူးက တသုန်သုန်။ မြူခိုးတွေက ရစ်သိုင်း၊ ထောက်ကြံ့ပင်ကြီးပေါ်က နွေဦးရဲ့တမန်တော် ဥသြကလေးက ချွှဲချွှဲနွဲ့နွဲ့အော်မြည်နေတယ်။ သဘာဝရဲ့ အလှအပ၊ လက်ဆောင်မွန်တို့ကို သူခံစားတတ်ရဲ့လား မသိနိုင်ပါဘူး။ လူမကြောက်တတ်တဲ့ ဥသြငှက်က လေးဟာ သူ့ကိုမြင်လိုက်ရတဲ့ တစ်ခဏမှာပဲ တွန်ကျူးခြင်းကို ရပ်လိုက်ပြီး အဝေးကို ပျံသန်းသွားပါတော့ တယ်။ ပိုပြီးနီးကပ်လာတာနဲ့အမျှ ကြီးမားထူထပ်သိပ်သည်းလှတဲ့ သစ်တောကြီးထဲကို ရောက်လာပါပြီ။ မြေပြန့်မှာသာ တွေ့ရတတ်တဲ့ ကုက္ကုပင်၊ ညောင်ပင် အုပ်အုပ်ဝိုင်းဝိုင်းကြီးတွေလိုမျိုး မရှိတော့ပါဘူး။ အလင်း ရောင်ရှိရာကို စုပြုံတိုးထွက်ရှည်လျားနေတဲ့ ကျွန်း၊ ပျဉ်းကတိုး၊ သစ်ရာ၊ အင်ကြင်း စတဲ့အပင်ဖြောင့်ဖြောင့် ကြီးတွေ နေပြောက်မထိုးနိုင်အောင် ပေါက်ရောက်နေတာကို တွေ့ရပါတော့တယ် သဘာဝတရားရဲ့ ကူညီ ဖေးမမှု၊ ဘုရားရိပ်၊ တရားရိပ်၊ သူတော်ကောင်းတို့ရဲ့ မေတ္တာဓာတ်လွှမ်းခြုံမှုတို့ကြောင့် အေးချမ်းတဲ့အရသာ ကို သူအနည်းငယ် ခံစားလိုက်ရတယ်။ အားအင်အသစ်တွေ အနည်းငယ် တိုးဝင်လာသလိုပဲ။
ဦးဇင်းကလေးရဲ.ကျောင်းမှာ ခုတလော လူရှင်းနေတယ်။ စိုက်ပျိုးရေး ပူနေချိန်ဖြစ်တဲ့အတွက် ကိုယ်ရင်က လေးတွေ ကျောင်းသားကလေးတွေပါ ယာယီကျောင်းထွက်ပြီး လုပ်ငန်းခွင်ဝင်နေကြပါတယ်။ ဆွမ်းဝတ်ပို့ ချိန်မှတပါး ကျန်အချိန်တွေ ဦးဇင်းလေးတစ်ပါးတည်းသာ သီတင်းသုံးနေတာ တွေ.ရတတ်ပါတယ်။ နယ်သူ နယ်သားတွေရဲ့ စေတနာထက်သန်မှုကြောင့် ဦးဇင်းလေးရဲ့ကျောင်းမှာ ဆွမ်းဘောဇဉ်တွေဟာ ပိုလျှံနေလေ့ရှို တယ်။ ဦးဇင်းကလေး နေ့ဆွမ်းဘုဉ်းနေပြီးချိန်မှာ ပိုလျှံနေတဲ့ ဆွမ်းတွေကို စမ်းချောင်းထဲက ငါးတွေကို တချို့ ကျွေးလိုက်တယ်။ ဆွမ်းကျန်တချို့ကို နွားစားကျင်းအဟောင်းကြီးတစ်ခုထဲကို ထည့်လိုက်တယ်။ ပြီးရင် သစ်သားတုတ်တစ်ချောင်းနဲ့ နွားစားကျင်းနံရံကို ဒုံးဒုံးမြည်အောင်ထုလိုက်တာပဲ။ အဲဒီအခါ ဝေါခနဲမြည် သံကြီး ပေါ်လာပြီး ငှက်တွေ တပျော်တပါးစားကြတော့တာပဲ။ ငှက်တွေစားပြီးရင် ကျန်တာကို မျေက်တွေနဲ့ ၀က်ဝံကြီးနှစ်ကောင် စားပြစ်လိုက်ကြတယ်။ ဦးဇင်းကလေးဟာ ငါးဖမ်းခြင်းနဲ့ တောလိုက်ခြင်းကိုလည်း အလှုခံထားတယ်။ ဦးဇင်းကလေးရဲ့မေတ္တာဓာတ်ကြောင့် ထင်ပါရဲ့၊ တောင်ထီးပတ်ဝန်းကျင်မှာ ငှက်တွေ၊ ငါးတွေ၊ သမင်တွေ၊ မျောက်တွေ၊ ၀က်ဝံတွေ၊ အကောင်ရေတိုးလာတယ်။ ၀က်ဝံတွေကလည်း လူတွေကို ရန်ရှာလေ့မရှိတော့ပါ့ဘူး။

အဲဒီကို သူသွားနေတယ်။ ရောက်ခါနီးပါပြီး။ မြင်နေရသားနဲ့ မရောက်နိုင်သေးတာဟာ သူ့ကို ပိုပြီးပင်ပန်း စေပါတယ်။ သူ့မြင်ကွင်းထဲမှာ သမင်ဖိုနဲ့ သမင်မကို တွေ့ရတယ်။ နီးလာတယ်။ သူတို့ထွက်မပြေးပါဘူး။ သမင်ဖိုကြီးက သူ့ကို သုန်မှူန်တဲ့မျက်နှာထားနဲ့ စိုက်ကြည့်နေပါတယ်။ သမင်မကတော့ အလွန်ကြောက်ရွံ တဲ့အသွင်နဲ့ သမင်ဖိုကြီးရဲ့ပေါင်ခြံထဲ မျက်နှာဝှက်ထားတယ်။ ပြီးတော့ ရှူးခနဲနှာမှူတ်သံနဲ့အတူ ဒရောသော ပါး ထွက်ပြေးသွားကြတယ်။ သူ့ရင်ထဲမှာ စစ်ခနဲနာကျင်သွားတယ်။ နောက်တစ်နေရာရောက်တော့ ၀က်ဝံမိသားစုကို တွေ့တယ်။ ၀က်ဝံမကြီးက တောင်သဖန်းသီးစားရင်း ကလေးနှစ်ကောင်ကို နို့တိုက်နေ တယ်။ ၀က်ဝံအထီးကြီးကတော့ အလွန်စက်ဆုပ်ရွံရှာတဲ့ အကြည့်နဲ့ သူ့ကို ကြည့်နေတယ်။ အနားနီးတော့ မျက်နှာလွဲသွားကြတယ်။ သူ့ရင်ထဲမှာ ထိန်းညီးတဲ့ မီးလျှံကြီးတောက်လောင်သလို ခံစားရတယ်။ နေမွန်း တိမ်းပါပြီး။ ဦးဇင်ကလေးလည်း တရားမှတ်ချိန်ရောက်ပြီမို့ စင်္ကြလျှောက်ရင်း တရားမှတ်နေတယ်။ ဦးဇင်းက လေး တရားမှတ်ပြီးဆို ဘယ်ကျေးငှက်တိရစ္ဆာန်မှ ကျောင်းဝန်းထဲမှာမနေတော့ပါဘူး။ တိတ်ဆိတ်ငြိမ်သက် နေပါတယ်။ သူကျောင်အ၀င်ကို ရောက်ပါပြီ။ အ၀င်မှာ အလွန်ဝဖြိုးတဲ့ ၀က်ဝံကြီးတစ်ကောင် ကန်လန့်ဖြတ် အိပ်ပျော်နေပါတယ်။ သူအရာရာကို ဆုံးဖြတ်ချက်ချပြီဖြစ်လို့ ကြောက်စိတ်မရှိတော့ပါဘူး။ဝက်ဝံကြီးကို ခွကျော်လိုက်တယ်။ ၀က်ဝံကြီးကလည်း နိုးလာပြီး အလွန်စက်ဆုပ်ရွံရှာတဲ့ မျက်နှာထားနဲ့ကြည့်ပြီး ပြန်အိပ် သွားပါတယ်။ သူကျောင်းဝန်းထဲကို သေသေချာချာရောက်သွားပါပြီ။ ကျောင်းဝန်းရဲ့အမြင့်မားဆုံးအပိုင်းမှာ ကြည်ညိုဖွယ်ရာ စေတီတော်မြတ်တစ်ဆူရှိပါတယ်။ စေတီရဲ့ထီးတော်မှ ဆည်းလည်းများဟာ လေဝှေ့လိုက် တိုင်း ကြည်နူးဖွယ်အသံကလေးတွေ လွင့်မျှောနေတယ်။ သူမကြုံစဖူး ထူးကဲတဲ့အရသာတစ်ခု ရင်ထဲမှာ သိမ့်ခနဲ စီးဆင်းသွားတယ်။ အုပ်ဆိုင်းနေတဲ့သပြေပင်ကြီး။ သပြေပင်ကြီးရဲ့အောက်မှာ ကျောက်ဖျာကြီး။ ကျောက်ဖျာကြီးပေါ်မှာ ဦးဇင်းလေး တရားထိုင်နေတယ်။ သူမြင်လိုက်ရပြီ။ သူရောက်ချင်လှပြီ။ သူဟာ အလွန်ကြံ့ခိုင်သန်စွမ်းခဲ့ပါတယ်။ ခုလည်း သန်စွမ်းဆဲပါပဲ။ ဒါပေမဲ့ ဘာမှမပြောပလောက်တဲ့ သူ့ခရီးဟာ သူ့ဘ၀မှာ အဝေးဆုံးဖြစ်ခဲ့ပြီ။ ခုဦးဇင်းကလေးနဲ့ သူ့အကွာအဝေးဟာလည်း အရှည်လျားဆုံးခရီး ဖြစ် နေပါပြီ။ သူမောလာပြီ။ ခြေလှမ်းကလေးအတိုင်း မသွားနိုင်တော့ပါဘူး။ သစ်ပင်ကြီးတွေကို လက်နဲ့လှမ်း ထိန်းပြီး အမောဖြေ။ ပြီးတော့ ဆက်သွား။ ပြင်းထန်တဲ့ အသက်ရှူသံ။ ပြီးတော့ ကြမ်းတမ်းတဲ့ ခြေနင်းသံ။ ပြီးတော့ သစ်ရွက်ခြောက်တွေ ကြေမွသံ။ ကျောက်ဖျာပေါ်မှာ ဦးဇင်းလေး တရားမှတ်နေပါတယ်။ စက္ခုက္ကုနြေ္ဒချထားတဲ့ ဦးဇင်းကလေးရဲ့မျက်နှာဟာ ဘာအရိပ်အယောင်၊ ဘာအခိုးအငွေ့မှ မမြင်ရဘဲ အသက်ကင်းမဲ့နေဟန်ကို ဖူးတွေ့ရပါတယ်။ သူဦးဇင်းကလေးရှေ့မှောက်ကို ရောက်ပါပြီ။ ဦးဇင်းကလေး တရားဖြုတ်ချိန်နဲ့ အကိုက်ပါပဲ။ ဦးဇင်းကလေးဟာ အံ့သြတွေဝေခြင်း၊ ထိတ်လန့်တုန်လှုပ်ခြင်း အလျဉ်းမရှိ ဘဲ သူ့ကို ကြည့်လိုက်တယ်။ သူဦးဇင်းကလေးရဲ့ ရှေ့မှောက်မှာ ရိုသေကြိုးနွံ့စွာ ဒူးတုပ်ထိုင်ချလိုက်တယ်။ မရပါဘူး။ သူ ဒူးတုပ်လို့မရဘူး။ သူ့ညာဘက်ပေါင်မှာ လှံတိုတစ်ချောင်း ထုတ်ချင်းပေါက် စိုက်ဝင်နေပါ တယ်။ သူ ဒူးကို ထောက်ရုံသာ ထောက်ထားပြီး ခါးကို ဆန့်ထားရပါတယ်။
ဒကာမကြီး၊ ဦးဇင်းနားလည်ပါတယ်။ အဆင်ပြေသလိုသာ နေပါတော့ ဒကာကြီး သူ့ လက်အုပ်ချီလိုက်ပါ တယ်။ မရဘူး။ သူ့ဘက်လက်မောင်းမှာ မြားတစ်စင်း၊ သူ့လည်ပင်း မေးစေ့အောက်နားမှာ မြားနှစ်စင်း စိုက်ဝင်နေပါတယ်။ သူ အဲဒီတခဏပဲ ကြီးစွာသော စိတ်ဖိစီးမှုဝေဒနာကို ခံစားလိုက်ရပါတယ်။ ဒကာကြီး ဆန္ဒကို ထုတ်ဖော်ပြောပါတော့ ဒကာကြီး သူ့လည်ချောင်းထဲက ဂူးဂဲဆိုတဲ့အသံကြီး ထွက်လာပြီး ပါးစပ်ထဲ က သွေးတွေ၊ အမြုပ်တွေ ထွက်ကျလာပါတယ်။ သူ ဦးဇင်းကလေးရဲ့မျက်နှာကို အငမ်းမရ ဖူးမြော်နေပုံ၊ တစ်စုံတစ်ခုကို ပြင်းပြစွာ လိုချင်တပ်မက်မှုရှိနေပုံတို့ကို ဦးဇင်းကလေး ကောင်းကောင်း အဓိပ္ပာယ်ဖော် လိုက်နိုင်ပါပြီ။
ကောင်းပြီ ...... ဒကာကြီး။ ဦးဇင်း အရာရာကို နားလည်လိုက်ပါပြီ။ ဒကာကြီးနဲ့ အသင့်တော်ဆုံး ဆောင်ရွက်ပေးဖွယ်ရှိတာကို ဆောင်ရွက်ပေးပါတော့မယ်။ ဘုရား၊ တရား၊ သံဃာဆိုတဲ့ သရဏဂုံသုံးပါးကို နှလုံးသွင်းပါတော့ ဒကာကြီး။ ဦးဇင်းရွတ်ဆိုပေးမယ်။ ဒကာကြီးစိတ်ထဲမှာ လေးလေးနက်နက် ရွတ်ဆိုပေးပါ

ဗုဒ္ဓံ သရဏံ ဂစ္ဆာ... ... ...မိ၊
ဓမ္မ သရဏံ ဂစ္ဆာ... ... ...မိ၊
သံဃံ သရဏံ ဂစ္ဆာ... ... ...မိ၊

ပြီ်းတော့ ဒကာကြီးအတွက် အသင့်တော်ဆုံး အလွယ်ကူဆုံးဖြစ်မဲ့ တရားကို စိတ်ထဲကဘဲ လေးလေး နက်နက် မြတ်မြတ်နိုးနိုး ရွတ်ဆိုလိုက်ပါဦး။

ဗုဒ္ဓေါမေ သရဏ အညံ နတ္ထိ၊
ဓမ္မောမေ သရဏ အညံ နတ္ထိ၊
သံဃောမေ သရဏ အညံ နတ္ထိ။

ဒကာကြီး ပြုခဲ့သမျှ ကောင်မှုကုသိုလ် အစုစုတို့ကို နှလုံးသွင်းဆင်ခြင်ပြီး အမျှဝေ သာဓုခေါ်ပါပေတော့
သူတွန့်ခနဲ့ဖြစ်သွားတယ်။ မျက်နှာမဲ့ ပုပ်ရူံမဲ့သွားတယ်။ နာကျင်သွားပြီး။ သူဟာ အလွန်ခက်ထန် မာကျောတဲ့ သူတစ်ယောက်ဖြစ်ခဲ့တယ်။ ဘ၀တစ်လျှောက်လုံး ထိုးနှက်တိုက်ခိုက်ခဲ့တယ်။ ပြန်လည်ထိုးနှက် ခြင်းကိုလည်း ခံခဲ့ရဖူးလှပြီး။ နာကျင်တယ်လို့ မထင်ခဲ့မိဘူး။ သူ့ခံနိုင်ရည်ကို သူဂုဏ်ယူခဲ့တယ်။ ဒီတစ်ခါ သူတော်တော်နာကျင်သွားပြီး။ မြားချက်၊ လှံချက်တွေ ကနာတာမဟုတပ်ပါဘူး။ နှလုံးသားက နာကျင်တာပါ။ ဦးဇင်းကလေးက ထပ်မံ သတိပေးပြန်ပါတယ်။
ဒကာကြီး ပြုခဲ့ဖူးသမျှ ကုသိုလ်အစုစုတို့ကို နှလုံးသွင်း အမျှဝေ သာဓုခေါ်ပေတော့ သူထွန့်ထွန့် လူးသွား တယ်။ သူ့အာရုံထဲမှာ အစီအရီိပေါ်လာတာကတော့ လူသတ်ခြင်း၊ ဓားပြတိုက်ခြင်း၊ မုဒိမ်းကျင့်ခြင်း။ အလိုမတူမယားများစွာ ထားရှိခဲ့ခြင်း၊ သားသမီးဘယ်နှယောက်ရှိမှန်း မသိခြင်း၊ ကာမစွမ်းအားအလို့ငှာ မျောက်အရှင်သွေးနဲ့ အရက်ရောစပ် သောက်ခြင်း၊ သမင်မရဲ့သားအိမ်ထဲက ကလေးငယ်ကို မီးကင်စားခြင်း၊
ဦးဇင်းကလေးရဲ့ မေတ္တာဓာတ်လွှမ်းခြုံရာ နယ်ပယ်အတွင်းက ၀က်ဝံမိသားစုကို ပစ်သတ်ခြင်း။ နောက်ထပ် ထွန့်ထွန့်လူးသွားပြီး သွေးတွေ ဗွမ်းခနဲ့အန်ချလိုက်ပြန်တယ်။ အဲဒီနောက်တော့ ရုပ်ပျက်ဆင်းပျက် အော်ဟစ်တွန့်လိမ် လူးလိမ့်ပြီး ကမ္ဘာမြေရဲ့ အရုဏ်သစ်ပေါင်းများစွာကို နှူတ်ခွန်းဆက်သဖို့ အခွင့်အရေး ဆုံးရှူံးသွားတော့တယ်။ ကမ္ဘာမြေနဲ့ အ၀န်းဖြစ်ပွားခဲ့ တဲ့လူသတ်ပွဲကြီးအပြီး တိုက်ခိုက်ရမ်းကားခဲ့တဲ့ လူဆိုး လူမိုက်တစ်ဦးရဲ့ စွန်ပစ်ခံသား၊ ရပ်မိရပ်ဖများနဲ့ တောထွက်ကိုယ်တော်ကြီးတစ်ပါးတို့ရဲ့ သွင်သင်ဆုံးမမှု အောက်မှာ ကြီးပြင်းခဲ့ရတဲ့ ငယ်ဖြူကိုယ်တော်လေးအဖို့တော့ ခန္ဓာအိမ်တည်ဆောက်မှုကို ဆန့်ကျင်၊ သံသရာကွင်းဆက်ကို ဖြတ်တောက်၊ အဆုံးသတ် အမှန်တရားဆီ သွားရာလမ်းကြောင်းပေါ်က မောင်းနှင်း အားဖြစ်ဖွယ်ရာ ပြကွက်တခု သာသာပါပဲ။
တစ်နေကုန် ဒေါသတကြီး ပူပြင်းလောင်ကျွမ်းနေတဲ့ နေလုံးကြီးကလည်း ပင်ပန်းနွမ်းသွားခဲ့ပြီ။

ဦးဇင်းကလေး မရဏနုဿ စီးဖြန်းနေဆဲ။
သူ ဦးပေသီး။ ဓားပြခေါင်း မဟုတ်တော့ပါဘူး။ ပညတ်တွေရှိခဲ့ဖူးတာကလွဲလို့ ခုတော့ ရုပ်မပျက်ဆင်းပျက် သေဆုံးနေတဲ့ အလောင်းကောင်သာ။ ဒါပေမဲ့ ဘယ်သူမဆိုဖြစ်နိုင်တယ်။ ဘယ်သူနဲ့မဆို ဆွေးမျိုးတော်စပ်နို င်တယ်။
နေလုံးကြီးကတော့ ကမ္ဘာမြေရဲ့ပခုံးသားပေါ် မှီအုံးသွားခဲ့ပြီ။ ဒီအချိန်ဟာ အရိပ်တွေ အရှည်လျားဆုံးပါပဲ။
ပြီးတော့ နှူတ်ခွန်းဆက်သ လာဦးမှာဖြစ်တဲ့ အရုဏ်ဦး မိုးကုပ်စက်ဝိုင်း ပေါင်းများစွာ။
ပြီးတော့ ဆည်းဆာအို မိုးကုပ်စက်ဝိုင်း ပေါင်းများစွာ။

တင်ယုစိန်

မင်းနဲ့အတူ

ငယ်ဆူးအိမ်


ငယ်ဆူးအိမ်ရဲ့ ကဗျာကို ခံစားဖတ်ရှုကြပါ

Monday, October 15, 2007

အားနာစွာနဲ့

ကျနော် ဘာလော့ဂ်ကို ဟိုကလိ ဒီကလိ လုပ်နေတာကြောင့် လာလည်သူ မိတ်ဆွေအပေါင်းအသင်း၊ သူငယ်ချင်းများကို အားနာစွာနဲ့ ပြောချင်ပါတယ်။ အခု ကျနော့်ဘလော့ဂ်ကို အပြင်အဆင်လေးကောင်းအောင် လုပ်နေခြင်းဖြစ်ပါတယ်။ အရင် ရှိတာလေးတွေ ပျောက်ကုန်တာကြောင့် အခု ကျနော် ထပ်မံ ပြုလုပ်နေကြောင်း အသိပေးခြင်း ဖြစ်ပါတယ်။ နားလည်ပေးကြမယ်ထင်ပါတယ်။

မာန်လှိုင်းငယ်

Saturday, October 13, 2007

အိမ် (ရဲလေး)



ရဲလေးရဲ့ အိမ်သီးချင်းလေးပါ။ ကျနော် နှစ်သက်လွန်းလို့ အားလုံးကို ပြန်လည် ဝေငှပေးလိုက်ပါတယ်။

Inside Myanmar: The Crackdown - 10 Oct 07 - Part 1



ဆရာတော်ဘုန်းဘုန်းတွေကို ယုတ်မာစွာ ရက်ရက်စက်စက် ရိုက်နှက်နေတဲ့ ဗွီဒီယို အခွေလေးပါ။ ကျနော့် အီးမေးလ်ထဲကို ဒီနေ့ ရောက်လာတာကြောင့် ဒီမှာ တင်ပေးလိုက်ပါတယ်။

အိမ်

မာန်လှိုင်းငယ်

“အိမ်”

နေ၀င်မိုးချုပ်
အိမ်ပြန်ရုပ်သိမ်း
အိပ်စက်ခြင်းသာ ငြိမ်းချမ်းရာ။ ။

မာန်လှိုင်းငယ်
၂၀၀၇ ခုနှစ်၊ အောက်တိုဘာလ (၁၃)ရက်။


ကဗျာလေးကတော့ ဘာမှမဟုတ်ပါဘူး။ ဒါပေမယ့် ကျနော့်ရင်ထဲက ထွက်လာတဲ့ အကြောင်းကလေးကို ရေးချမိသွားတာပါဗျာ။ နှစ်သက်ကြမယ်ထင်ပါတယ်။

မင်းအတွက်တော့

ငယ်ဆူးအိမ်


ငယ်ဆူးအိမ် ကဗျာတပုဒ်ကို ထပ်မံတင်ပေးထားပါတယ်။ ဖတ်ကြည့်ကြပါ။

Friday, October 12, 2007

စက်တင်ဘာ မျက်ရည်

မာန်လှိုင်းငယ်

“စက်တင်ဘာ မျက်ရည်”

သံဃာတော်တွေ အစော်ကားခံနေကြရတဲ့
မဇ္ဈိမဒေသရဲ့ မလှမ်းမကမ်း
ကျနော်တို့ရဲ့ နိုင်ငံတ၀ှမ်းမှာ
အဓမ္မကပဲ လွှမ်းမိုးထားမလား
ဓမ္မကပဲ လွှမ်းမိုးသွားမလားဆိုတာ --- ။

သရဲမရဲစီးနေတဲ့ စက်တင်ဘာ မုန်တိုင်းရဲ့ လက်
ရက်ရက်စက်စက် ချွေချလို့
နီဝါရောင်သွေးတွေ မြေခ
ဝသုန္ဒရေရဲ့ ရှိုက်သံ ဘ၀ဂ်ထိ လျှံခဲ့ပြီ။

သာသနာ့အလံကိုကိုင်ပြီး ချီတက်
မေတ္တာသုတ်တွေ ရွက်ဆိုရင်း
သံဃာတော်တွေ ကျတဲ့မျက်ရည်
ကျောင်းသားပြည်သူတွေ ကျတဲ့မျက်ရည်
တနေ့မှာ
ဓမ္မရဲ့ မေတ္တာတေးသံ
ကမ္ဘာရှည်တည်တံ့ လွှမ်းမိုးသွားလိမ့်မယ်။

စက်တင်ဘာ မျက်ရည်ကတော့
ရူးသွတ်နေတဲ့ မုန်တိုင်းကို အံတုရင်း
မြေမှာ ပေါင်းစည်းပျော်ဝင်
သမိုင်းသစ်ကို ရေးခြယ်ထုဆစ်
ကမ္ဘာမြေရဲ့ နှလုံးသားမှာ
မှတ်ကျောက်တင် တွင်ကျန်နေရစ်မယ်ဆိုတာ --- ။ ။

မာန်လှိုင်းငယ်
၂၀၀၇ ခုနှစ်၊ အောက်တိုဘာလ (၁၂)ရက်။


ကျနော် စက်တင်ဘာလ လမ်းလျှောက်ခှီတက်ပွဲအတွက် ဒီကဗျာနဲ့ လေးစားစွာ ဂုဏ်ပြုလိုက်ပါတယ်။

ချစ်သူရယ်

ငယ်ဆူးအိမ်


ငယ်ဆူးအိမ်ရဲ့ ကဗျာကို ကျနော် ထပ်တင်ပေးထားပါတယ်။ နှစ်သက်ကြမယ်ထင်ပါတယ်။

၈၈ မျိုးဆက်ကျောင်းသားများ ကြေညာချက်



၈၈ မျိုးဆက်ကျောင်းသားများရဲ့ ကြေညာချက်

APPPB Update

I. Update on Raids, Threats, Hostage, & Arrests:

1) Two Mothers Taken Hostage (Oct 11): There is a hostage situation of the mother and mother-in-law of a young woman activist in Rangoon. Thet Thet Aung and her husband, Chit Ko Linn, are both members of the '88 Generation Students. Chit Ko Linn was arrested on 8th October while Thet Thet Aung was able to evade the arrest on the street during the daylight in Rangoon.

Then yesterday morning on 10th Oct, Her mother and her mother-in-law were arrested from homes and the authorities said they would release two mothers only when Thet Thet would turn herself in.

The young couple has three boys aged 8, 6 and 1&1/2 year-old, and they had to leave these children in the care of their mothers while both were unable to return home trying to avoid the arrest. Now both grandmothers are in detention and the kids are left alone home. Thet Thet gave out interviews to Burmese media this afternoon.

2) Update on Student Leader, Hla Myo Naung: Hla Myo Naung's house was raided last night and all books and papers were taken away. His wife was informed by Rangoon Division police personnel that he had eye operation this morning at Kanthayar Hospital in Kandawgyi, Rangoon and his nervous system was damaged. She was not allowed to visit him. Hla Myo Naung and his wife, Aye Mar, have a 10-year-old son.

Amnesty International (London) has issued a statement today on October 11 voicing its concern for him.

3) Two More Arrested and 5 More Houses Raided: Last night on Oct 10, at least 5 houses of youths who were studying at American Center were raided. And two students were arrested.

4) Actor Kyaw Thu & Wife Arrested: Famous actor Kyaw Thu who supported the monks during the peaceful protests by donating alms to the monks along with detained satirist Zarganar was arrested last night on Oct 10 at home. It’s reported his wife was also arrested.

5) Update on the Monks (Oct 10-11): Five more monks were accused for involving in the marches and forced out from La Yaung Win Buddhist Temple in Sittwe of Arakan state, Gissapa News reported.

Hundreds of monks who fled Rangoon have arrived to their home towns in Mon State, Shan State and Tenaserrim Division after the army forced them out of Rangoon while hundreds of others continue to go back. Independent Mon News Agency (IMNA) reported that local authorities are making lists of the monks who have arrived from Rangoon and made inspections. At the same time, they banned the laypeople from donating the monks.

There are reports of arrest of a number of monks in Mon and Shan States upon their return. A Shan monk also reported to Shan Herald Agency News (SHAN) that at least 100 Shan monks are among those who have been detained in Rangoon.

II. The Junta’s Response:

The state-owned newspaper claimed that 60,000 pro-government demonstrators had gathered on Tuesday in Pa-an, Karen State to support the junta's version of "roadmap to democracy" while denouncing the US and foreign radio stations.

On the other hand, the junta announced the deferment of scheduled show of similar mass rallies in Arakan State for unlimited period due to the protests against these rallies as there were signs and posters posted in public areas denouncing the national convention and calling for release of Daw Aung San Suu Kyi and national reconciliation.

III. NLD’s Response: The National League for Democracy party on Tuesday called for talks with the junta, but urged it not to set conditions for any meetings.


IV. International Response:
UN: U.N. Security Council ambassadors failed to agree on Wednesday on a statement deploring the crackdown on pro-democracy demonstrators, and sent it to capitals for a decision on one key phrase. The latest, and third, version of the statement first circulated on Friday by the US, Britain and France said the council "strongly deplores the use of violence against peaceful demonstrations in Myanmar." But after nearly five hours of discussion the 15 council envoys could not agree on how to word a sentence about the release of political prisoners and included two versions in square brackets, according to a text obtained by Reuters.
IPU: The Inter-Parliamentary Union is calling for the release of 26 parliamentarian members jailed in Burma. The IPU says the Burmese lawmakers include people who have been imprisoned for a long time as well as some who were jailed during the recent military crackdown of peaceful protesters in addition to Daw Aung San Suu Kyi and innocent civilians and Buddhist monks.

US: The US Ambassador to the UN has said it is time to prepare for a government transition in Burma but also admitted that the ruling military would continue to play a role in the country's future. Khalilzad called for conditions to be improved for Daw Aung San Suu Kyi so that she could prepare for negotiations and also urged Mr. Gambari return as soon as possible to assist a dialogue.
As world attention continues to focus on the recent protests and crackdown in Burma, former U.S. President Jimmy Carter says he is closely watching events in the region. Burma has been at the forefront of President Jimmy Carter's worldwide human rights agenda since he left the White House in 1981. In May, President Carter, a vocal critic of the military government, joined 59 other world leaders in signing a letter demanding an end to Daw Aung San Suu Kyi's confinement.
V. Axis of Devil:

INDIA: India is close to signing an agreement with the Burmese military junta to develop the port of Sittwe, officials in Delhi said. India will put $103m into the project, despite international calls for sanctions against the military rulers. India is building roads and railways in western Burma, and its companies are trying to gain access to rich deposits of oil and natural gas.

SINGAPORE: Singapore, one of Burma's biggest investors, is under pressure from rights groups to use its economic clout to push the generals down along a more democratic path. Singapore, key investor in Burma’s tourism sector, provides medical care for the regime's generals and is seen as a financial centre for the Burmese Generals and their elites.
EU parliamentarians visiting the island last week called on Singapore to ease bank secrecy laws and seize assets of Burmese generals, or risk a proposed pact with the EU. Burma activist groups last week urged the US Senate foreign relations committee to compel Singapore banks to freeze the accounts of junta leaders, and prohibit US institutions from dealing with those that refuse.
INDONESIA: In Jakarta, Indonesian Defense Minister Juwono Sudarsono said yesterday that Aung San Suu Kyi's opposition movement was not a credible alternative to the junta, warning that a rush to democracy could create "another Iraq."
VI. Solidarity & Support around the World:

1) Statements: The Mindanao Peoples Caucus (MPC) released a statement of solidarity in which it called on the UN to immediately deploy its peacekeeping force to be able to abate the mayhem and upon the ASEAN to exhaust all diplomatic courses to pressure the military junta to agree to a constructive and peaceful dialogue with the participation of the ethnic nationalities. Burma Rivers Network (BRN), a network of ethnic youth organizations, also issued a statement yesterday denouncing the Burmese junta’s violence against the civilians.
2) Commemoration by Shan Community: Shan community in Thailand commemorated today the recent killings of Buddhist monks in Central Burma as well as those monks killed by the Burma Army during the civil war in Shan State. Ceremonies will be held at temples in ten locations to make merit for the deceased monks and to chant for peace in Burma.

3) Canberra Network for Democracy in Burma: The first event will be the handing over of a Free Burma Message Book to the Speaker of the Legislative Assembly, Mr. Wayne Berry at 11.45 pm in Civic Square on Friday 12th October. A further 7 books will be distributed to all faith groups in the ACT community to ask their congregations to sign messages of support to the monks and people of Burma. The second event will be a rally on Saturday 13 October at 11 am in Civic Square.

4) More Protests: Today in Manila, Philippines, there were protests in front of Chinese Consulate and SPDC Embassy by members of the Free Burma Coalition-Philippin es and Asia Pacific Solidarity Coalition (APSOC).

5) Protests in Hamburg, Germany: Sorry, that APPPB missed out to report the Burma actions by friends in Germany in our previous updates.

Burma Action Group Hamburg and Hamburg based Amnesty International staged demonstration in front of the Chinese Consulate General on 2nd October and dropped a letter of protest against China's misuse of veto at the UNSC; waged a protest march at down town Hamburg on Oct 5; and joined the world wide protest on Oct 6. Another demonstration was organized by a newly formed group called Solidaritätskomitee Burma.

နအဖ စစ်အစိုးရကလည်း ဖြက် လေး ဖြက်မူဝါဒကို စွန့်လွှတ်ဖို့လိုသည်




နအဖ စစ်အစိုးရကလည်း ဖြက် လေး ဖြက်မူဝါဒကို စွန့်လွှတ်ဖို့လိုသည် ကို သုတေသနနှင့် လေ့လာရေးဌာန မှ သုံးသပ်ချက် စာတမ်းဖြစ်ပါတယ်။

မိတ်ဆွေများခင်ဗျာ



ဗို့ဝိန်းဒေသက လမ်းလျှောက်ချီတက်ပွဲ ဖိတ်စာ

Thursday, October 11, 2007

ကျိုက်က္ကဆံကွင်းမှာ သံဃာတွေကို အတင်းလူဝတ်လဲခိုင်းနေ၊ အသက်ရှင်သူတွေကိုပါ အတင်းမီးရှို့



သံဃာတော်တွေကို အတင်းလူဝတ်လဲခိုင်းနေတဲ့ သတင်းတပုဒ်ဖြစ်ပါတယ်။

ရိုင်းလိုက်တဲ့ ရာဇ၀င်မှာ



ဆောင်းယွန်းလ ရဲ့ ကဗျာကို ဖတ်ကြပါဗှာ။ ကျနော် အရမ်းကို နှစ်သက်မိတာကြောင့် တင်ထားလိုက်ပါတယ်ဗှာ။

ငြိမ်းချမ်းရေး



ဆောင်းယွန်းလ ရဲ့ ငြိမ်းချမ်းရေး ကဗျာကို တင်ထားပါတယ်။

တိုက်ပွဲတွေထဲက ရလာဒ်



ဆောင်းယွန်းလ ရဲ့ ကဗျာ ဖြစ်ပါတယ်။

Saturday, October 6, 2007

ကိုစောငိုရဲ့ လက်ရာမြောက် ကာတွန်း





ကိုစောငို ကာတွန်းတွေကို ကြည့်ဟကပါ။ ဒီနေ့ ထပ်တင်ထားပါတယ်။

Friday, October 5, 2007

ဒီဇိုင်းပုံ Free Burma တွေပါ






free Burma Desgin တွေ ဖြစ်ပါတယ်။ နိုင်ငံတကာက ဒါမျိုးတွေ ထုတ်လုပ်နေပါပြီး

Free Burma




Wednesday, October 3, 2007

နောက်ထပ်ကာတွန်းများ







ကာတွန်းတွေကို ထပ်တင်ပေးထားပါတယ်။

တိုက်တွန်းနှိုးဆော်ချက်



အဖွဲ့ (၇)ဖွဲ့ မှ ပူးတွဲကြေညာချက်ဖြစ်ပါတယ်။

သာသနာဖျက်၊ အမျိုးဖျက်သမားတွေရဲ့ ရက်ရက်စက်စက် လုပ်ရပ်တွေပါ။

စီအန်အန်မှ ရိုက်ကူးမှတ်တမ်းတင်ထားတာပါ။ ဗွီဒီယိုမှတ်တမ်းကို ကြည့်ချင်ရင် ခေါင်းစဉ်စာသားကို နှီပ်လိုက်ပါ။ ပေါ်လာလိမယ့်မယ်ခင်ဗျာ။
သာသနာဖျက်၊ အမျိုးဖျက်သမားတွေရဲ့ ရက်ရက်စက်စက် လုပ်ရပ် တွေကို မှတ်တမ်းတင်ထားတဲ့ ဗွီဒီယိုမှတ်တမ်းဖြစ်ပါတယ်။ ကြည့်ကြပါဦး။

Tuesday, October 2, 2007

ကာတွန်းများ







အီးမေးလ်ထဲကို ၀င်လာတဲ့ ကာတွန်းပုံတွေကို ဒီမှာ ပြန်ထင်ထားပါတယ်။

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes