နွေးထွေးစွာ အေးမြခြင်းများစွာနဲ့ မာန်လှိုင်းငယ်မှ ကြိုဆိုပါသည်။ အကြံပြုချက်များ၊ ဝေဖန်စာများကိုလည်း ကြားချင်ပါသည်။

Monday, November 5, 2007

ကလေးတွေရဲ့ လုံခြုံရေးကို ဘယ်လိုလုပ်မလဲ

မာန်လှိုင်းငယ်

`ကလေးတွေရဲ့ လုံခြုံရေးကို ဘယ်လိုလုပ်မလဲ´

ကျနော် ဘလော့မိတ်ဆွေသူငယ်ချင်းများ အိမ်ကို လျှောက်လည်ရင်းနဲ့ မလင်း ဆီကို ရောက်သွားတယ်။ စိတ်မချမ်းသာစရာ သတင်းများတဲ့ ကျနော် ဘာများလဲလို့ ဖတ်ကြည့်လိုက်တော့ အရွယ်မရောက်သေးတဲ့ ကလေးလိင်ပိုင်းဆိုရာ အဓမ္မပြုကျင့်မှုဆိုတဲ့ အကြောင်းဖြစ်တော့ စိတ်မချမ်းသာစရာတောင် မကတော့ဘူးဗျ။ တကယ့်ကို ရင်နာစရာကောင်းတဲ့။ အော့နှလုံးနာလှတဲ့ သတင်းတွေပါဗျာ။

ကျနော်လည်း ပြောရဦးမယ်။ မြန်မာနိုင်ငံမှာတော့ ကျနော်လည်း အတိအကျတော့မသိဘူး။ ရှိမယ်လို့ ထင်ပါတယ်။ နအဖစစ်အုပ်စုက သတင်းအမှောင်ချထားတော့ ကျနော်တို့ တတွေ ဘယ်သိနိုင်ပါ့မလဲ။ ဒါပေမယ့် ကျနော်ထင်ပါတယ်။ အများကြီးမဟုတ်ရင်တောင် သုံးပုံ ပုံရင် နှစ်ပုံလောင်တော့ ရှိမယ်နဲ့တူတယ်။ ဒါက မြန်မာနိုင်ငံအကြောင်းပေါ့ဗျာ။

အခု ကျနော်နေတဲ့ ထိုင်းနိုင်ငံမှာလည်း အနည်းနဲ့ အများ ဆိုသလို ရှိတယ်ဗျ။ ဒါကတော့ မြန်မာနိုင်ငံသားအချင်းချင်း ဖြစ်နေတဲ့ ကိစ္စတွေပါ။ ထိုင်းနိုင်ငံက ကိစ္စကတော့ ကျနော် မပြောတော့ပါဘူး။ ကိုယ်ချင်းစာနာစိတ်မရှိတဲ့လူ။ သားသမီးချင်း မေတ္တာစိတ် မရှိတဲ့ လူတွေဟာ ကိုယ့်နိုင်ငံသားအချင်းချင်းပဲ။ ယုတ်မာကောက်ကျစ်တဲ့ အကြောင်းလေးကို သွားအမှတ်ရမိတယ်။ ဖြစ်တဲ့ကိစ္စကတော့ ၂၀၀၅ ခုနှစ်ဝန်းကျင်မှာပါ။ ရက်နဲ့ လ ကိုတော့ ကျနော် မမှတ်မိတော့ဘူး။ သတင်းလည်း ဖတ်ရတယ်။ ကလေးကို မုဒိန်းကျင့်ပြီး သတ်လိုက်တယ်ဆိုတဲ့ သတင်းပါဗျာ။

ကလေးက အသက်ရွယ်ကလည်း (၅)နှစ်အရွယ်။ (၆)နှစ်အရွယ်သာသာပဲ ရှိသေးတယ်။ အဲဒီမုဒိန်းကျင့်တဲ့ လူကြီးကလည်း ကလေးမိဘတွေ နဲ့ တော်တော်ကို ရင်းနှီးတဲ့ လူလေ။ ကလေးကို မြ၀တီအလည်အပတ် ခေါ်သွားမယ်ဆိုပြီး မိဘတွေကို ပြောတော့ မိဘတွေကလည်း ကိုယ့်လူရင်းတွေဆိုတော့ စိတ်ချလက်ချ ထည့်လိုက်တာ။ အားပါးပါးနော်။ အဲဒီလူကြီးက ကလေးမလေးကို မြ၀တီနဲ့ မဲဆောက် ကြား တောလမ်းလေးမှာ မုဒိန်းကျင့်ပြီး သတ်ပစ်လိုက်တယ်ဗျ။ အဲဒါက ၂၀၀၅ ခုနှစ်မှာ ဖြစ်တဲ့ ကိစ္စပါ။ မလင်းရဲ့ စိတ်မချမ်းသာစရာ သတင်းကို ဖတ်လိုက်ရတော့ ဒိုင်းခနဲ့ဆို ၀င်လာလို့ အခုလို ပြန်ပြီး ပြောပြမိတာပါ။

ကျနော် ထင်ပါတယ်။ ကြာလေ ကလေးတွေရဲ့ လုံခြုံရေးအတွက်ကို စိုးရိမ်မိတယ်။ အစကတည်းက မတားဆီးနိုင်ရင် ရှေ့အလားလာအတွက် မစဉ်းစားရဲဘူးဗျ။ ဒါဟာ ခေတ်ကြီးကိုလည်း မပြစ်မတင်သင့်ဘူး။

ကျနော့် အမြင် ပြောရရင် လူတွေ အားလုံးမှာ တာဝန်ရှိတယ်။ အထူးသဖြင့်ပေါ့။ မိဘတွေ၊ ဆရာတွေ၊ ပြီးတော့ နိုင်ငံတော် အစိုးရ စသည် စသည်ဖြင့် အားလုံးပေါ့ဗျာ။ ဒီလူတွေက အဓိက ကြပ်မတ်စောင့်ရှောက် မယ်ဆိုရင် ကလေးတွေအတွက် လုံခြုံစိတ်ရမယ် မဟုတ်လားဗျာ။
မလင်းကို ကျနော်ကျေးဇူးတင်တယ်ဗျာ။ အခုလို သတင်းတွေကို ဖတ်ရင်း ကျနော့် ရင်တွေ နာတယ်ဗျ။ အဲဒီလိုလူမျိုးတွေကို အမှုန့်ကျေပစ်ချင်လောက်အောင်ကို မုန်းမိတယ်။ မလင်းလိုပဲ ကျနော်လည်း ထပ်တူထပ်မျှ ခံစားရပါတယ်လို့ ပြောချင်ပါတယ်ဗျာ။

2 comments:

Winkabar said...

ဖတ်ပြီးစိတ်မချမ်းသာလိုက်တာ။ ဒီခေတ်ကြီးမှာဘယ်သူမှမယုံရဘူးနော်။ ဒီလူတွေက ကလေးလေးတွေကိုတောင်ရက်စက်ရက်တယ်နော်။
ဘယ်လိုစိတ်ထားတွေလဲမသိပါဘူး။

tayzar said...

လူစိတ်မရှိတဲ့သူတွေက ငရဲပဲသွားရမှာပဲဗျာ။ ကိုယ်ချင်းစာစိတ်မှမရှိကြပဲ။ လူတွေ ရုပ်ဝထ္ထုတွေ တိုးတက်သလောက် စိတ်ဓာတ်တွေ နိမ့်ကျနေကြတယ်။ လူမျိုးအချင်းချင်းလည်း အကူအညီပေးမယ် စိတ်မကူးကြဘူး နှိပ်စက်ဖို့ပဲ လူလည်ကျဖို့ပဲ စဉ်းစားနေကြတယ်။ ထိုင်းဘက်မှာ မြန်မာကလေးတွေ အနှိမ်ခံပြီး အလုပ်လုပ်နေကြရတယ်။ ကူညီဖို့စိတ်မကူးကြဘူးဗျာ။ လူကုန်ကူးဖို့ပဲ စိတ်ကူးနေကြတယ်။ ကြားရတာ စိတ်မကောင်းဘူးဗျာ။

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes