နွေးထွေးစွာ အေးမြခြင်းများစွာနဲ့ မာန်လှိုင်းငယ်မှ ကြိုဆိုပါသည်။ အကြံပြုချက်များ၊ ဝေဖန်စာများကိုလည်း ကြားချင်ပါသည်။

Wednesday, November 7, 2007

ကပျာကယာ ဂျပန်ကဗျာတရာ အပိုင်း (၅)

(၇၁)
ညနေစောင်း လေအေးက
ဒီဘက်ဇောင်းကို ဇွတ်တိုက်နေတယ်
ထွက်ကြည့်ပါဦး
လာစမ်းပါဗျ။

(၇၂)
တကရှိ ကမ်းကို
လာရိုက်တဲ့ လှိုင်းကြမ်း
မြင်ဖူးကြမှာပါ
ငါကတော့ ခပ်လန့်လန့်
ငါ့အင်္ကင်္ျီလက်တွေ စိုရော့မယ်။

(၇၃)
တမျှော်တခေါ်
တောင်တွေတောတွေ
ချယ်ရီပန်းတွေဝေလို့
ဒါလောက်မြင်ကွင်းလှချိန်မှာ
မြူဆိုင်းရတယ်လို့။

(၇၄)
ငါ့ကို ဒုက္ခပေးတဲ့မိန်းမ
ကွမ်ရင်မယ်တော် ကယ်ပါလို့လည်း
ဆုတောင်းပါတယ်
တောင်ပေါ်လေကြမ်း မိပါစေလို့လည်း
ဆုတောင်းပါတယ်။

(၇၅)
မင်းရဲ့အာမခံချက်
အင်မတန်ပျင်းစရာကောင်းတဲ့ဆောင်းဦးမှာ
မင်းရဲ့ကတိကို ရရင်
နေပျော်ပါတယ်။

(၇၆)
ပင်လယ်ဆိုတာ ပြန့်ကျယ်
ခတ်တက်ကိုသာ ဆွဲရတယ်
ဘယ်လဲဟေ့
တိမ်ဖြူ လှိုင်းဖြူ?

(၇၇)
ကတိ ရေကျတဲ့အခါ
တောင်စောင်းကို ရေကြောင်းတိုးလို့
တောင်စောင်းနဲ့ရေစောင်း တိုက်သလို
တို့နှစ်ယောက်လည်း တိုက်မယ်။

(၇၈)
အ၀ဓိ ကျွန်းဆီက ငှက်သံ
တညံညံ
ငါ့မှာတော့ တစ်ယောက်တည်း
ဆုမတံခါးဝမှာ တစ်ယောက်တည်း။

(၇၉)
ဆီးနှင်းကျတဲ့ ရာသီမှာ
`တိမ်`လည်း လှုပ်ရှားမှာပဲ
`လ` လည်းသာမှာပဲ
ဒါပေမဲ့ မထင်ရှား။

(၈၀)
သူဘာတွေးမယ် ဘာမြင်ချင်တယ် ဆိုတာ
ငါသိပါတယ်
ဒါပေမယ့် ဒီဆံပင် ရှည်ကြီးရှုပ်လို့
ငါလည်း မြင်ချင်တာ ရှင်းလင်းပြီသ မမြင်ရ။

(၈၁)
ဥသြသံကြားပါရဲ့
ငှက်ကို မမြင်ရ
သူကမပုန်းပေမယ့်
သစ်ရွက်က ဖုံးထားတယ်။

(၈၂)
အချစ်ကို တွေးပြီး
မျက်ရည်ကျနေလို့ မပြီးသေးဘူး
ဒီဝဋ္ဋ် ဒုက္ခက ကျွတ်အောင်
ဘာလုပ်ရမယ်ဆိုတာလည်း ငါမသိဘူး။

(၈၃)
ဒီတောင်ပေါ်မှာ
ငါတစ်ယောက်တည်းလို့ထင်တာ
သမင်ထီးက ဖိုသံပေးတော့
ငါကသူ့ကို ဆရာတင်ရမယ်။

(၈၄)
ငါအသက်ရှည်ပါရင်
ငါခံစားခဲ့ရတဲ့ဒုက္ခတွေဟာ
ဘာမျှ မကြီးကျယ်ပါလားလို့သိမယ်။

(၈၅)
စိမ်းကားသွားသူ့အကြောင်းတွေးရင်
အိပ်မပျော်တဲ့ည
အရုဏ်ကျင်း၍ လင်းစပြုပြီဆိုပေမယ့်
ဒီအခန်းမှာ လင်းခွင့်မရ။

(၈၆)
ဒီလမင်းကို မြင်ပြန်တော့
ရှေးရှေးက ၀မ်းနည်းစရာတွေကို
သူက ခေါ်လာပြီပေးသလို
မျက်ရည်တွေတွေ ကျပါရဲ့။

(၈၇)
မိုးက ဖြုန်းခနဲရွာ
မြက်သစ်ရွက်မှာ ရေစိုဆဲ
ရွာဝန်းကျင်မှာ မြူကဆိုင်း
ဆောင်းဦးကာလပုံစံ အတိုင်း။

(၈၈)
နနိဝ ပင်လယ်အော်က ကိုင်းပင်တွေဟာ
အဆစ်တိုတယ်
မင်းလာတဲ့ ညတစ်ညလိုပဲ
တိုသာတိုတယ် လွမ်းရဆဲ။

(၈၉)
ဒီပုလဲသွယ် ကြိုးပြတ်မယ်ဆိုရင်
ခုအချိန်ပဲ
စောင့်ရတယ်ဆိုတာမျိုးကို မကြိုက်ပေမယ့်
အချစ်ပွင့်ဖို့
ငါဘယ်လောက် စောင့်နိုင်မှာလဲ။

(၉၀)
အိုဂြီမ က တံငါတွေ
နေကုန် နေခမ်း
အင်္ကျီလက် ရေစိုတာ
ခြောက်တယ်လို့ မရှိ
ဆေးရောင်ကျွတ်တာလည်း မမြင်။

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes