နွေးထွေးစွာ အေးမြခြင်းများစွာနဲ့ မာန်လှိုင်းငယ်မှ ကြိုဆိုပါသည်။ အကြံပြုချက်များ၊ ဝေဖန်စာများကိုလည်း ကြားချင်ပါသည်။
Showing posts with label အခြားစာမျက်နှာ. Show all posts
Showing posts with label အခြားစာမျက်နှာ. Show all posts

Monday, July 14, 2008

ဝါဆိုလပြည့်

ဝါဆိုလပြည့်
အခုလာမယ့် (၁၇)ရက်နေ့မှာ ၀ါးတွင်းကာလ။ လပြည့်နေ့ဖြစ်ပါတယ်၊ အခုလို ၀ါတွင်းကာလရောက်တော့မယ်ဆိုရင်ဘဲ မြတ်စွာဘုရားရှင်ရဲ့ သားတော်တွေဖြစ်တဲ့ ရဟန်း သံဃာတော်တွေကို ဆွမ်းတွေ လောင်း၊ ၀တ္ထုအစုစုတို့ကို လှူတဲ့မြင်ကွင်း။ ဘုန်းကြီးကျောင်း မှာ တရားဘာဝနာသွားရောက်အားထုတ်တာကိုလည်း ပြန်ပြီးတွေ့မြင်ရမယ့် ဒီဝါတွင်းကာလ မှာ ကြည်ညိုဖွယ် တွေ့မြင်ရမှာကို တွေးပြီး တအားကို ၀မ်းသာအားရ ကြည်နူးမိမှာ အမှန်ပါပဲ။
ဒါပေမယ့်ဗျာ ဒီဝါတွင်းကာလမှာ ကျနော်က အလှူတွေလုပ်နိုင်ပါ့မလား၊ ဒါမှမဟုတ် တရားဘာဝနာများ ပွားများနိုင်ပါ့မလား၊

ဘာပဲဖြစ်ဖြစ်ပါ၊ ဖြစ်နိုင်ရင်တော့ မြန်မာပြည်မှာ နာဂစ်မုန်းတိုင်းဒဏ်ခံထားရတဲ့ လူတွေအတွက်တော့ ကျနော် ဆုတောင်းပေးနေမှာပါ။ သူတို့တွေရဲ့ ဘ၀ဟာ အင်မတန်မှကို ချွတ်ချုံကျသွားတဲ့ ဘ၀ပါပဲ။ သူတို့တွေရဲ့ ဘ၀အသစ်တဖန်တိုးတက်လာစေဖို့အတွက် ကျနော် ဒီဝါတွင်းကာလမှာ ဆုတောင်းမေတ္တာပို့မယ်။ ကျနော်ဟာ သူတို့တွေအတွက် ဆုတောင်းပေး နိုင်ရုံသက်သက်ပဲ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ အခုလို ဒီစကားကိုပဲ သုံးဖြစ်တာပါ။
မြန်မာပြည်က လေဘေးသင့်ပြည်သူတွေကော ဒီဝါတွင်းကာလမှာ ဘာတွေများ လုပ် ဆောင်နိုင်ပါ့မလဲ၊ သူတို့ရုန်းကန်နေရတဲ့ဘ၀အတွက် ကုသိုလ်ကောင်းမှုတွေကော ယူနိုင်ကြပါ့ မလား။ ကျနော် တွေးမိပါတယ်ဗျာ။
နောက်ပြီး နာဂစ်ဒဏ်ခံ ကလေးတွေအတွက်ဆိုရင် ပိုမိုပြီး ဆုတောင်းလုပ်ဆောင်ပေးရ မှာပါ၊ ဒီဝါတွင်းကာမှာပေါ့ဗျာ၊ ဒါကြောင့် အားလုံးသော လူသားအားလုံး ကိုယ်တတ်နိုင်တဲ့ ဘက်။ ကိုယ်လုပ်နိုင်တဲ့ အရာလေးနဲ့ ဒီဝါတွင်းကာလမှာပဲ လုပ်ဆောင်ပေးကြပါလို့ တိုက်တွန်း ချင်တယ်ဗျာ။
အားလုံးသော မိတ်ဆွေသူငယ်ချင်းများအားလုံးလဲ ဒီဝါတွင်းကာလမှာ ပျော်ပျော်ရွှင်ရွှင် နဲ့ ကုသိုလ်ကောင်းမှု အစုစုတို့ကို ရယူနိုင်ကြပြီး စိတ်နှလုံးပျော်ရွှင်ချမ်းမြေ့ပါစေလို့ ဆုတောင်း ပေးလိုက်ပါတယ်ဗျာ။

Thursday, May 1, 2008

ဒီလိုမျိုး မဲပေးရတယ်



Saturday, March 15, 2008

ကန့်ကွက်မဲတွေ ပေးကြ

ကန့်ကွက်မဲတွေ ပေးကြပါ ...



Tuesday, October 30, 2007

Monday, October 29, 2007

ပြန်ရောက်နေကြောင်း

မာန်လှိုင်းငယ်

မင်္ဂလာပါဗျာ။ ကျနော် ဒီနေ့ပဲ ပြန်ရောက်ပါပြီး။ ရောက်ရောက်ချင်းပဲ ကျနော် စီဘောက်ကို ကြည့်လိုက်တယ်ဗျာ။ အားလုံးက ကျနော့်ကို မျှော်နေတာတွေ့ရတော့ ၀မ်းသာပီတိဖြစ်ရပါတယ်။ တခုတော့ တောင်းပန်ချင်ပါတယ်ဗျာ။ ကျနော် ပြန်လာတာနောက်ကျနေတော့ ကျနော့် ညီအကို မောင်နှမ မိတ်ဆွေသူငယ်ချင်းများအားလုံးကို စိတ်မကောင်းဖြစ်ရပါကြောာင်းနှင့် ၀မ်းနည်းမိပါတယ်။ အခုတော့ ကျနော် ပို့တွေ ဆက်တင်နိုင်အောင် ကြိုးစားသွားပါတော့မယ်။ ကဗျာလက်ဆောင်တွေကို လည်း ယူလာပါတယ်။ မနက်ဖြန်မှပဲ ကျနော် တင်ဖြစ်တော့မယ်။ အခုတော့ တပုဒ်ပဲ တင်လိုက်ပါ့မယ်။ နောက်နေ့တွေပါ ကဗျာလက်ဆောင်တွေ။ စာလက်ဆောင်တွေ ဝေမျှပေးပါမယ်။ ကျနော့် ညီအကို မောင်နှမတွေ အားလုံးကို အကြောင်းကြားလိုက်ပါတယ်ဗျာ။ မင်္ဂလာနေ့မြတ်ဖြစ်ပါစေလို့ ဆုမွန်ကောင်း တောင်းရင်း ပြန်ရောက်လာကြောင်း အသိပေးလိုက်ပါတယ်ဗျာ။

Saturday, October 20, 2007

အသိပေးအပ်ခြင်း

မာန်လှိုင်းငယ်

အသိပေးအပ်ခြင်း

ကျနော့် ညီအကိုမောင်နှမ။ မိတ်ဆွေသူငယ်ချင်းများအားလုံးသို့ အသိပေးအပ်ခြင်းဖြစ်ပါတယ်။ ကျနော် မနက်ဖြန်မှစ၍ နောက်တပတ်လုံးလုံး ဘလော့ဂ်ရေးခြင်းကို ခဏနားမည်ဖြစ်ကြောင်းနဲ့။ ညီအကိုမောင်နှမ။ မိတ်ဆွေသူငယ်ချင်းများအားလုံးဆီကိုလည်း အလည်အပတ် သွားရောက်မည် မဟုတ်တော့ပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော် ခရီးထွက်စရာရှိနေလို့ပါ။ တပတ်ကြာမှာဖြစ်တဲ့အတွက်ကြောာင့် ကျနော် ဘလော့ဂ်ကို မလှည့်နိုင်တော့ပါ။ ဒါပေမယ့် အားရင်တော့ အလည်အပတ် သွားရောက်နိုင်အောင် ကြိုးစားသွားပါမည်။ ကျနော်မရှိတုန်း အလည်အပတ် လာရောက်သူရော။ ကွန်မန့်ပေးချင်သူများအားလုံး ပေးထားပေးစေချင်ပါတယ်။ ကျနော်ပြန်ရောက်တဲ့အခါ ဖတ်ချင်လို့ပါ။ အမောပြေချင်လို့ပါ။ အားလုံးကို တောင်းခံအပ်ပါသည်။

Friday, October 19, 2007

တိုက်တွန်းခြင်း

မာန်လှိုင်းငယ်

သီချင်းတပုဒ်ကို နားထောင်ကြည့်စေချင်တယ်။ သီချင်းလေးခေါင်းစဉ်က `သနပ်ခါး´ဖြစ်ပါတယ်။ ကျနော်တို့ မြန်မာအမျိုးသမီးတွေ သနပ်ခါးလိမ်းလိုက်တဲ့အခါ လှပသွားကြတယ်။ မလှတဲ့သူတွေတောင်မှ ကြည့်လို့ကောင်းသွားတယ်။ ဒီသနပ်ခါးသီချင်းကို ကျနော်နားထောင်လိုက်တိုင်း။ ရင်ခုန်တယ်။ ကြည်နူးတယ်။ ပီတိဖြစ်တယ်။ လွမ်းဆွတ်မိတယ်။ ဒီသီချင်းကို ကျနော် တင်ထားတာ ကြာပါပြီး အခု ပြန်ပြီးတော့ လင့်ပြန်လုပ်ထားပါတယ်။ ကျနော့် ညီအကိုမောင်နှမ။ ရောင်းရင်းတွေ အားလုံးကို ပြန်နားထောင်စေချင်တဲ့ ဆန္ဒနဲ့ပါ။ သီချင်းကိုတော့ ဘေးမှာ လင့်ခ်တင်ထားပါတယ်။ နားထောင်ကြည့်ကြပါဗျာ။ မြန်မာအမျိုးသမီးတွေအတွက် ဂုဏ်ယူစရာပေါ့။ မဟုတ်ဘူးလား။ ဒါကတော့ ကျနော့်အထင်ပါ။

Monday, October 15, 2007

အားနာစွာနဲ့

ကျနော် ဘာလော့ဂ်ကို ဟိုကလိ ဒီကလိ လုပ်နေတာကြောင့် လာလည်သူ မိတ်ဆွေအပေါင်းအသင်း၊ သူငယ်ချင်းများကို အားနာစွာနဲ့ ပြောချင်ပါတယ်။ အခု ကျနော့်ဘလော့ဂ်ကို အပြင်အဆင်လေးကောင်းအောင် လုပ်နေခြင်းဖြစ်ပါတယ်။ အရင် ရှိတာလေးတွေ ပျောက်ကုန်တာကြောင့် အခု ကျနော် ထပ်မံ ပြုလုပ်နေကြောင်း အသိပေးခြင်း ဖြစ်ပါတယ်။ နားလည်ပေးကြမယ်ထင်ပါတယ်။

မာန်လှိုင်းငယ်

Saturday, October 13, 2007

Inside Myanmar: The Crackdown - 10 Oct 07 - Part 1



ဆရာတော်ဘုန်းဘုန်းတွေကို ယုတ်မာစွာ ရက်ရက်စက်စက် ရိုက်နှက်နေတဲ့ ဗွီဒီယို အခွေလေးပါ။ ကျနော့် အီးမေးလ်ထဲကို ဒီနေ့ ရောက်လာတာကြောင့် ဒီမှာ တင်ပေးလိုက်ပါတယ်။

Friday, October 12, 2007

၈၈ မျိုးဆက်ကျောင်းသားများ ကြေညာချက်



၈၈ မျိုးဆက်ကျောင်းသားများရဲ့ ကြေညာချက်

နအဖ စစ်အစိုးရကလည်း ဖြက် လေး ဖြက်မူဝါဒကို စွန့်လွှတ်ဖို့လိုသည်




နအဖ စစ်အစိုးရကလည်း ဖြက် လေး ဖြက်မူဝါဒကို စွန့်လွှတ်ဖို့လိုသည် ကို သုတေသနနှင့် လေ့လာရေးဌာန မှ သုံးသပ်ချက် စာတမ်းဖြစ်ပါတယ်။

မိတ်ဆွေများခင်ဗျာ



ဗို့ဝိန်းဒေသက လမ်းလျှောက်ချီတက်ပွဲ ဖိတ်စာ

Friday, October 5, 2007

ဒီဇိုင်းပုံ Free Burma တွေပါ






free Burma Desgin တွေ ဖြစ်ပါတယ်။ နိုင်ငံတကာက ဒါမျိုးတွေ ထုတ်လုပ်နေပါပြီး

Wednesday, October 3, 2007

တိုက်တွန်းနှိုးဆော်ချက်



အဖွဲ့ (၇)ဖွဲ့ မှ ပူးတွဲကြေညာချက်ဖြစ်ပါတယ်။

Thursday, September 27, 2007

မေတ္တာပို့ ဆုတောင်းမှုများ လုပ်ကိုင်ကြရန်

လေးစားအပ်ပါသော နိုင်ငံတကာရောက် ရဟန်းရှင်လူ၊ ကျောင်းသားပြည်သူ၊ အမိအဖ၊ တိုင်းရင်းသား ညီအကိုမောင်နှမများအားလုံး။

သံဃာတော်များဦးဆောင်မှုနှင့်အတူ ပြည်သူများ ကိုင်စွဲချီတက်ခဲ့သော ကြွေးကြော်သံများဖြစ် သည့်
(က) စားဝတ်နေရေး ပြေလည်ရေး၊
(ခ) အမျိုးသားပြန်လည်သင့်မြတ်ရေး၊
(ဂ) နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်ပေးရေး ဖြစ်ပါသည်။

ဆရာတော်သံဃာတော်များ၏ မေတ္တာပို့တောင်းဆိုပြီး ငြိမ်းချမ်းစွာ လမ်းလျှောက်ဆန္ဒပြနေခြင်း ဖြစ်ပါသည်။ ထိုငြိမ်းချမ်းစွာ ဆန္ဒပြနေမှုတွင် ပါဝင်နေသော ဆရာတော်သံဃာတော်၊ ရဟန်းရှင်လူ၊ ကျောင်းသားပြည်သူ၊ အမိအဖအပေါင်းတို့အား (နအဖ)စစ်အုပ်စုတို့က မိုက်ရိုင်းစွာ မျက်ရည်ယိုဗုံးများ၊ ဒိုင်းများကိုကာပြီး နံပါတ်တုတ်များ၊ ၀ါရင်းတုတ်များ၊ စက်သေနက်များနှင့် ရက်စက်စွာ အကြမ်းဖက်ရိုက်နှက်၊ ပစ်ခတ်ဖြိုခွင်းနေမှုကို ရပ်တန်းက ရပ်နိုင်အောင် ၀ိုင်းဝန်း ကူညီကြပါရန် လေးစားစွာ မေတ္တာရပ်ခံပါသည်။ နအဖစစ်အုပ်စုသည် မနေ့ကထက် ယနေ့တွင် ပိုမိုအကြမ်းဖက်မှုများ လုပ်နေပါသည်။


နိုင်ငံတကာရောက် ရဟန်းရှင်လူ၊ ကျောင်းသားပြည်သူ၊ အမိအဖ၊ တိုင်းရင်းသား ညီအကိုမောင်နှမများအားလုံး ပြည်တွင်းက ဆန္ဒပြသူ သံဃာတော်ဆရာတော်များနှင့် ပြည်သူအပေါင်းတို့နှင့် ပျံလွန်တော်မှုသွားသည့် ရဟန်းသံဃာတော်များ၊ ကျဆုံးသွားသည့် ပြည်သူတို့အတွက် မိမိတို့ရဲ့ နေအိမ်၊ ကျောင်း၊ ရုံးများတွင် ဖယောင်းတိုင်များ ထွန်းညှိပြီး မေတ္တာပို့ ဆုတောင်းမှုများ လုပ်ပေးကြရန် မေတ္တာရပ်ခံပါသည်။

ယနေ့ ထုတ်ပြန်ကြေညာချက်



ဒီကနေ့ သတင်းထုတ်ပြန်ကြေညာချက်များဖြစ်ပါတယ်။

Wednesday, September 26, 2007

ပြည်သူ့ဆန္ဒ ပြည့်ဝပါစေ



သံဃာတော်များနှင့် ပြည်သူလူထုအပေါင်းတို့ အရာခပ်သိမ်း ကင်းငြိမ်းကြပါစေ။

သံဃာ့သစ္စာအဓိဌာန်



သံဃာများရဲ့ သစ္စာအဓိဌာန်ကို တင်ထားပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာတပ်ပေါင်းစုကြီးနှင့် ၈၈ မျိုးဆက်ကျောင်းသားများ၏ ပူးတွဲကြေညာချက်



မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာတပ်ပေါင်းစုကြီးနှင့် ၈၈ မျိုးဆက်ကျောင်းသားများ၏ ပူးတွဲကြေညာချက် ဖြစ်ပါတယ်။

ပြည်သူ့မျိုးချစ်တပ်မတော်တပ်ပေါင်းစု ဖွဲ့စည်းခြင်းနှင့် ကြေညာချက်




ပြည်သူ့မျိုးချစ်တပ်မတော်တပ်ပေါင်းစု ဖွဲ့စည်းခြင်းနှင့် ကြေညာချက် ပဲဖြစ်ပါတယ်။ ဒီအကြောင်းကို ဖတ်ပြီးတော့လဲ ဝေဖန်သုံးသပ်နိုင်ပါတယ်။

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes