နွေးထွေးစွာ အေးမြခြင်းများစွာနဲ့ မာန်လှိုင်းငယ်မှ ကြိုဆိုပါသည်။ အကြံပြုချက်များ၊ ဝေဖန်စာများကိုလည်း ကြားချင်ပါသည်။

Wednesday, November 7, 2007

ဖေဖေ သို့ ….

မာန်လှိုင်းငယ်

“ဖေဖေ သို့ ….”

တခါတခါ
ဖေဖေ့စကား နားထောင်ချင်ပေမယ့်
လုပ်ချင်ရာ လုပ်နေတဲ့
သားရဲ့ မဟာရည်မှန်းချက်ပန်းတိုင်ကို
အရောက်သွားလိုက်ဦးမယ် ဖေဖေ … ။

တခါတခါ
ဖေဖေ့ဆန္ဒအတိုင်း လုပ်ချင်ပေမယ့်
သားရဲ့ ၀ါသနာဝမ်းတွင်းမီးကို
အပြောကျယ်တဲ့ သမုဒ္ဒရာကြီးလောက် ဖြစ်ချင်သေးတယ် ဖေဖေ … ။

ဖေဖေ ….
သားကို ခွင့်လွှတ်ပါ။

မဝေးတော့တဲ့ အချိန်မှာ
ပြီးပြည့်စုံစွာနဲ့
ပြန်လာခဲ့ပါမယ် ဖေဖေ …. ။ ။

မာန်လှိုင်းငယ်
၂၀၀ရ ခုနှစ်၊ နိုဝင်ဘာလ (၆)ရက်။

2 comments:

Chaos said...

ကိုမာန်လှိုင်းတစ်ယောက်
ကဗျာထဲကအတိုင်း
အဖေ့ဆန္ဒ ပြည့်ဝပါစေ

Kaung Kin Ko said...

ခံစားချက်တွေ တိုက်ဆိုင်တယ်ဗျာ။ ကျွန်တော်လည်း အဲလို ခံစားချက်မျိုးရှိတယ်ဗျ။ ကဗျာလေးအတွက် ကျေးဇူး။

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes