နွေးထွေးစွာ အေးမြခြင်းများစွာနဲ့ မာန်လှိုင်းငယ်မှ ကြိုဆိုပါသည်။ အကြံပြုချက်များ၊ ဝေဖန်စာများကိုလည်း ကြားချင်ပါသည်။

Monday, November 19, 2007

အသံနှစ်မျိုး

မာန်လှိုင်းငယ်

“အသံနှစ်မျိုး”

ဆောင်းမနက်မှာ
အင်္ကျီလက်ရှည်ဝတ်
လက်အိတ်ကိုစွတ်ရင်း
လမ်းလျှောက်ထွက်ခဲ့တယ်။

တနေရာမှာ
`ဘယ်သွားမှာလဲ မိတ်ဆွေ´
မိတ်ဆွေတစ်ယောက်ရဲ့ နှုတ်ခွန်းဆက်သံ
ပြုံးရုံတာပြုံးရင်း
လမ်းဆက်လျှောက်ထွက်ခဲ့တယ်။

တကွေ့မှာ
`ကျန်းမာရေးအတွက်
လမ်းလျှောက်ထွက်နေတာလား´
ဆရာမ စင်သီတာမောင်ရဲ့ အေးမြတဲ့ အသံ
ဒါတော့ မနေနိုင်
`ဟုတ်ကဲ့ ဆရာမ´
ပြန်ဖြေလိုက်ရင်း
လမ်းဆက်လျှောက်ထွက်ခဲ့တယ်။ ။

မာန်လှိုင်းငယ်

2 comments:

Kaung Kin Ko said...

မနက်တိုင်းလမ်းလျှော်ထွက်တယ်ပေါ့။ ကောင်းတယ်ဗျို့ ။ ဆရာမ စင်သီယာမောင်နဲ့ သိတယ်ပေါ့။ ကောင်းတယ်ဗျာ။လူတိုင်း သူ့ လို လှပတဲ့ နှလုံးသားတွေရှိရင် လောကကြီးက အရမ်းနေပျော်မှာပဲနော်။

စိုးထက် - Soe Htet ! said...

ကောင်းပါတယ်ဗျို့ အသံနှစ်မျိုး ... :D

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes