နွေးထွေးစွာ အေးမြခြင်းများစွာနဲ့ မာန်လှိုင်းငယ်မှ ကြိုဆိုပါသည်။ အကြံပြုချက်များ၊ ဝေဖန်စာများကိုလည်း ကြားချင်ပါသည်။

Thursday, November 1, 2007

ဘလော့ဂ်စွဲလမ်းမှု ဖြစ်နေပြီလာ” တဲ့

မာန်လှိုင်းငယ်

မရွှေဂျမ်းက ကျနော့်ကို ဘလော့ဂ်ရောဂါ ရှိ မရှိ လာမေးသွားတော့ ကျနော်ကလည်း စမ်းစစ်ကြည့်လိုက်တယ်ဗျ။ အင်း တကယ်တော့ ကျနော်လည်း ဘလော့ဂ်ရောဂါ စွဲကပ်နေပြီလေ။ ဘယ်လောက်ရာနှုန်းရှိနေပြီလဲပေါ့။

81%How Addicted to Blogging Are You?

Meet Michigan Singles



သေချာတယ်၊ အဲဒီရာခိုင်နှုန်းတော့ ရှိနေပြီ။ ဒါ ဘလော့ဂ်ရောဂါ စွဲနေပြီလို့ ပြောလို့ ရပြီလား။ ပြောပြပေးကြပါဦး။ ကျနော်တော့ စမ်းစစ်လေ တွေ့လေဆိုတော့ နည်းနည်းတော့ ကိုယ့်ကိုယ်ကို ပြန်လန့်မိတယ်ဗျ။ ဘယ်လိုလုပ်ရမလဲ။ ဒါကို တားပေးနိုင်တဲ့ နည်းလမ်းတွေ ပြောပြပေးကြပါဦး။

ဒါနဲ့ ကျနော် ထပ်ပြီးစဉ်းစားကြည့်သေးတယ်ဗျ။ အဲဒါကတော့ အလုပ်လုပ်တာက နည်းနည်း၊ ဘလော့ဂ်ရူးတာက များများဖြစ်နေတာကို တွေ့လာရပြန်ပါတယ်။

ကဲ မရွှေဂျမ်းရေ .... ကျနော်ကတော့ ဘလော့ဂ်ရောဂါ ရှိမရှိကိုတော့ စမ်းစစ်ပြီးပြီဗျ။ ဒီအတွက် စွဲလမ်းမှုပြဿနာကို ကျနော်တို့ ဘယ်လိုများ ဖြေရှင်းကြမလဲ။ နည်းနာများရှိရင် ပြောပါဦး။ ဒါပေမယ့် တခုတော့ရှိတယ်၊ စီပုံကို အပြေးအလွှား ၀င်ဖတ်။ ကွန်မန့်တွေဆီ ပြန်ပြေးနဲ့ ဒီဟာကိုတော့ ဖျက်လို့ မရဘူး။ ဟုတ်တယ်မဟုတ်လား။ သေချာတယ်။ ဘယ်သူ့မေး မေး။ ဒီအဖြေပဲ ထွက်လာလိမ့်မယ်။

1 comments:

This is about... said...

စာရင်းကောက်သွားပြီရှင်။ မှတ်တမ်းတင်ထားတယ် ဟဲဟဲ

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes