မာန်လှိုင်းငယ် 
“ပြတင်းပေါက်နံဘေး စက္ကန့်ခဏလောက် ထိုင်ကြည့်ပါ”
ပြတင်းပေါက်နံဘေး စက္ကန့်ခဏလောက် ထိုင်ကြည့်ပါ
ဆန်ပြာပေးမယ့် အဘွားအို မရှိတော့
ရွှေယုန်ကလေးနဲ့ အဘိုးအို ဆန်ဖွပ်ရင်း ငိုင်တွေနေတာ တွေ့လိမ့်မယ်။
ပြတင်းပေါက်နံဘေး စက္ကန့်ခဏလောက် ထိုင်ကြည့်ပါ
လနဲ့ ညတို စီးချင်းထိုးကြတော့
တိမ်တွေ ငိုနေတာ တွေ့လိမ့်မယ်။
ပြတင်းပေါက်နံဘေး စက္ကန့်ခဏလောက် ထိုင်ကြည့်ပါ
လေနဲ့ သစ်ပင် စကားထာဝှက်တော့
ပိုးမွှားတွေက လက်ခုပ်တီးတာ တွေ့လိမ့်မယ်။
ပြတင်းပေါက်နံဘေး စက္ကန့်ခဏလောက် ထိုင်ကြည့်ပါ
ပန်းချီမမီ၊ စာမပီတဲ့ သဘာဝကို
မျက်စိတဆုံး ဇာတ်ကုန်လွတ်ကြည့်လိုက်
ရင်ဘတ်ထဲက ကဗျာဟာ
အပြေးသမားလို ပြေးနေတာ
လမ်းတေလေလို လွှင့်မျောနေတာ တွေ့လိမ့်မယ်။

 3:47 PM
3:47 PM
 မာန်လှိုင်းငယ်
မာန်လှိုင်းငယ်
 
 Posted in:
 Posted in:   
 
2 comments:
"ပတင်းပေါက်နံဘေး စက္ကန့်ခဏလောက် ထိုင်ကြည့်ပါ
ဆန်ပြာပေးမယ့် အဘွားအို မရှိတော့
ရွှေယုန်ကလေးနဲ့ အဘိုးအို ဆန်ဖွပ်ရင်း ငိုင်တွေနေတာ တွေ့လိမ့်မယ်။"
စာသားတွေကိုခိုက်တယ်ဗျာ။
ကိုမာန်လှိုင်းရေ…
ပြတင်းပေါက်နံဘေးမှာ စက္ကန့်ခဏလောက် ထိုင်မကြည့်ဘဲ မိနစ်အများကြီး မတ်တပ်ရပ်ကြည့်သွားပါတယ်။
Post a Comment