နွေးထွေးစွာ အေးမြခြင်းများစွာနဲ့ မာန်လှိုင်းငယ်မှ ကြိုဆိုပါသည်။ အကြံပြုချက်များ၊ ဝေဖန်စာများကိုလည်း ကြားချင်ပါသည်။

Monday, November 5, 2007

နေ၊ လ၊ စကြာ၊ ၀င်္ကပါ

မာန်လှိုင်းငယ်

‘နေ၊ လ၊ စကြာ၊ ၀င်္ကပါ’

သူရိန် ..... (နေ)
ကျုပ် (လူများ)သည်ကား
မြင့်မြင့်မြတ်မြတ်
စူးစူးရှရှ တစ်စင်းထဲတည်း
ပူလင်း စွမ်းအားနှင့် နေ့အခါ
ကမ္ဘာကြီးပေါ် ဖြန့်ကျက်ပေးတဲ့
သူရိန်နေမင်းကြီးပမာ
ဖြစ်ချင်နေပါဘိလော။

စန္ဒာ ..... (လ)
တစ်ဖန်
သာသာယာယာ
အေးအေးချမ်းချမ်းတစ်ဆူတည်း
အလင်း စွမ်းအားနှင့် ညအခါ
ကမ္ဘာမြေကြီးထက်ဝယ် ဖြာကျပေးတဲ့
စန္ဒာလမင်းကြီးပမာ
တည်ရှိနေချင်ပါဘိလော။

စကြာ ......
ဤသို့၌လည်း
အစွမ်းအစ
တန်ခိုးဣိတ္တိပ္ပ တစ်ပါးတည်း
သြဇာ အာဏာနှင့် စကြာလော၌၀ယ်
ကျင်လည်ကျက်စားနေတဲ့
စကြာမင်းကြီးပမာ
စွမ်းထက်ချင်ပါဘိလော။

ဝင်္ကပါ .......
လူ့သဘာ၀၀ယ်
ရှုပ်ထွေးပွေလီ
လောကကြီးကို
ဝင်္ကပါကြီးသမျှ ထင်မိနေ
ထိုသို့ထင်ခိုက်
ဝင်္ကပါထဲသို့ ၀င်ဆန့်နေချင်ပါဘိလော။

နေ၊ လ၊ စကြာ၊ ၀င်္ကပါ
ဤသည် လေးပါး
ဖြစ်ပေါ်တည်ရှိနေသမျှ
ကျုပ် (လူများ)သည်ကား
မည်သည့် (အရာ) ကဲ့သို့
အဖြစ်ချင်ဆုံးဆန္ဒ ဖြစ်ပေါ်နေဘိလော။ ။

မာန်လှိုင်းငယ်

1 comments:

မျှားပြာ said...

လူတွေအားလုံးမှာ တာဝန်ရှိပါတယ်ဗျာ ..
အစ်ကို့ကိုရော မလင်းကိုပါ လေးစားပါတယ်ဗျာ ..။

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes