နွေးထွေးစွာ အေးမြခြင်းများစွာနဲ့ မာန်လှိုင်းငယ်မှ ကြိုဆိုပါသည်။ အကြံပြုချက်များ၊ ဝေဖန်စာများကိုလည်း ကြားချင်ပါသည်။

Thursday, November 22, 2007

ကဗျာဆရာ နှင့် ကဗျာ စီးချင်းထိုးပွဲ

မာန်လှိုင်းငယ်

“ကဗျာဆရာ နှင့် ကဗျာ စီးချင်းထိုးပွဲ”

ကဗျာဆရာ နှင့် ကဗျာ စီးချင်းထိုးပွဲမှာ ...

ကဗျာဆရာက
ကဗျာကို အလှဲထိုးဖို့ တာစူနေတယ်။

ကဗျာက
ကဗျာဆရာကို လှောင်ရယ်နေတယ်။

ကဗျာဆရာက
အိနြေ္ဒမျက်နှာနဲ့ ကဗျာကို
ပဲပင်ပေါက် ပျိုးသလို
အတားအဆီးမဲ့ ထိုးလေပြီ။

ကဗျာက
စပ်ဖြဲဖြဲမျက်နှာနဲ့ ကဗျာဆရာကို
ရန်ခုန်သံမြန်လာအောင်
ဟိုခုန် ဒီပေါက် ပြေးလေပြီ။

ညက လကို လိုက်ဖမ်းသလို
ကဗျာဆရာက ကဗျာကို လိုက်ဖမ်းနေတယ်။

လက ညကို ပုန်းရှောင်သလို
ကဗျာက ကဗျာဆရာကို ပုန်းရှောင်နေတယ်။

ကဗျာဆရာ နှင့် ကဗျာ
တန်းတူထပ်စစ်ပွဲ ထိုးလေပြီ။

ကဗျာ နှင့် ကဗျာဆရာ
ကဗျာ ရစ်သမ်က ငြိမ်းချမ်းရေးဆို
ကဗျာဆရာ နှလုံးသားက ဘယ်လိုဘာလဲ ... ။

ဒီလိုနဲ့
ကဗျာဆရာရဲ့ ကလောင်ဟာ
ကဗျာကို အလှဲမသိပ်နိုင်သေးပါ။
ကဗျာကလည်း
ကဗျာဆရာကို မလှည့်စားနိုင်သေးပါ။

ကဗျာဆရာ နှင့် ကဗျာ စီးချင်းထိုးပွဲမှာ ... ။ ။

မာန်လှိုင်းငယ်

2 comments:

Mintasay said...

နှစ်ယောက်စလုံးဂုဏ်သရေရှိစွာ သရေပွဲလုပ်လိုက်ရတယ်ပေါ့

တင့်ထူးရွှေ said...

ကဗျာဆရာ လက်စွမ်းထက်တယ်ဗျို့

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes