နွေးထွေးစွာ အေးမြခြင်းများစွာနဲ့ မာန်လှိုင်းငယ်မှ ကြိုဆိုပါသည်။ အကြံပြုချက်များ၊ ဝေဖန်စာများကိုလည်း ကြားချင်ပါသည်။

Saturday, November 17, 2007

အချစ်ဆိုတာ ဘာလဲ

မာန်လှိုင်းငယ်

“အချစ်ဆိုတာ ဘာလဲ”

အချစ်အကြောင်းကို ရေးပေးပါတဲ့ ... မေပျို က ကျနော့်ကို TAG လုပ်ထားတော့ ကျနော်လည်း စဉ်းစားပြီး ရေးရတော့မှာပေါ့။ အခု ရေးလိုက်ပါပြီး။

အချစ်ဆိုတာ ဘာလဲတဲ့။ လူတိုင်းက အဓိပ္ပါယ်တွေ ဖွင့်ကြတယ်။ အမျိုးမျိုး၊ အထွေထွေပါပဲ၊ လူတိုင်းက အဓိကထားပြီး ပြောဖြစ်ကြတာက ကြောင်းအရာနှစ်ချက်ထားပြီ ပြောကြတယ်။ အဲဒါတွေကတော့ လူတိုင်းသိပြီးသားတွေပါပဲ။ ၅၂၈ ဆိုတဲ့ အချစ်နဲ့ ၁၅၀၀ ဆိုတဲ့ အချစ်ပဲ ဖြစ်ပါတယ်။

ကျနော်လည်း ဒီအကြောင်းတွေအပေါ်မှာပဲ အခြေခံပြီး ပြောရမှာပဲ။ ကျနော်တို့ ထိတွေ့နေတာက ဒီနှစ်ချက်ပဲ ရှိတယ်မဟုတ်လား။ ၅၂၈ ဆိုတဲ့ ချစ်ခြင်းမေတ္တာကို လူအတော်များများ ပြောကြပါတယ်။ ကျနော်လည် ပြန်လည် ပြောချင်ပါတယ်။

ကျနော်တို့ဟာ မိဘနဲ့ သားသမီးအချစ်ကို ပြောကြတယ်။ မိဘနဲ့ သားသမီးချစ်တဲ့ အချစ်ဟာ အေးမြတယ်။ ကြည်နူးတယ်။ ကျေနပ်တယ်လို့ လူတွေ အမျိုးမျိုးပြောကြတယ်နော်။ ဟုတ်ပါတယ်။ တကယ်လည်း အေးမြပါတယ်။ တခါတလေမှာလဲ ပူလောင်စေတဲ့ အချစ်တွေလည်း အများကြီးပါပဲ။ ဥပမာ ပြောရမယ်ဆိုရင်။ ။ သားသမီး အရမ်းဆိုးပေတေနေတာရယ်။ သားသမီးက မိဘကို စိတ်ဒုက္ခပေးတာရယ်။ ဒါမှမဟုတ် မိဘမကောင်းတော့ သားသမီးဒုက္ခဖြစ်ရတာရယ်တွေကြောင့် အဲဒီအချစ်တွေက သားသမီးနဲ့ မိဘကတော့ ချစ်ကြပါတယ်။ ဒါပေမယ့် အဲဒီအချစ်က ပူလောင်စေတယ်လို့ ကျနော်မြင်တယ်။ အဲဒါက တခုပေါ့။

ဒါပေမယ့် သေချာပြန်စဉ်းစားလိုက်လို့ရှိရင် မိဘနဲ့ သားသမီးတွေ ချစ်တာဟာ ဖြူစင်တယ်။ သန့်ရှင်းတယ်။ အေးမြတယ်မှန်ပေမယ့် မိဘနဲ့ သားသမီးကြားမှာ ဖြူစင်တဲ့အချစ်ဖြစ်ဖို့ တကယ့်လိုအပ် ချက်က ဘာလဲ။ အဲဒါကို ကျနော်တို့ သိဖို့လိုမယ်လို့ ထင်ပါတယ်။ အဲဒီတကယ့်လိုအပ်ချက်က ကျနော် အမြင်ကို ပြောရမယ်ဆိုရင် ... မိဘနဲ့ သားသမီးကြား နားလည်မှုရှိရမယ်။ ယုယမှုရှိရရင်။ ကြင်နာမှုရှိရ မယ်။ နွေးထွေးမှုရှိရမယ်။ အဲဒါတွေရှိပြီဆိုရင် မိဘနဲ့ သားသမီးကြားမှာ ချစ်ခြင်းမေတ္တာဟာ တကယ့်ကို ဖြူစင်တဲ့ အချစ်။ သန့်ရှင်းတဲ့ အချစ်။ အေးမြတဲ့ အချစ်ကိုရမယ်။ ဒါဟာ ၅၂၈ ဆိုတဲ့ အချစ်။ ချစ်ခြင်း မေတ္တာပါပဲ။ ဒါကတော့ မိဘနဲ့ သားသမီးကြား အချစ်ကို ကျနော် အဓိပ္ပါယ်ဖွင့်ကြည့်တာပါ။ ဖွင့်ကြည့် တာထက် အမြင်ကို ပြောတာ ပိုမှန်ပါတယ်။ ကျနော်ကိုယ်တိုင်းလည်း အဲဒီလို ခံယူထားပါတယ်။ တကယ့်လက်တွေမှာလည်း အဲဒီလို ကျင့်သုံးပါတယ်။

နောက်ထပ် အချစ်ဆိုတဲ့ အရာကို ပြောချင်ပါသေးတယ်။ အဲဒါကတော့ သူငယ်ချင်း အချစ်ပါပဲ။ သူငယ်ချင်းလို့ ဆိုလိုက်တာနဲ့ နှစ်မျိုးနှစ်စား ပေါ်လာပါသေးတယ်။ အဲဒါတွေကတော့ ငယ်ပေါင်းကြီး ဖော် သူငယ်ချင်း။ ဘယ်လိုပြောရမလဲ ငယ်သူငယ်ချင်းတွေဖြစ်ပါတယ်။ နောက်တမျိုးကတော့ ကိုယ်နဲ့ တိုက်ဆိုင်တာပဲဖြစ်ဖြစ်။ ၀ါသနာတူတာပဲဖြစ်ဖြစ်။ လုပ်ရင်းကောင်းရင်း ခင်မင်တာပဲဖြစ်ဖြစ် ခင်မင် ရင်းနှီး လာကြတဲ့ သူငယ်ချင်းတွေကို ပြောချင်တာပါ။ ဒီလိုမျိုး ကျနော်ယူဆတာပါ။ သူငယ်ချင်း နှစ်မျိုးပေါ့။ ငယ်သူငယ်ချင်းတွေက စပြီးပြောရရင် ... ငယ်သူငယ်ချင်းအချစ်ဟာ ပိုမိုခိုင်မြဲတယ်လို မပြောချင်ပါဘူး။ ငယ်သူငယ်ချင်းအချစ်ဟာလည်း ဖြူစင်တယ်။ အေးမြတယ်။ သန့်ရှင်းတယ်လို့ ကျနော် ထင်တယ်။ ငယ်သူငယ်ချင်းတွေက ဆိုးတူကောင်းဘက်တွေလို့တောင် ပြောကြတယ်။ အကုန်ပြောရရင် သေလည်း အတူတူ။ ရှင်လည်း အတူတူ ဆိုတာတွေထိတောင် ဖြစ်လာတဲ့ တကယ့် အချစ်ပါပဲ။ အဲဒီထဲမှာလည်း နားလည်မှု။ စာနာမှု။ ဖေးမမှု။ နွေးထွေးမှု။ ကြင်နာမှု။ ခွင့်လွှတ်နိုင်မှု တွေဟာလည်း အဲဒီငယ်သူငယ်ချင်းအချစ်မှာ ရှိနေတာပါပဲ။ ဒါဟာ တကယ့်သံယောဇဉ်အချစ်ဖြစ်ပါပဲ။ သူငါလည်း မိဘနဲ သားသမီးအချစ်လိုပါပဲ။ နောက်ထပ် သူငယ်ချင်းမိတ်ဆွေ အချစ်ဆိုတာကို ပြောချင်သေးတယ်။ အဲဒီအချစ်ဟာ ခိုင်မာမှုရှိသလို။ မခိုင်မာမှုလည်း ရှိပါတယ်။ သူတို့ဟာလည်း ငယ်သူငယ်ချင်းတွေလိုပဲလို့တောင် ပြောလို့လည်းရပါတယ်။ တချို့ သူငယ်ချင်တွေဟာ စွန့်လွှတ်မှု တွေပါတယ်။ အနစ်နာခံမှုတွေပါတယ်။ သတ္တိရှိမှုတွေပါတယ်။ စာနာသနားမှုတွေပါတယ်။ အဲဒီသူငယ်ချင်းအချစ်မှာ။ သူလည်းပဲ ဖြူစင်ပါတယ်။ အေးမြပါတယ်။ နွေးထွေးပါတယ်။ တခါတလေ မှာလည်း တကယ့်ကို ပူလောင်စေတဲ့ အချစ်လည်း ဖြစ်နေပါသေးတယ်။ ဒါကတော့ ငယ်သူငယ်ချင်းနဲ့ မိတ်ဆွေသူငယ်ချင်းတို့ အချစ်တွေကို ကျနော် မြင်တာကို ပြောတာ။ ကိုယ်တိုင်သိတာကိုလည်း ပြောပြတာပါ။

နောက်ဆုံး တပိုင်းကို ပြောရရင်တော့ ကျနော်လည်း သိပ်မပြောပြတက်ပါဘူး။ အဲဒါကတော့ ၁၅၀၀ ဆိုတဲ့ အချစ်ပါပဲ။ အဲဒီအချစ်ဟာ ကျနော့်ဆီမှာလည်း ရှိပါတယ်။ ဒါပေမယ့် ပြောပြဖို့ကို မစွမ်းပါဘူး။ နှစ်ယောက်ချင်းတော့သိတယ်။ တခြားလူတွေကို ပြန်ပြီးပြောပြမတတ်ပါဘူး။ ဒါပေမယ့် ကျနော် သိသလောက် မှတ်သလောက်လေး ပြောကြည့်ရမယ်ဆိုရင် .... အဲဒါကိုတော့ ကျနော် ကဗျာအဖြစ်နဲ့ ရေးပြီး ပြောလိုက်ပါမယ်။ ဟုတ်မဟုတ်ဆိုတာကိုတော့ ဖတ်နေတဲ့ လူတိုင်းက စဉ်းစားကြည့်ကြပေါ့။ ကဗျာကိုတော့ ကျနော် အောက်မှာ ရေးထားပါတယ်။ ဖတ်ကြည့်ပြီးတော့ စဉ်းစားကြပါ။ ကျနော် ပြောတာ ဟုတ်ချင်မှလည် ဟုတ်မှာပါ။ အမှန်ကြီးပဲလို့ မသတ်မှတ်လိုက်ကြပါနဲ့လို့ မေတ္တာရပ်ခံချင်ပါ တယ်။

“အချစ်ဆိုတာ”

အချစ်ဆိုတာဟာ
အေးမြခြင်း။ နွေးထွေးခြင်း
ယုယခြင်း။ ကြင်နာခြင်း
နားလည်ခြင်းတွေ အပြည့်နဲ့ ရှိနေတာပါ။

အချစ်ဆိုတာဟာ
စွန့်လွှတ်အနစ်နာခံခြင်း
ပေးဆပ်ခြင်း
ရယူပိုင်ဆိုင်ခြင်းတွေ အပြည့်နဲ့ ရှိနေတာပါ။

အချစ်ဆိုတာဟာ
အပြောကျယ်တယ်
နက်ရှိုင်းတယ်
ကြာရှည်မှုတွေ အပြည့်နဲ့ ရှိနေတာပါ။

အချစ်ဆိုတာဟာ
တကယ်တော့ ...
တိမ်ယောင်နဲ့ နက်
နက်မယောင်နဲ့ တိမ်
လွယ်မယောင်နဲ့ ခက်
ခက်မယောင်နဲ့ လွယ် ဖြစ်နေရပါတယ်။

ခုတော့ ...
အချစ်ဆိုတာဟာ
ပြောဖို့လည်း ခက်
အသိရလည်း ခက်ဆိုတဲ့ အချစ်ပါပဲ။

အဲဒါကတော့ ၁၅၀၀ ဆိုတဲ့အချစ်ကို ကျနော် ကဗျာဖွဲ့ကြည့်လိုက်တာပါပဲ။ ဟုတ်မဟုတ်ဆိုတာကို အထက်မှာ ကျနော် ပြောပြခဲ့တဲ့အတိုင်း ကိုယ့်ဟာကိုယ် စဉ်းစားကြည့်ကြပါ။ ကဲ ... မေပျို ရေ ... ကျနော် အချစ်အကြောင်း ကို အဓိပ္ပါယ် ဖွင့်ကြည့်လိုက်ပါပြီး။ ဒီလောက်ဆို ကျေနပ်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ တခြားဘယ်သူကို TAG လုပ်မလဲလို့ လိုက်ကြည့်လိုက်တာ တော်တော်များများ ပြောပြီးကုန်ပါပြီး။ ဒါကြောင့် ဘယ်သူကိုမှ ပြန် TAG မလုပ်တော့ပါဘူး။ အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေဗျာ။

မာန်လှိုင်းငယ်

2 comments:

မေပျို said...

ကျေနပ်ပါတယ် အကိုရေ။ ကဗျာလေးကိုရော၊ စာလေးကိုရော။ ရေးထားတာ သဲထက်တောင် ကောင်းသေးတယ်။ အထူးသဖြင့် မိဘနဲ့သားသမီးကြားက အချစ်အကြောင်းလေးလေ။ အဲဒါလေးက တော်တော်ကောင်းတယ်။ မိဘနဲ့သားသမီးကြားမှာ နားလည်မှုက အရမ်းလိုတယ်မဟုတ်လား။ အရမ်းကို ကျေနပ်တယ်နော်။

ပီကေ said...

ကျနော့်ဘ၀မှာ ကိုယ့်ကို အမြဲပျော်အောင် လုပ်ပေးနေတဲ့ လူတွေက မိဘနဲ့ ငယ်သူငယ်ချင်းတွေပါပဲ။ ဆုံးရှုံးလို့ မဖြစ်တဲ့ ရတနာတွေပါ။ ကျနော့်ဘ၀ရဲ့ တန်ဖိုးအထားဆုံး မေတ္တာတွေပါ။ ဒီပို့စ်လေးကို ဖတ်ပြီး သူတို့ကို ပြန်မြင်ယောင်လာမိတယ်။ ကျေးဇူးပါ။

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes