နွေးထွေးစွာ အေးမြခြင်းများစွာနဲ့ မာန်လှိုင်းငယ်မှ ကြိုဆိုပါသည်။ အကြံပြုချက်များ၊ ဝေဖန်စာများကိုလည်း ကြားချင်ပါသည်။

Tuesday, October 30, 2007

ကြားဖူးနားဝ

မာန်လှိုင်းငယ်

“ ကြားဖူးနားဝ”

“ဂြိုလ်မရှိတဲ့ အုပ်
နားဂုတ်ဗိုလ်ဖြစ်”

“အနှစ်မရှိတဲ့ တော
ကြက်ဆူမင်းဖြစ်”တဲ့
ကျနော် ကြားဖူးနားဝရှိခဲ့တယ်။

ခု ----
လက်တွေ့မှာတော့
စစ်အာဏာရှင်တွေ
အာဏာကို ဖက်ထားလို့
လက်နက်နဲ့ ခွေးတွေကို ကိုင်ပြီး
နိုင်ငံနဲ့ ပြည်သူ၊ သံဃာတော်များကို
ဂုတ်သွေးစုပ်၊ ရက်စက်နေ
သွန် လို သွန်၊ မှောက် လို မှောက်
ဥပဒေမဲ့ ရမ်းကားလိုက်ကြတာ ---- ။

ဒါတင်မက
အိမ်နီးချင်းနိုင်ငံအနက်
တရုတ်ကို ဖထွေးခေါ်
အိန္ဒိယကို မိထွေးလို ကိုးကွယ်နေကျတယ်။

အတိတ်က
ကြားဖူးနားဝ
ပစ္စုပ္ပန်မှာတော့
နဖူးတွေ့၊ ဒူးတွေ့ပါပဲ။ ။

မာန်လှိုင်းငယ်
၂၀၀၇ ခုနှစ်၊ အောက်တိုဘာလ (၂၅)ရက်။

1 comments:

Kaung Kin Ko said...

ကဗျာကထိတယ်ဗျို့ ။

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes