နွေးထွေးစွာ အေးမြခြင်းများစွာနဲ့ မာန်လှိုင်းငယ်မှ ကြိုဆိုပါသည်။ အကြံပြုချက်များ၊ ဝေဖန်စာများကိုလည်း ကြားချင်ပါသည်။

Saturday, November 10, 2007

သူငယ်ချင်းများသို့တမ်းချင်း

မာန်လှိုင်းငယ်

“သူငယ်ချင်းများသို့တမ်းချင်း”

“သူငယ်ချင်း ....
လိုရာဆန္ဒအားလုံး ပြည့်ဝပါစေ
ဘယ်နေရာဘဲရောက်
တို့အားလုံးကို သတိရပါနော်” တဲ့

သူငယ်ချင်းရေ ....
မင်းပေးတဲ့ဆုနဲ့ ပြည့်ဝပါစေ
မင်းပြောသလို
ငါဘယ်နေရာဘဲရောက်ရောက်
မင်းတို့ကို ငါသတိရနေမှာပါကွာ ... ။

“ချစ်သော သူငယ်ချင်းရေ ....
ထာဝရတစ်သက်လုံး ပျော်ရွှင်နိုင်ပါစေ
တစ်ယောက်နဲ့တစ်ယောက်ခွဲတဲ့အချိန်မှာ
အမြဲတမ်းသတိရနေမယ်နော်” တဲ့

ချစ်သော သူငယ်ချင်းရေ .....
မင်းရဲ့ စကားလက်ဆောင်နဲ့တင် ပျှော်ရွှင်နိုင်ပါပြီ
စိတ်ချပါ ....
တို့တွေ ခွဲခွာနေတဲ့အချိန်မှာ
မင်းပြောခဲ့သလို
အမြဲတမ်း သတိရနေတယ်ဆိုတာ ယုံပါကွာ ... ။

“သူငယ်ချင်း ....
ဘ၀တစ်လျှောက်လုံးမှာ ကံကောင်းပါစေ
ပြီးတော့ ....
အောင်မြင်သူ တစ်ယောက်ဖြစ်လာနိုင်အောင်ကြိုးစားနော်” တဲ့

သူငယ်ချင်းရေ ....
ဘ၀တစ်လျှောက်လုံး ကံကောင်းအောင်တော့
ငါ လျှောက်လှမ်း ရုန်းကန်နေတယ်
ခုတော့ ...
အောင်မြင်သူ တစ်ယောက်ဖြစ်မလာခဲ့ပေမယ့်
ငါ ကြိုးစားလျှောက်လှမ်းနေဆဲပါကွာ ... ။

မာန်လှိုင်းငယ်
၂၀၀၇ ခုနှစ် ၊ နိုင်ဝင်ဘာလ (၉)ရက်။

2 comments:

စိုးထက် - Soe Htet ! said...

သူငယ်ချင်းတွေ က ကြာလေ ဆုံဖို့ နည်းလာလေပဲဗျ ... ကဗျာလေး ကောင်းတယ်ဗျ ... :)

Chaos said...

သူငယ်ချင်းရေ
ကဗျာလေးကိုဖတ်ပြီး
သူငယ်ချင်း
အောင်မြင်မှာပါ
အောင်မြင်မှုဆိုတာ
ကြိုးစားသူတိုင်းကို
လက်ကမ်းကြိုနေတယ်လေ

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes