နွေးထွေးစွာ အေးမြခြင်းများစွာနဲ့ မာန်လှိုင်းငယ်မှ ကြိုဆိုပါသည်။ အကြံပြုချက်များ၊ ဝေဖန်စာများကိုလည်း ကြားချင်ပါသည်။

Saturday, December 1, 2007

ဒီဇင်ဘာ ည

ဒီဇင်ဘာ ညသီချင်းကို ဒီနေရာကိုဆိုးသွမ်းဆီက ပြန်လည်ကူးယူတင်လိုက်ပါတယ်။

ဒီဇင်ဘာ ည

ဒီဇင်ဘာ ည

အပြင်မှာ နှင်းတွေ ကျဆင်းလို့နေပြီ....အိမ်မက်ဟောင်းတွေ
ရင်ထဲရောက်လာသည်...ငါမလိုချင်သော နာရီများ
လွန်ဆန်ချင်နေလည်း ။
မျှော်လင့်ခြင်းတွေ.....ငါမုန်းလိုက်ချင်ပြီ
ဒီလိုညတွေ ကုန်ဆုံးလိုက်ချင်ပြီ......မြူမှုန်တွေရဲ့ ခြေသံလေး
နင်ပြန်မလာတော့ဘူးလား......

ဒီဇင်ဘာည အဖြူရောင်မြူနှင်းကြားမှာ အတူဆုံနေကြ.....
ဒီလိုအချိန်လေးရောက်လာ
ဟိုအရင်က အပြာရောင်အိမ်မက်လေးကို ပြန်လည်တမ်းတရင်း ကြေကွဲ
ငါ ငိုနေဆဲ..ယုံပါ ကောင်မလေးရယ်။
ပြန်ဆုံနိင်မဲ့ ကံကို ငါတမ်းတတယ်......
ဒါပေမယ့်လည်း အဖြူရောင်မြူနှင်းကြားမှာ ငါဟာ အချစ်ပျောက်လိုက်ရှာ ရင်းနဲ့
လွမ်းနေဆဲ...။

ပူလောင်ခြင်းတွေ ....ရင်ထဲပြည့်နေပြီ ဒီဇင်ဘာညကို အံတုလို့နေပြီ
ငါမလိုချင်သော ဒဏ်ရာလေး နာကျင်နေပြီပဲ
မျှော်လင့်ခြင်းတွေ..ငါမုန်းလိုက်ချင်ပြီ
ဒီလိုညတွေ ကုန်ဆုံးလိုက်ချင်ပြီ...မြူမှုန်တွေရဲ့ ခြေသံလေး
နင်ပြန်မလာတော့ဘူးလား.....

ဒီဇင်ဘာည အဖြူရောင်မြူနှင်းကြားမှာ အတူဆုံနေကြ
ဒီလိုအချိန်လေးရောက်လာ ဟိုအရင်က အပြာရောင်အိမ်မက်လေးကို
ပြန်လည်တမ်းတရင်း ကြေကွဲ .....။
ငါ ငိုနေဆဲ..ယုံပါ ကောင်မလေးရယ်
ပြန်ဆုံနိင်မဲ့ ကံကို ငါတမ်းတတယ်...... ဒါပေမယ့်လည်း အဖြူရောင်မြူနှင်းကြားမှာ
ငါဟာ အချစ်ပျောက်လိုက်ရှာ ရင်းနဲ့ လွမ်းနေဆဲ...။

3 comments:

သဇင်ဏီ said...

ဒီဇင်ဘာသီချင်းနားထောင်သွားတယ်နော်

nu-san said...

တိုက်ဆိုင်လိုက်တာ.. အမလည်း အဲဒီ သီချင်း အခုပဲ နားထောင်ရင်း ကိုမာန်လှိုင်းငယ်ဆီရောက်လာတော့ ဒီသီချင်းကို တွေ့တာ.. ကျေးဇူးပါပဲ.. စာသားလေးတွေ ကူးသွားတယ်.. :) အမ blog မှာ ဖော်ပြချင်လို့ပါနော်.. :)

pandora said...

အဲဒီသီချင်းလေး ကြိုက်တယ်

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes