နွေးထွေးစွာ အေးမြခြင်းများစွာနဲ့ မာန်လှိုင်းငယ်မှ ကြိုဆိုပါသည်။ အကြံပြုချက်များ၊ ဝေဖန်စာများကိုလည်း ကြားချင်ပါသည်။

Tuesday, November 6, 2007

နက်ဖြန်ခါ မနက်တိုင်း

မာန်လှိုင်းငယ်

“နက်ဖြန်ခါ မနက်တိုင်း”

မြေနီနီ ကုန်းမို့မို့
ပေါက်ရောက်ရှင်သန်
အင်ကြင်း အင်ဖက်
ထူထပ်စိမ်းလန်းတဲ့
ပတ်ပတ်လည်နေရာ
ရှေ့တူရှုအထက်ဝဋ္ဋာ
လကလေး တခြမ်းပဲ့လည်း
လင်းရောင်မှိန်၍
ကွယ်ပျောက်လုချိန်
တိမ်မြူတွေကြား
ရိုးတိုးရိပ်တိတ် ခဏတာပေါ်ထွက်နေ။

နီ၊ ဖြူ၊ နက်၊ စိမ်းရောင်
ငှက်ပေါင်းစုံတို့
ပျံလွှား ပျံသန်းရင်း
တပင်ဖြတ် တပင်ကူး
ကူးလူးမြူးတူး တေးသီကြူးနေ။

ဤမျှ ဤလောက်
သာယာသည့် နေရာ
နက်ဖြန်ခါ မနက်တိုင်း
ငါ မြင်တွေ့နေရလျင်
ပီတိအလွန်တရာ ပျော်ရွှင်နှစ်သက်နေ။

နက်ဖြန်ခါလည်း
ဤအချိန် ဤနေရာ၌
ငှက်ပေါင်းစုံတို့
ကူးလူးပျံသန်း ရှိစဉ်ခါဝယ်
သူရိန်နေမင်းရဲ့
လင်းရောင်ခြည် ဖျော့ဖျော့
ဖြာကျဖြန့်ကျက်နေတဲ့
လောကထက်ဝယ်
ငှက်ပေါင်းစုံနှင့် လူတို့သည်လည်း
ပျော်ရွှင်နှစ်သက် ပြုံးပျော်စွာ ရှိနေပေလိမ့်။ ။

2 comments:

Chaos said...

နက်ဖြန်ခါ မနက်တိုင်း
ရေးသားသီကုံးမဲ့
ကဗျာ များကို
မျှော်နေဆဲ

နက်ဖြန်ခါ မနက်တိုင်း
ကော်နက်ရှင်
မဖောက်ပြန်ဖို့
ငါ ဆုတောင်းနေတယ်

နက်ဖြန်ခါ မနက်တိုင်း
ဘလော့တကာကို
ခြေဆန့်နေဦးမယ်

MELODYMAUNG said...

ပျော်ရွှင်နှစ်သက် ပြုံးပျော်စရာ နက်ဖြန်ခါ မနက်လေးက အသက်ဝင်တယ်ဗျာ အပြင်မှာ မခံစားရတာကြာလို့ ကဗျာလေးနဲ့ အတူ မျက်လုံးစုံမှိတ်ပြီး ခံစားသွားသကွဲ့

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes