နွေးထွေးစွာ အေးမြခြင်းများစွာနဲ့ မာန်လှိုင်းငယ်မှ ကြိုဆိုပါသည်။ အကြံပြုချက်များ၊ ဝေဖန်စာများကိုလည်း ကြားချင်ပါသည်။

Tuesday, November 6, 2007

ကပျာကယာ ဂျပန်ကဗျာတရာ အပိုင်း (၄)

(၅၁)
ချစ်ရပါတဲ့မိန်ကလေးရယ်
မင်းသိချင်မှသိမယ်
ငါ့အသည်းမှာတော့ လောင်ကျွမ်းဆဲ။

(၅၂)
မိုးလင်းပြီးရင် မိုးချုပ်မယ်လေ
ဒီအတွင်းအလုပ်ဆင်းရတယ်
မင်းနဲ့ခွဲရတဲ့ အချိန်ကာလ ခံစားရခက်လှတယ်။

(၅၃)
သက်ပြင်းချလိုက်
ငါတစ်ယောက်တည်း
မိုးလင်းတဲ့အထိ
လင်းတော့ကော ဒုက္ခစဲပြီလား
ဝေးသေး။

(၅၄)
မေ့လိုက်မယ်ဆိုတိုင်း
မေ့မရရင်
ကနေ့ဆုံးဖြတ်ချက်က
နင့်အနားက တစ်ဖ၀ါးမှ ငါမခွာဘူး။

(၅၅)
ရေကျသံ ရပ်သွားပြီ
ဂုဏ်သတင်းက ရပ်မသွား
ကျဆဲကျမြဲ။

(၅၆)
ဘ၀သံသရာ ရှည်လှပါတယ် လို့မှတ်မထားမီ
တစ်ကြိမ်မက ကြိမ်ဖန်များစွာ
လာခဲ့ပါ။

(၅၇)
မင်းမှဟုတ်ရဲလား?
တစ်ခါပဲတွေ့ရ
လ က၀င်မယ်
ညဥ့် တာရှည်မယ်။

(၅၈)
တောင်ပေါ်က တိုက်ချတဲ့လေ
ကိုင်းတောအပေါ်က တိုက်တယ်
မေးစမ်းပါ
`ငါနင့်ကို မေ့လိုက်ပြီးလား`လို့။

(၅၉)
ထိုင်လေ လကိုကြည့်
မကြည့်နဲ့အိပ်တော့
မျှော်လင့်နေလည်းအလကား
မင်းမလာအား

(၆၀)
ညဥ့်အမှောင် မလျော့သေး
ကြက်ဦးမတွန်သေး
တင်းတံခါလည်း မဖွင့်သေး
ဒါပေမယ့်
ထားခဲ့ပြီ။

(၆၁)
ဟိုအဝေးကြီး တောင်ပေါ်က
မင်းရဲ့စာကို ဒီပုံစံမျှော်လို့
လာမယ်မထင်
အမ-နော-ဟရှိဒတေ။

(၆၂)
ချယ်ရီပန်းတွေမှာ အပွင့်တွေဝေလို့
ကနေ့မှ အရင်ကထက် ရှစ်ဆတိုးပွင့်တယ်
ရှေးမြို့တော် နရ
ပြသာဒ်ကိုးဆင့်နန်း။

(၆၃)
အစက နားလည်ပြီသား
ဒီအထိ မဖြစ်သင့်ဘူးဆိုတာ
ဘာပြောမလဲ
မပြောလည်းသိမှာပါ

(၆၄)
ရောင်ခြည်ဦးမှာ
နှင်းလွှာ တစ်လွှာပြီးတစ်လွှာ
ကွာကြတော့
တံငါတွေ
မြှုံးဖော်ထွက်ကြပြီ။

(၆၅)
`ငိုသာငို အားရအောင်ငို`တဲ့
အင်္ကျီလက်မောင်းလည်း မျက်ရည်နဲ့ရွဲပြီ
မဲ့ကာ ရွဲ့ကာ
သူတို့ပြောစရာ ဘာရှိမလဲ။

(၆၆)
တောကြိုအုံကြား
လွမ်းဖျားလွမ်းနာနဲ့ငါ့ကို
ကြင်နာယုယဖို့
ချယ်ရီပန်း။

(၆၇)
ကြင်နာယုယ ပိုက်တုန်းထွေတုန်း
နွေဦးကာလ ရောင်ခြည်လာပြီ
ဘာဆက်ချင်သေး သလဲ?

(၆၈)
ပြောကြစို့ ဆိုရင်ဟေ့
ငါ့ဆန္ဒမဟုတ်သလို
လရောင်မှိန်ရင်
ငါအချိန်စေ့ပြီ။

(၆၉)
တောင်ပေါ်က ခိုင်းလိုက်လို့
သကြားရေပင်က သစ်ရွက်တွေကို
မြင်မကောင်းဆင်မကောင်း
စမ်းရေတောင် ပျောက်လို့။

(၇၀)
အဆမတန် ငြိမ်သက်နေတဲ့
ငါ့အခန်းက
ငါ့ကို
ဆောင်းဦးညနေက ဆွဲထုတ်ပါတယ်။

1 comments:

KhunMoung said...

ကဗျာကို ကူးယူသွားပါတယ်။ ကောင်းတယ်ဗျာ။ ကြိုက်တယ်။

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes