နွေးထွေးစွာ အေးမြခြင်းများစွာနဲ့ မာန်လှိုင်းငယ်မှ ကြိုဆိုပါသည်။ အကြံပြုချက်များ၊ ဝေဖန်စာများကိုလည်း ကြားချင်ပါသည်။

Saturday, December 17, 2011

"ရှစ်ရက် ရှစ်လ ရှစ်ဆယ့်ရှစ်" ဟာ ကြာခဲ့ပြီလား

ဒီည ...
ကောင်းကင်ကို မော့ကြည့်ဖြစ်တယ်
ဒါပေမယ့်
လမင်းနဲ့ ကြယ်ပွင့်တွေတော့ မမြင်ရပါ။


ဒီည ...
အိပ်မက်တခု ထွေးပိုက်မိတယ်
မှတ်မိနေတဲ့ ပုံရိပ်တခုနဲ့
တိုးတိုးတဲ့တဲ့ အာရုံထဲ စကားလုံးများ တိုးဝင်လာတယ်
"ရှစ်ရက် ရှစ်လ ရှစ်ဆယ့်ရှစ်" တဲ့
ပဲ့တင်ထပ်ကာ လွှင့်ပျံ့နေခဲ့
သူမ ...
နီးနီးလာရာကနေ ဝေးသထက် ဝေးဝေးသွားပြန်တယ်။

ဒီနေ့ ...
သမိုင်းမှတ်တိုင်လွှင့်ထူစေခဲ့တဲ့
အတိတ်က
ကြေကွဲဖွယ်ပုံရိပ်များနဲ့ ငိုချင်းထပ် တေးသံများ
စစ်ဖိနပ်သံနဲ့ သေနက်သံတွေအောက်
ယမ်းငွေ့တွေ တဝေေ၀ တလူလူနဲ့
မိုးလုံးပြည့် ထက်ကောင်းကင်
စကြာဝဌာတခုလုံးကို တုန်းဟီးစေခဲ့တဲ့
"ရှစ်ရက် ရှစ်လ ရှစ်ဆယ့်ရှစ်" ဟာ ကြာခဲ့ပြီလား ... ။

ဒီနေ့ ...
မိုးစက်တွေက အေးခဲသလို
မိုးကောင်းကင်ကြီးက ပြာရီအုံ့မှိုင်းလွမ်းမောနေစဉ်
အလိုက်ကန်းဆိုး မိုးဖွဲတွေက ဆက်တိုက် သည်းသန်နေတယ်။ ။

မာန်လှိုင်းငယ်
၂၀၁၁ ခုနှစ်၊ သြဂုတ်လ (၈) ရက်။

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes