နွေးထွေးစွာ အေးမြခြင်းများစွာနဲ့ မာန်လှိုင်းငယ်မှ ကြိုဆိုပါသည်။ အကြံပြုချက်များ၊ ဝေဖန်စာများကိုလည်း ကြားချင်ပါသည်။

Friday, November 30, 2007

အဖွားမာ (လူထုဒေါ်အမာ)(၉၂)နှစ်ပြည့် မွေးနေ့

အဖွားမာ (လူထုဒေါ်အမာ)(၉၂)နှစ်ပြည့် မွေးနေ့ အခမ်းအနား ကဗျာရွက်ဆိုပွဲ ပြုလုပ်(၂၉ . ၁၁ . ၂၀၀၇)ရက်နေ့ ညနေ (၆း၃၀)နာရီခွဲမှာ ကျင်းပ ပြုလုပ်ခဲ့သ...

Thursday, November 29, 2007

(၉၂)နှစ်ပြည့် အဖွားမာသို့ မြေးတယောက်ရဲ့ ပန်ကြားစာ

မာန်လှိုင်းငယ်(၉၂)နှစ်ပြည့် အဖွားမာသို့ မြေးတယောက်ရဲ့ ပန်ကြားစာ(အဖွားမာရဲ့ (၉၂)နှစ်ပြည့် မွေးနေ့ကို ဂုဏ်ပြုခြင်း)အဖွားမာ ...ကျနော် စာတော ကဗျာတောထဲမရဲတရဲ တိုးဝင်စမှာ ...အဖွားမာရဲ့စာပေကို နှစ်ခြိုက်စွာ ဖတ်ရတယ်။အဖွားမာ ...အဖွားမာရဲ့ တစ်သက်တာထဲမှာအဖွားမာရဲ့ စာပေချစ်မှုအဖွားမာရဲ့ အနုပညာမြတ်နိုးမှုအဖွားမာရဲ့ ငြိမ်းချမ်းမှု စကားတွေကိုမြတ်မြတ်နိုးနိုး ရင်ထဲမှာ ထာဝစဉ် သိမ်းထားခဲ့ပါတယ်။အဖွားမာ ...ဆရာအောင်ဝေးလိုတော့ မတားပါဘူးဒါပေမယ့်အဖွားမာ မြင်လိုတဲ့ ဒီမိုကရေစီရတဲ့အထိတော့ကျနော်တို့နဲ့ အတူရင်အုပ်မကွာ ထွေးပိုက်ရင်း ရပ်တည်ပေးသွားပါဦး ... အဖွားမာ။အဖွားမာ ...အဆုံးအစမဲ့တဲ့ ကောင်းကင်ပြာပြာအောက်မှာစက်တင်ဘာမျက်ရည်တွေ မီးတောက်ခဲ့ရတယ်သံဃာ့သင်္ကန်းတွေ သွေးစွန်းခဲ့ရတယ်ပြည်သူတွေရဲ့ တောက်ခေါက်သံတွေ လမ်းမတွေပေါ် လှိုင်းထန်ခဲ့ရတယ်။အဖွားမာ ...ဒီလှိုင်းရဲ့ အားမာန်နဲ့ငွားငွားစွင့်စွင့်...

မြန်မာရဲ့ သံဃာ

ဆရာတော်တပါးက ပေးပို့လာတဲ့ ကဗျာပါ။ ကျနော့် ဘလော့ဂ်မှာ တင်ချင်တာနဲ့ ပြန်လည်တင်ထားလိုက်ပါတယ်။မြန်မာရဲ့ သံဃာ(သို့)နှစ်ထောင့်ခုနစ်(၂၀၀၇)ရဲ့ ပဲ့တင်သံဆယ်ခုနှစ် စက်တင်ဘာအရင်းတည်ခဲ့တဲ့ နေ့ရက်မဟာဖခင်ရင်းပမာ တိုင်တည်ကာရွှေတိဂုံခြေရင်းဝပ်ဆင်းခဲ့တဲ့ သံဃာတော်ဆွမ်းဒကာနဲ့ သာသနာအတွက်နော်။နေ့စဉ်ရက်ဆက်လို့လမ်းပေါ်မှာ ဖိနပ်ပျက်လဲပြည်သူတွေရဲ့ အပြုံးလက်ခုပ်သံ တဗြုန်းဗြုန်းနဲ့နေပူမှာ သွေးဆူခဲ့သနော်။နှစ်ဆယ့်လေး စက်တင်ဘာဆရာဒကာ လက်တွဲခဲ့တာမျိုးဆက်သစ်ကျောင်းသားပြည်ချစ်များနဲ့ ဖွဲ့တည်မိမြန်မာပြည် လွတ်လပ်ရေးခွေးစစ်များကို ခြောက်လှန့်ပေးသနော်။စက်တင်ဘာ နှစ်ဆယ့်ခြောက်သံဃာစင်ပါမှောက်ခဲ့တဲ့ပြည်သူတို့ရဲ့ မြင်ကွင်းအရှေ့မုခ်လှေကားဆင်းမှာသွေးတွေမြေလူးစစ်ဘီလူးရူးခဲ့တယ်နော်။ဒါပေမယ့် ဒို့သံဃာအညံ့မခံတဲ့ သက်သေတာထောင်နံရံက လျှောက်မှာအာခေါင်သံပေါက်ပေမယ့်အာဏာရှင်စစ်ရူးသူ့သေတွင်း သူတူးစေမယ်နော်။အရှင်ရေ၀တ (ကေတု)မြန်မာရဟန်းရှင်လူတို့ အားတက်စေရန်အတွက်...

Saturday, November 24, 2007

တန်ဆောင်မုန်းလ ဆေးပေါင်းခည ဇာတ်သိမ်းပိုင်း

မာန်လှိုင်းငယ် “တန်ဆောင်မုန်းလ ဆေးပေါင်းခည ဇာတ်သိမ်းပိုင်း” ကျနော်တို့ သူငယ်ချင်းအားလုံး ဘယ်လိုပုံစံတွေနဲ့ သွားသလဲဆိုတာ သိချင်လား။ ကျနော် ပြောပြမယ်။ အဲ ... အရက် (သေရည်)သောက်ထားတော့ ကျနော်တို့ အားလုံးက မူးနေပါတယ်။ ဒါပေမယ့် တော်တော်လေးကို မူးနေကြတာမဟုတ်ပါဘူး။ ခြေလှမ်းကလေး နည်းနည်း ယိုင်ရုံလေးပါ။ကျနော်တို့ သူငယ်ချင်းတွေမှာ ဒီအကောင်သေးကို နှိပ်စက်ရင်း သွားကြတာပါ။ တခြားရပ်ကွက်ကို သွားတာဆိုတော့ လုံခြုံရေးတွေနဲ့ တိုးရင် ဘယ်လိုလုပ်မလဲ ...။ သူတို့ ဆီက ငတေကောင်တွေနဲ့ လည်း တိုးနေရင် ဘယ်လိုလုပ်မလဲ ... စသဖြင့် စသဖြင့်ပေါ့။ ဒီကောင့်ကို ၀ိုင်းဝန်းမေးကြ။ ခြိမ်းခြောက်ကြတယ်ဗျာ။ ဒါပေမယ့် ဒီကောင်က အကောင်တော့ သေးတယ်။ ခေါင်းမာတယ်။ သူ့ချစ်သူနဲ့ မတွေ့ရကို မနေနိုင်တာလဲ ပါနေတယ်ဆိုတော့ ဒီကောင့်ကို ဘယ်လိုပဲ ပြောပြော။ ဘယ်လို ပဲ သွယ်ဝိုက်ပြီး ခေါ်ထုတ် ခေါ်ထုတ်။ ခြေလှမ်းတွေက သူ့ကောင်မလေးဆီကို ရောက်သွားကြတယ်။သူ့ကောင်မလေးဆီရောက်တော့...

“နှလုံးသား မှတ်ကျောက်”

မာန်လှိုင်းငယ်“နှလုံးသား မှတ်ကျောက်”ဖေဖေဟာတခါ တခါ အသိရခက်ရေငုံ နှုတ်ပိတ်သားကို ဘာမှ မပြော။ဖေဖေဟာ တခါ တခါ အသိရလွယ်စမ်းရေးစီးသံပမာသားကို ချိုသာစွာ ပြော။ဖေဖေ့မေတ္တာမြစ်ပင်လယ်မကအဆုံးအစမဲ့ အပြောကျယ်။ဖေဖေ့ဂရုဏာတော အထပ်ထပ်တောင် အထပ်ထပ်တောင် တုန်လှုပ်။ဒါကြောင့် ...ဖေဖေ့ကိုသား ဦးချကန်တော့ ဂုဏ်ပြုရင်းနှလုံးသား မှတ်ကျောက်ကျောက်ထက် မှတ်တိုင် လွှင့်ထူးထားတယ်။...

Thursday, November 22, 2007

တန်ဆောင်မုန်းလ ဆေးပေါင်းခ

မာန်လှိုင်းငယ်“တန်ဆောင်မုန်းလ ဆေးပေါင်းခ”ဆေးပေါင်းခတဲ့ညအကြောင်း ကိုရွာသား က ရေးပြီးတော့ ကျနော့်ဆီကို TAG ဆိုတဲ့ ဆေးပေါင်းခည ငနဲလေးကို ခေါ်လာသဗျ။ ကိုရွာသား မခေါ်လာခင် အရင် TAG ဆိုတဲ့ ရုပ်ရှင်တို့က ပြောတဲ့ စကား ငနဲကြီးလေးကို နှင်းဆီနီနီ က ကျနော့်အိမ်ကို အရောက်ပို့ပေးထားသေးတယ်ဗျာ။ကျနော် မအားလို့ မရေးဖြစ်သေးတာပါ။ ဒီအကြွေးတွေကိ မဆပ်ရသေးတဲ့အချိန်မှာပဲ နောက်ထပ် TAG ဆိုတဲ့ ချစ်သူတို့ အိပ်ဖွင့်ပေးစာ ငတိလေးက ၀င်ရောက်လာပြန်တယ်ဗျာ။ သူ့ကို ခေါ်လာသူကတော့ နှင်းမိုးဝေ ပါ။ ကျနော့်ကို အကို မဲပါတယ်တဲ့ လာကြည့်ပါဦးဆိုလို့ သွားကြည့်လိုက်တာ နံပါတ်လေး ချိတ်နေတယ်ဗျာ။ကဲ ... အကြွေး သုံးခုကိုတော့ ဆပ်ရတော့မှာပေါ့။ ဒါနဲ့ ဘယ်ဟာကို အရင် ဆပ်မလဲဆိုတာ စဉ်းစားလိုက်တော့ ဆေးပေါင်းခတဲ့ ညအကြောင်းကို အရင် ဆပ်မယ်လို့ ပေါ်လာတယ်။ ဒါကြောင့် ဆေးပေါင်းခတဲ့ ည အကြောင်းကို ချရေးလိုမယ် ... ကိုရွာသား ရေ ... ရေးပြီဗျာ။ကျနော် ဆေးပေါင်းခတဲ့ ညကို...

ကဗျာဆရာ နှင့် ကဗျာ စီးချင်းထိုးပွဲ

မာန်လှိုင်းငယ်“ကဗျာဆရာ နှင့် ကဗျာ စီးချင်းထိုးပွဲ”ကဗျာဆရာ နှင့် ကဗျာ စီးချင်းထိုးပွဲမှာ ...ကဗျာဆရာကကဗျာကို အလှဲထိုးဖို့ တာစူနေတယ်။ကဗျာကကဗျာဆရာကို လှောင်ရယ်နေတယ်။ကဗျာဆရာကအိနြေ္ဒမျက်နှာနဲ့ ကဗျာကိုပဲပင်ပေါက် ပျိုးသလိုအတားအဆီးမဲ့ ထိုးလေပြီ။ကဗျာကစပ်ဖြဲဖြဲမျက်နှာနဲ့ ကဗျာဆရာကိုရန်ခုန်သံမြန်လာအောင်ဟိုခုန် ဒီပေါက် ပြေးလေပြီ။ညက လကို လိုက်ဖမ်းသလိုကဗျာဆရာက ကဗျာကို လိုက်ဖမ်းနေတယ်။လက ညကို ပုန်းရှောင်သလိုကဗျာက ကဗျာဆရာကို ပုန်းရှောင်နေတယ်။ကဗျာဆရာ နှင့် ကဗျာတန်းတူထပ်စစ်ပွဲ ထိုးလေပြီ။ကဗျာ နှင့် ကဗျာဆရာကဗျာ ရစ်သမ်က ငြိမ်းချမ်းရေးဆိုကဗျာဆရာ နှလုံးသားက ဘယ်လိုဘာလဲ ... ။ဒီလိုနဲ့ ကဗျာဆရာရဲ့ ကလောင်ဟာကဗျာကို အလှဲမသိပ်နိုင်သေးပါ။ကဗျာကလည်းကဗျာဆရာကို မလှည့်စားနိုင်သေးပါ။ကဗျာဆရာ နှင့် ကဗျာ စီးချင်းထိုးပွဲမှာ ... ။ ။မာန်လှိုင်း...

Wednesday, November 21, 2007

ဒီကမ္ဘာကြီးပေါ်မှာ

မာန်လှိုင်းငယ်`ဒီကမ္ဘာကြီးပေါ်မှာ´တခါတုန်းကကမ္ဘာကြီးပေါ်မှာမိခင်နဲ့ သား ရှိခဲ့ပါတယ်။နှစ်တွေကြာလာတဲ့အခါမိခင် မရှိတော့သားခမျာ …ယောင်ချာချာ ယောင်နနဖြစ်နေတယ်။မိခင်မေတ္တာသိလိုက်ချိန်မှာသား မျက်မမြင်ဖြစ်နေတာဒီကမ္ဘာကြီးပေါ်မှာ …. ။ ။မာန်လှိုင်းင...

Tuesday, November 20, 2007

ဝမ်းတထွာ

မာန်လှိုင်းငယ်“၀မ်းတထွာ”တဘ၀စာ ဖူလှုံဖို့လမ်းဘေး ၀မ်းတထွာအတွက်ရုန်းကန် လှုပ်ရှားနေရတယ်။အဲဒီ ၀မ်းတထွာရဖို့အတွက်တနေကုန် တနေခန်းသူတို့ဟာ …မောဟိုက်နွမ်းလျနေရတယ်။သူတို့ ...၀မ်းတထွာအတွက် ကြိုးစားနေချိန်မှာငါတို့ဟာသက်တောင့်သက်သာ ထိုင်ပြီး လုပ်နေကြတယ်။အဲဒီိလိုသူတို့ ၀မ်းတထွာအတွက် ရှာရင်းဘ၀အသက်ရှင်သန်နိုင်ဖို့တလမ်းဝင် တလမ်းထွက်ဒုက္ခ ဆင်းရဲများစွာ ဝေနေရတယ်။ဒီလိုနဲ့တနေ၀င် တမိုးချုပ်တော့အိမ်ပြန်ဖို့တောင်သူတို့ခမျာ …နှေးကွေးလေးလံစွာခြေထောက်တွေကို သယ်ဆောင်နေရတယ်။ဒါကို …မြင်နေရတော့ရင်ထဲမှာ ဗလောင်ဆူသြော်…တို့နိုင်ငံ … တို့နိုင်ငံ … ။ ။မာန်လှိုင်းငယ်...

နိယာမတရားရဲ့ ပရိယာယ်

မာန်လှိုင်းငယ်“နိယာမတရားရဲ့ ပရိယာယ်”ငါ …ကြည့်နေတယ်လေတိုက်ခတ်မှုကြောင့်လားမြေရဲ့ဆွဲငင်အားကြောင့်လားဒါမှမဟုတ်လောကနိယာမတရားကြောင့်လားမသိ …သစ်ရွက်တွေဝေ့ကာဝိုက်ကာတဖြုတ်ဖြုတ်ကြွေနေတယ်။ငါ …ကြည့်နေတယ်လေရဲ့ သယ်ဆောင်မှုကြောင့်လားရနံ့ သင်းပျံ့မှုကြောင့်လားဒါမှမဟုတ်လောကအမိန့်တော်ကြောင့်လားမသိ …လိပ်ပြာတွေဟိုပျံ ဒီဝဲကူးလူးဆက်ဆံ ပန်းဝတ်ရည်ကို သောက်နေတယ်။ငါ …ကြည့်နေတယ်နေရဲ့အပူရှိန်ကြောင့်လားမြေကြီးရဲ့ ရောင်ပြန်တံလျှပ်တွေကြောင့်လားဒါမှမဟုတ်တောင်ကြီးတောင်မြင့်တွေကြောင့်လားမသိ …အဘိုးအိုတယောက်ဖုတ်လှိုက် ဖုတ်လှိုက်မောဟိုက်နွမ်းလျစွာ တက်လှမ်းနေတယ်။ ။မာန်လှိုင်း...

Monday, November 19, 2007

အစိမ်းသေလား။ သရဲလားဆိုတဲ့ အဆက်ပါ။

ဟုတ်တယ် ဂျေရေ။ ဂျေသိချင်တာကို ပြောပြလိုက်ပါပြီနော်။ ကျနော်တို့ အဲဒီလို မိုးမြန်မြန်လင်းပါစေလို့ ဆုတောင်းပြီးတော့ မိုးလည်း လင်းတာနဲ့ ကျနော်တို့ ကလေးတွေအားလုံး လူကြီးတွေကို ပြောပြလိုက်ပါတယ်။ လူကြီးတွေက အကြောင်းစုံမေးတော့ ကျနော်လည်း ခံရသလောက် ပြောပြလိုက်ပါတယ်။ အဲဒါနဲ့ လူကြီးတွေ မဖြစ်ဘူးဆိုပြီး ဘုန်းကြီးကျောင်းကို သွားပြီး လျှောက်တင်တယ်။ အကြောင်းစုံလည်းပြောပြတယ်။ဦးဇင်းတွေလည်း သိရော။ “ဒါဟာ ကလေးကို ညတိုင်း လာပြီးတော့ စနောက်နေမှာပဲတဲ့။ အဲဒါဟာ သူကျွတ်လွတ်ချင်လို့ အဲဒီလို အသိလာပေးတာ” တဲ့။ ဦးဇင်းတွေက အဲဒီလို ပြန်ပြောတယ်လေ။ အဲဒီနေ့မှာပဲ နေ့လယ် ဦးဇင်းတွေ ဆွမ်းဖုန်းပြီးတာနဲ့ အချိန်လောက်မှာ နေ့လယ် (၁း၀၀)နာရီကျ စပြီးလိုအပ်တာတွေကို လုပ်ဖို့ သူ့အတွက် အလှူအတန်းလေး လုပ်ပေးမယ်ဆိုပြီး လူကြီးတွေက စုပေါင်း အလှူလေး တက်နိုင်သလောက်စီထည့်ဝင်ပြီး အလှူဖြစ်မြောက်အောင် ၀ိုင်းဝန်းကြိုးပမ်းကျ တယ်။ ကျနော်တို့ ကလေးတွေလည်း...

အသံနှစ်မျိုး

မာန်လှိုင်းငယ်“အသံနှစ်မျိုး”ဆောင်းမနက်မှာအင်္ကျီလက်ရှည်ဝတ်လက်အိတ်ကိုစွတ်ရင်းလမ်းလျှောက်ထွက်ခဲ့တယ်။တနေရာမှာ`ဘယ်သွားမှာလဲ မိတ်ဆွေ´မိတ်ဆွေတစ်ယောက်ရဲ့ နှုတ်ခွန်းဆက်သံပြုံးရုံတာပြုံးရင်းလမ်းဆက်လျှောက်ထွက်ခဲ့တယ်။တကွေ့မှာ`ကျန်းမာရေးအတွက် လမ်းလျှောက်ထွက်နေတာလား´ဆရာမ စင်သီတာမောင်ရဲ့ အေးမြတဲ့ အသံဒါတော့ မနေနိုင်`ဟုတ်ကဲ့ ဆရာမ´ပြန်ဖြေလိုက်ရင်းလမ်းဆက်လျှောက်ထွက်ခဲ့တယ်။ ။မာန်လှိုင်း...

လေပြေလေညင်းကလေး

မာန်လှိုင်းငယ်“လေပြေလေညင်းကလေး”လေကို ရှူလိုက်သွင်းလိုက်နဲ့မှုတ်လိုက်ထုတ်လိုက် တရားထိုင်နေတဲ့ လူကိုမြင်ရင်း …လေပြေလေညင်းကလေးကိုမျှော်လင့်တမ်းတနေရတယ်။ချွေးသီးချွေးပေါက်နဲ့မောဟိုက်နွမ်းလျစွာ စီးဆင်းနေတဲ့ ရေကိုကြည့်ရင်း …လေပြေလေညင်းကလေးကိုမျှော်လင့်တမ်းတနေရတယ်။မရုန်းချင် ရုန်းချင်နဲ့လှုပ်လီလှုပ်လဲ့ လှုပ်ရှားလည်ပတ်နေတဲ့ ပန်ကာကိုငေးရင်း …လေပြေလေညင်းကလေးကိုမျှော်လင့်တမ်းတနေရတယ်။မာန်လှိုင်း...

Saturday, November 17, 2007

အနိုင်နဲ့ အရှုံး

မာန်လှိုင်းငယ် “အနိုင်နဲ့ အရှုံး”အနိုင်အတွက်ပျော်ရွှင် ဟစ်ကြွေးလိုက်ပါဒါပေမယ့်ဘ၀ကို မစိန်ခေါ်လိုက်ပါနဲ့ ...။အရှုံးအတွက်ငိုရင်း အော်ဟစ်လိုက်ပါဒါပေမယ့်ဘ၀ကို မကန်ထုတ်လိုက်ပါနဲ့ ...။တခုတော့ရှိတယ်အဲဒါအနိုင်နဲ့ အရှုံးကိုဖြိုလှဲဖို့ခိုင်မာမှုနဲ့ ယုံကြည်မှုပါပဲ။ ။မာန်လှိုင်း...

အချစ်ဆိုတာ ဘာလဲ

မာန်လှိုင်းငယ်“အချစ်ဆိုတာ ဘာလဲ”အချစ်အကြောင်းကို ရေးပေးပါတဲ့ ... မေပျို က ကျနော့်ကို TAG လုပ်ထားတော့ ကျနော်လည်း စဉ်းစားပြီး ရေးရတော့မှာပေါ့။ အခု ရေးလိုက်ပါပြီး။အချစ်ဆိုတာ ဘာလဲတဲ့။ လူတိုင်းက အဓိပ္ပါယ်တွေ ဖွင့်ကြတယ်။ အမျိုးမျိုး၊ အထွေထွေပါပဲ၊ လူတိုင်းက အဓိကထားပြီး ပြောဖြစ်ကြတာက ကြောင်းအရာနှစ်ချက်ထားပြီ ပြောကြတယ်။ အဲဒါတွေကတော့ လူတိုင်းသိပြီးသားတွေပါပဲ။ ၅၂၈ ဆိုတဲ့ အချစ်နဲ့ ၁၅၀၀ ဆိုတဲ့ အချစ်ပဲ ဖြစ်ပါတယ်။ကျနော်လည်း ဒီအကြောင်းတွေအပေါ်မှာပဲ အခြေခံပြီး ပြောရမှာပဲ။ ကျနော်တို့ ထိတွေ့နေတာက ဒီနှစ်ချက်ပဲ ရှိတယ်မဟုတ်လား။ ၅၂၈ ဆိုတဲ့ ချစ်ခြင်းမေတ္တာကို လူအတော်များများ ပြောကြပါတယ်။ ကျနော်လည် ပြန်လည် ပြောချင်ပါတယ်။ကျနော်တို့ဟာ မိဘနဲ့ သားသမီးအချစ်ကို ပြောကြတယ်။ မိဘနဲ့ သားသမီးချစ်တဲ့ အချစ်ဟာ အေးမြတယ်။ ကြည်နူးတယ်။ ကျေနပ်တယ်လို့ လူတွေ အမျိုးမျိုးပြောကြတယ်နော်။ ဟုတ်ပါတယ်။ တကယ်လည်း အေးမြပါတယ်။ တခါတလေမှာလဲ ပူလောင်စေတဲ့...

Friday, November 16, 2007

ကမောက်ကမ နှစ်တွေကို ပြန်ကြည့်

မာန်လှိုင်းငယ်“ကမောက်ကမ နှစ်တွေကို ပြန်ကြည့်”ငါ့ရဲ့ ကမောက်ကမ နှစ်တွေကို ပြန်ကြည့်စားတယ်၊ သောက်တယ်သွားတယ်၊ လာတယ်လုပ်တယ်၊ ဖြုန်းတယ်အိပ်တယ်၊ ထတယ်ဒီလိုနဲ့ .... ။ငါ့ရဲ့ ကမောက်ကမ နှစ်တွေကို ပြန်ကြည့်ငေးတယ်၊ ငိုင်တယ်တွေးတယ်၊ ရေးတယ်ဖတ်တယ်၊ မှတ်တယ်ဖွဲ့တယ်၊ စပ်တယ်ဒီလိုနဲ့ .... ။ငါ့ရဲ့ ကမောက်ကမ နှစ်တွေကို ပြန်ကြည့်မတောင့်တဆ ကဗျာတွေမလောက်မငှ စာတွေနဲ့ ကမောက်ကမ ငါ ပေါင်းစပ်လိုက်တော့မ၀တ၀ ဘ၀ချိန်ခွင်ထဲမှာ အိပ်နေရတယ်။ငါ့ရဲ့ ကမောက်ကမ နှစ်တွေကို ပြန်ကြည့် ... ။ ။မာန်လှိုင်း...

ပြတင်းပေါက်နံဘေး စက္ကန့်ခဏလောက် ထိုင်ကြည့်ပါ

မာန်လှိုင်းငယ် “ပြတင်းပေါက်နံဘေး စက္ကန့်ခဏလောက် ထိုင်ကြည့်ပါ”ပြတင်းပေါက်နံဘေး စက္ကန့်ခဏလောက် ထိုင်ကြည့်ပါဆန်ပြာပေးမယ့် အဘွားအို မရှိတော့ရွှေယုန်ကလေးနဲ့ အဘိုးအို ဆန်ဖွပ်ရင်း ငိုင်တွေနေတာ တွေ့လိမ့်မယ်။ပြတင်းပေါက်နံဘေး စက္ကန့်ခဏလောက် ထိုင်ကြည့်ပါလနဲ့ ညတို စီးချင်းထိုးကြတော့တိမ်တွေ ငိုနေတာ တွေ့လိမ့်မယ်။ပြတင်းပေါက်နံဘေး စက္ကန့်ခဏလောက် ထိုင်ကြည့်ပါလေနဲ့ သစ်ပင် စကားထာဝှက်တော့ပိုးမွှားတွေက လက်ခုပ်တီးတာ တွေ့လိမ့်မယ်။ပြတင်းပေါက်နံဘေး စက္ကန့်ခဏလောက် ထိုင်ကြည့်ပါပန်းချီမမီ၊ စာမပီတဲ့ သဘာဝကိုမျက်စိတဆုံး ဇာတ်ကုန်လွတ်ကြည့်လိုက်ရင်ဘတ်ထဲက ကဗျာဟာအပြေးသမားလို ပြေးနေတာလမ်းတေလေလို လွှင့်မျောနေတာ တွေ့လိမ့်မယ်။မာန်လှိုင်း...

Thursday, November 15, 2007

ဘ၀ရဲ့ ၀င်္ကပါ

မာန်လှိုင်းငယ်“ဘ၀ရဲ့ ၀င်္ကပါ”ကြယ်တွေ ဝေကျ ဘ၀ကြယ်တွေ ကြွေကျ ဘ၀ကြယ်တွေ ချွေကျ ဘ၀တွေ ရှိနေသလို ...မျက်တွင်းဟောက်ပက် အ၀ိစီငရဲလို ဘ၀လေငိုအောင်လုပ်တဲ့ မီးတောင်လို ဘ၀ပင်လယ်ဖျက်တဲ့ မုန်တိုင်းလို ဘ၀တွေ ရှိနေသလို ...မျက်ရည်မရှိတဲ့ ပင်လယ်ပြင်လို ဘ၀မြေကြီးကို တုန်လှုပ်တဲ့ ခြေထောက်လို ဘ၀နေမင်းကို ခြောက်ခြားအောင်လုပ်တဲ့ မြို့ပြလို ဘ၀တွေ ရှိသလို ...ဒါကြောင့် ...မျက်ရည်မိုးတွေနဲ့ ရှင်သန်နေတဲ့ ဘ၀တွေ ရှိနေတယ်။ ။မာန်လှိုင်း...

ကျနော် နဲ့ သူတို့

မာန်လှိုင်းငယ်“ကျနော် နဲ့ သူတို့”ကရုဏာတရားနဲ့ စောင့်ရှောက်ခဲ့တဲ့ကရုဏာရှင် မာသာထရီဇာကို တွေ့ခဲ့တယ်။စစ်တလင်းမှာ လူနာတွေကို ကြည့်ခဲ့တဲ့မီးအိမ်ရှင် နိုက်တင်ဂေးလ်ကို တွေ့ခဲ့တယ်။အမေသီးချင်းနဲ့ မေတ္တာသီချင်း ရေးဖွဲ့စပ်ဆိုခဲ့တဲ့ဂီတသံရှင် ထူးအိမ်သင်ကို တွေ့ခဲ့တယ်။ဖန်မီးအိမ်ကဗျာနဲ့ ပြည်သူ့ကဗျာတွေ ရေးဖွဲ့စပ်ဆိုခဲ့တဲ့ပြည်သူ့ကဗျာရှင် ဦးတင်မိုးကို တွေ့ခဲ့တယ်။တွေ့ခဲ့တယ် ...သူတို့တွေရဲ့ မေတ္တာနဲ့ လက်တွေကို ငါ တွေ့ခဲ့တယ် ... တွေ့ခဲ့တယ် ... ။ ။မာန်လှိုင်း...

Wednesday, November 14, 2007

ပြောမဆုံးပေါင် တောသုံးတောင် မယုံရင် လာကြည့်လှည့်

မာန်လှိုင်းငယ်“ပြောမဆုံးပေါင် တောသုံးတောင် မယုံရင် လာကြည့်လှည့်”ပြောရမယ်ဆိုရင်တော့ ကျနော့်ကို TAG လုပ်တဲ့လူက နှစ်ယောက်ဖြစ်သွားတယ်။ အခု တပြိုင် နှစ်ယောက်စလုံးအတွက် ရေးပေးလိုက်ပါပြီ။ အဲဒါကတော့ ယုံတမ်းစကားတဲ့ဗျာ။ ကဲ ရေးပါပြီ။ကျနော် ငယ်ငယ်က ရိုးမတောင်တန်းကြီးတွေပေါ်။ ရိုးမတောနက်တွေထဲ ကျနော့် ဘိုးဘိုးမုဆိုးတွေနဲ့ လိုက်သွားတယ်။ အမြဲတမ်း သူတို့နောက်ကို လိုက်နေရလို့လား မသိဘူး။ ကျနော်စိတ်က မုဆိုးလို ဖြစ်လာပါရော။ ဖြစ်မှာပေါ့လေ။ အဘိုးမုဆိုးတွေက သင်ပေးတာကိုး။ အတွေ့အကြုံတွေ။ ရိုးမတောတွေ ရဲ့ အကြောင်း။ ကျားမုဆိုးနဲ့ လူမုဆိုးတွေ တွေ့ရင် ဘယ်လိုလုပ်ရသလဲဆိုတဲ့ အကြောင်းတွေ ထပ်ခါ ထပ်ခါ သိဖန်များလာလေ ကျနော် မုဆိုးစိတ်ဝင်လာလေလေဆိုတော့ ဒါကြောာင့် ငယ်ငယ်လေးနဲ့ မုဆိုးရင့်မကြီးလို သွက်သွက်လတ်လတ်။ ရဲရဲဝံ့ဝံ့ သွားလာလှုပ်ရှားနိုင်နေတာပါ။မုဆိုးတယောက်မှာ ရှိသင့် ရှိအပ်တာလေးတွေကို အရင်ပြောပြမယ်ဗျာ။ မုဆိုးတို့မည်သည် ...၁။ သက်လုံကောင်းရမယ်။၂။...

ကြောင်နဲ့ သခင် ဘယ်လိုနေလဲ

...

နက်ဖြန်မှာတော့

မာန်လှိုင်းငယ်“နက်ဖြန်မှာတော့”ဟိုတုန်းကငါတို့အားလုံးလည်းအပေါက်တပေါက်ကို ဆင်ကော်(စူပါကလူး)နဲ့ ကပ်ဒါပေမယ့် ဟန်ချက်မညီတဲ့ မိုးတွေကယနေ့မှာလည်း ယိုတုန်းလျှံတုန်းအဖျားတတ်နေတဲ့ မိုးတွေကနက်ဖြန်မှာတော့ ငိုမြည်နေဦးမှာလား။ ။မာန်လှိုင်း...

ပဲ့တင်ထပ်ရင်ခုန်သံ

ငယ်ဆူးအိမ်“ပဲ့တင်ထပ်ရင်ခုန်သံ”မျက်နှာများတဲ့ ကံကြမ္မာရဲ့မာယာတွေကြောင့်မမျှော်လင့်ပဲ ဖေဖေနဲ့ဝေးခဲ့ရတဲ့ အိမ်မက်ဆန်သော နေ့ရက်တွေထဲတိတ်တိတ်ကလေး ဖေဖေ့ကိုလွမ်းစိတ်နဲ့ မျှော်လင့်နေမိတယ် ...နွေးထွေးယုယ ဖေဖေ့ရင်ခွင်အကြင်နာတွေကို လိုချင်တောင့်တမိတယ် ...ပြောင်းလဲမြန်သော နေ့ရက်တွေထဲဆုတောင်းတိုင်းလည်း မပြည့်တတ်ကြတော့ဆုံဆည်းပါရစေလို့ စိတ်ထဲက ဆုတောင်းမိပေမယ့်ဆုတောင်းရုံကလွဲပြီး မလွန်ဆန်နိုင်သော ကံတရားကြောင့်အထီးကျန်သည့် နေ့ရက်တွေထဲမျှော်လင့်ခြင်းတွေနဲ့ ဖေဖေ့ကို လွမ်းနေဆဲပါပဲ ...နှစ်လရက်တို့ အလီလီပြောင်းလဲယခင်ဆန္ဒ ယနေ့ထိတိုင်မြူတမှုံမျှမလျော့ ပင်တမာလိုမခါးပြောင်းလဲခြင်းမရှိ ဖေဖေ့ကိုချစ်နေဆဲပါပဲ ...အစားထိုးဝင်ရောက်လာသူရှိသော်လည်းနှလုံးသားကလက်မခံ အမုန်းများသာပွားခဲ့အသိစိတ်နဲ့ထိန်းချုပ်တော့ ရင်မှာကြေလို့မွဘာနဲ့မှ အစားထိုးလို့မရဘူး ဖေဖေ ...ဖေဖေရယ်လို့ တမ်းတမ်းတတ ခေါ်ချင်ပေမယ့်အနေဝေးတဲ့ သမီးအတွက်တော့ ဆန္ဒတစ်ခုပဲပေါ့...

ဗိုင်းရပ်စ် အထူးသတိပေးချက်

“ဗိုင်းရပ်စ် အထူးသတိပေးချက်”Yahoo, Hotmail နှင့် Mail အားလုံးစသည်တို့ကို အသုံးပြုလျက်ရှိသော Internet သုံးစွဲသူများ အထူးသတိပြုရန်၊ Microsoft နှင့် Norton တို့မှ အထူးသတိပေးလာပါတယ်။ လက်တလောဖြစ် ပေါ် လျက်ရှိသော ကွန်ပျူတာဗိုင်းရပ်စ်တမျိုးကို အထူးသတိထားကြရန်ဖြစ်ပါတယ်။ အဆိုပါ ဗိုင်းရပ်စ်သည် မိမိတို့ Mail သို့ 'Life is beautiful' ခေါင်းစဉ်ဖြင့် ၀င်ရောက်လာမှာဖြစ်ပြီး Power Point Presentation လည်း ဖြစ်ပါတယ်။ အကယ်၍ အဆိုပါ Mail အား ဖွင့်ကြည့်မိပါက ကွန်ပျူတာနှင့် ကွန်ပျူတာအတွင်းရှိ အချက်အလက်များအားလုံး ဖျက်ဆီးခိုးယူခြင်းခံရမည်ဖြစ်ပြီး မိမိ၏ Mail Password ကိုလည် တပါတည်း ခိုးယူသွားမှာ ဖြစ်ပါတယ်။ အကယ်၍ အထက်ဖော်ပြ ပါ Mail လက်ခံရရှိပါက ချက်ချင်းဖျက်ဆီးပစ်ရန် အလွန်အရေးကြီးပါတယ်။ စမ်းသပ်ကြည့်ဖို့လည်း စိတ်မကူးပါနဲ့ အမြန်ဆုံးဖျက်ဆီးပစ်လိုက်ပါက ပိုသေချာပါတယ်။ မိမိနှင့် နီးစပ်ရာ Internet သုံးစွဲသူများ။ မိတ်ဆွေသူငယ်ချင်းများအားလုံးကိုလည်း...

Monday, November 12, 2007

အကြိုက်ဆုံး စာရေးဆရာများ

မာန်လှိုင်းငယ်“အကြိုက်ဆုံး စာရေးဆရာများ”ရုံးကနေ အိမ်ပြန်တော့ ညနေစောင်းနေပါပြီ။ လုပ်စရာရှိတာလေး နည်းနည်းပါးပါး ဟိုယောင်ယောင်။ ဒီယောင်ယောင်။ ဟိုစပ်စပ်။ ဒီစပ်စပ်ပေါ့။ ဘာမှ ဟုတ်တိပတ်တိ လုပ်တာလည်း မဟုတ်ဘူး။မေကြီး (အဖွား)တောင်မှ အမြင်ကတ်လို့ “ဘာမှ မလုပ်ပဲ နေရင်ကောင်းမယ်တဲ့။ ငါ ကြည့်ရတာ မျက်စိနှောက် တယ်” တဲ့။ ဒါလည်း ကောင်းပါတယ်။ ကိုယ့်ဟာကို စာအုပ်ပဲ ဖတ်တော့မယ်။ ဘာစာအုပ်ဖတ်ရမလဲ။ အင်း သိပြီး။ဘာစာအုပ်တွေလည်းဆိုတော့ မြသန်းတင့်ရဲ့ “လူများ၊ သက္ကရာဇ်များ - ဘ၀” စာအုပ်ပါ။ ကဲ ဒါက ကျနော်ဖတ်ပြီးသွားပါပြီ။ အခုသတိမရတော့လို့ ပြန်ဖတ်နေတာ မပြီးသေးဘူး။စာအုပ်မဖတ်ခင်တော့ လမ်းနည်းနည်းလျှောက်လိုက်ဦးမယ်လို့ စိတ်ကူးက ပေါ်လာတော့ လက်တွေ့ အကောင်အထည် ဖော်လိုက်တယ်ဗျာ။ အခု လမ်းလျှောက်ရင်း တွေးလိုက်တယ်။ သုတစာအုပ်တွေ၊ ကဗျာစာအုပ်တွေ။ ရသစာပေစာအုပ်တွေ၊ အစုံကို ဖတ်နေတာပဲ။ အဲဒီထဲမှာ ငါ ဘယ်သူတွေကို အနှစ်သက်ဆုံးလဲပေါ့။ အကြိုက်ဆုံးလဲပေါ့။...

Saturday, November 10, 2007

သူငယ်ချင်းများသို့တမ်းချင်း

မာန်လှိုင်းငယ်“သူငယ်ချင်းများသို့တမ်းချင်း”“သူငယ်ချင်း ....လိုရာဆန္ဒအားလုံး ပြည့်ဝပါစေဘယ်နေရာဘဲရောက်တို့အားလုံးကို သတိရပါနော်” တဲ့သူငယ်ချင်းရေ ....မင်းပေးတဲ့ဆုနဲ့ ပြည့်ဝပါစေမင်းပြောသလိုငါဘယ်နေရာဘဲရောက်ရောက်မင်းတို့ကို ငါသတိရနေမှာပါကွာ ... ။“ချစ်သော သူငယ်ချင်းရေ ....ထာဝရတစ်သက်လုံး ပျော်ရွှင်နိုင်ပါစေတစ်ယောက်နဲ့တစ်ယောက်ခွဲတဲ့အချိန်မှာအမြဲတမ်းသတိရနေမယ်နော်” တဲ့ချစ်သော သူငယ်ချင်းရေ .....မင်းရဲ့ စကားလက်ဆောင်နဲ့တင် ပျှော်ရွှင်နိုင်ပါပြီစိတ်ချပါ ....တို့တွေ ခွဲခွာနေတဲ့အချိန်မှာ မင်းပြောခဲ့သလိုအမြဲတမ်း သတိရနေတယ်ဆိုတာ ယုံပါကွာ ... ။“သူငယ်ချင်း ....ဘ၀တစ်လျှောက်လုံးမှာ ကံကောင်းပါစေပြီးတော့ ....အောင်မြင်သူ တစ်ယောက်ဖြစ်လာနိုင်အောင်ကြိုးစားနော်” တဲ့သူငယ်ချင်းရေ ....ဘ၀တစ်လျှောက်လုံး ကံကောင်းအောင်တော့ငါ လျှောက်လှမ်း ရုန်းကန်နေတယ်ခုတော့ ...အောင်မြင်သူ တစ်ယောက်ဖြစ်မလာခဲ့ပေမယ့်ငါ ကြိုးစားလျှောက်လှမ်းနေဆဲပါကွာ ......

ရှာဖွေသူနဲ့ ကျနော်

မာန်လှိုင်းငယ်“ရှာဖွေသူနဲ့ ကျနော်”ငါလုပ်တဲ့ လုပ်ရပ်တိုင်းဟာမှန်ကန်မှုနဲ့တရားမျှတမှု ရှိခဲ့သလား။ငါလုပ်တဲ့ လုပ်ရပ်တိုင်းဟာအောင်မြင်မှုနဲ့ရှုံးနိမ့်မှုကို ဆန်းစစ်နိုင်ခဲ့သလား။ငါလုပ်တဲ့ လုပ်ရပ်တိုင်းဟာအမှန်နဲ့ အမှားကိုရော ဝေဖန်ပိုင်းခြားနိုင်ခဲ့သလား။ငါ ....သေချာစဉ်းစားလိုက်တဲ့အခါ အောင်နိုင်သူဆိုတဲ့သရဖူဆင်မြန်နိုင်ဖို့ မဖြစ်နိုင်သေးပါလား။ ။မာန်လှိုင်းငယ်၂၀၀၇ ခုနှစ်၊ နိုင်ဝင်ဘာလ (၉)ရက်။...

Friday, November 9, 2007

အိတ်ထဲမှာ ဒါအကုန်ပဲ ….

မာန်လှိုင်းငယ်`အိတ်ထဲမှာ ဒါအကုန်ပဲ ….´နှင်းသဇင် က သတိပေးလိုက်တယ်ဗျာ။ ဓါးမြတွေက ကျနော်တို့ကိုပါ တိုက်ပါဦးမယ်တဲ့ဗျာ။ အတိုက်လည်း ခံရပါပြီ။ သွေးအေးအေးနဲ့ လာတိုက်နေပါတယ်။ ဓါးမြတွေက သဘော ကောင်းတယ်ထင်ပါ့။ ဖြည်းဖြည်းလုပ်ပါတဲ့နော်။ရှိတာ အကုန်ထုတ်ဆိုလို့ ထုတ်ပါလို့ ဓါးမြတွေက ပြောတော့လည်း ထုတ်ပါပြီး။ ကြောက်မသွားနဲ့နော်။ သိပ်မရှိဘူးဗျ။ရော့ … ဒီမှာ …၁။ ရောင်စုံဘောလ်ပင် ငါးချောင်းနဲ့ ခဲတံနှစ်ချောင်း။ (သူတို့တွေက ကျနော့်အတွက် မိတ်ဆွေကောင်းတွေလေ။ များများမခေါ်ထားဘူး။ ရန်ဖြစ်နေမှာစိုးလို့)၂။ အမည်းရောင် စာအုပ်တအုပ်။ (သူကတော့ ကဗျာတွေကို ရေးပြီးသိမ်းထားတဲ့ စာအုပ်ပါ)၃။ ဒိုင်ယာရီစာအုပ်တအုပ်။ (တနေ့တာလေးတွ မှတ်သားရအောင်လို့)၄။ ကဗျာစာအုပ်နှစ်အုပ်။ (မောင်သာနိုးရဲ့ ဘာသာပြန်ကဗျာစာအုပ်တွေလေ)၅။ ဓါးသေးသေးလေးတစ်လက်။ (ခဲတံကို ချွန်မလို့ပါ။ လိုရမယ်ရ ထည့်ထားတာ)၆။ လက်ကိုင်ဖုန်း တလုံး။ (လုံခြံရေးအရရော။ အရေးကြီးတဲ့အခါမှာ သုံးဖို့အတွက်ပါ)၇။...

ရှုပ်ထွေးတဲ့ ဒီည

မာန်လှိုင်းငယ်“ရှုပ်ထွေးတဲ့ ဒီည”ဒီည ….စာအုပ်ကိုင်တော့ စာဖတ်လို့ မရကဗျာရေးတော့ ဒွိဟအတွေးတွေ ၀င်စာအုပ်ပိတ် အိပ်မယ်ကြံတော့ မျက်လုံးက ကြောင်ငါ ဘာလုပ်ရမလဲ …ကဲ … … ပြောပါ။ဒီည ….စာကောင်းကောင်း ဖတ်လို့ရအောင်ကဗျာတွေ များများရေးနိုင်အောင်အိတ်တဲ့အခါ မျက်လုံး မှိတ်နိုင်အောင်ရှုပ်ထွေးတဲ့ ဒီညမှာ …ကူပါ … … ကူကြပါ … ။ ။မာန်လှိုင်းငယ်၂၀၀၇ ခုနှစ်၊ နိုဝင်ဘာလ (၈)ရက်။...

ရင်ခွင်တစ်စုံရဲ့ အလွမ်းရိပ်

ငယ်ဆူးအိမ်“ရင်ခွင်တစ်စုံရဲ့ အလွမ်းရိပ်”မျက်စိတစ်မှိတ် လေအဝှေ့မှာသစ်ရွက်တွေ မြေပေါ်ကြွေသလိုဘ၀တွေလည်း ပြောင်းခဲ့ပြီ…….အခုလိုအချိန်မှာပေါ့မိသားစုတွေရဲ့အဝေးတစ်ယောက်ထဲ သိမ်ငယ်အားငယ်နေချိန်အလွမ်းမိဆုံးကတော့မိသားစုနဲ့ အိမ်ကလေးပါပဲ……ငယ်ငယ်တုန်းကပေါ့ နေ့တစ်နေ့ရဲ့အစ ရောင်ခြည်အစပျိုးချိန်မနက်မနက် အိပ်ရာခေါ်နိုးတတ်တဲ့ မေမေ…..မေမေ့ရင်ခွင်ထဲတိုးဝှေ့လို့ ချွှဲနွှဲ့ခဲ့ဖူးတယ်။အခုလိုအချိန်မှာပေါ့ကိစ္စအ၀၀ ပဲ့ပြင်ဆုံးမတည်ငြိမ်စွာ ပြောဆိုနှိမ့်သိမ့်ပေးတတ်တဲ့မေမေ့ရဲ့ စကားချိုချိုတွေကို လွမ်းတယ်……..ငယ်ငယ်တုန်းကပေါ့အားမာန်တွေအပြည့် ယုံကြည်ချက်တွေနဲ့ကျမရဲ့ရှေ့ဆောင်လမ်းပြ သူရဲကောင်း ဖေဖေ……ဖေဖေ့ကျောပြင်ပေါ်ခုန်ပေါက်လို့ ကစားခဲ့ဖူးတယ်။အခုလိုအချိန်မှာပေါ့ဒါဏ်ရာတွေနဲ့ နာကျင်ကျဆုံးချိန်နွေးထွေးစွာ ပွေ့ဖက်ထားတတ်တဲ့ဖေဖေ့ရဲ့ ရင်ခွင်ကျယ်တစ်စုံကို လွမ်းတယ်…….သူစိမ်းတွေကြား အထီးကျန်ဝမ်းနည်းချိန်အဖော်ပြုပေးတတ်တဲ့၊ ဖြူစင်စွာအားပေးတတ်တဲ့ညီမလေးတွေရဲ့...

နေရာလေးတခုမှာ

ငယ်ဆူးအ...

Thursday, November 8, 2007

ကြောက်ရတဲ့ သတ္တ၀ါများ

မာန်လှိုင်းငယ်“ကြောက်ရတဲ့ သတ္တ၀ါများ”မနှင်းဆီနီနီက စီပုံးပါ အော်သွားတာ တွေ့လို့။ အပြေးအလွှား မနှင်းဆီအိမ်ကို သွားလိုက်တာ။ အော် ကိုယ်ကြောက်တဲ့ သတ္တ၀ါတွေ အကြောင်းတွေ ဖြစ်ပါတယ်။ကျနော်ကရော ဘာကောင်တွေကို ကြောက်သလဲပေါ့။ အင်း သတ္တ၀ါတော်တော်များများကိုတော့ မကြောက်ပါဘူး။ သူများတွေကိုတော့ လိုက်ခြောက်ဖူးတယ်ဗျ။ ကျနော့် မေမေဆိုရင် မြွေကြောက်တယ်ဗျာ။ နဂိုကတည်းက ရောဂါတခုရှိတယ်။ သွေးတိုးရောဂါပါ။ ကျနော်က အိမ်နောက်ဖေးမှာ စိုက်ခင်းသေးသေးလေး လုပ်နေတုန်း မြွေလာတာတွေ့လို့ ဖမ်းလိုက်တယ်။ ပြီးတော့ မြွေက မကြီးပါဘူး။ အလွန်ဆုံးရှိ ကျနော်တို့ ငယ်ငယ်တုန်းက ဘုန်းကြီးကျောင်းမှာ နေစဉ်က ဘုန်းကြီးရိုက်တဲ့ ကြိမ်လုံးခပ်ကြီးကြီးအရွယ်လောက်ပဲ ရှိပါတယ်။ ကျနော်က အဲဒီမြွေကို ဖမ်းပြီး မေမေ့ကို စနောက်ချင်စိတ်ပေါ်လာတာနဲ့ သွားစတယ်ဗျာ။ကျနော် ဘယ်လို စ တယ်ထင်သလဲ။ “မေမေရေ ... ဒီမှာ ဘာလည်းမသိဘူး။ သား ယူလာပေးမယ်နော်”ဆိုပြီး ယူသွားတယ်။ မေမေ့ ရှေ့ကိုရောက်တာနဲ့...

ခုတော့ ….

မာန်လှိုင်းငယ်ခုတော့ …. ကျနော့် မျက်ဝန်းမှာမျက်ရည်တွေနဲ့မေမေ့ကို တမ်းတမ်းတတ ရှိလို့ … ။လေပြင်းမုန်တိုင်း ကျတော့မှာလားနှင်းမုန်တိုင်းပဲ ကျတော့မှာလားဟာရီကိန်းမုန်တိုင်းပဲ ကျတော့မှာလားမဟုတ်ပါ ….မုန်တိုင်းတွေလို ကြမ်းတမ်းစွာ မကျညင်သာစွာ စီးကျလာတဲ့ မျက်ရည်မုန်တိုင်းပါ။အား …… …. မေမေရေ ….မေမေ ပြောခဲ့တယ်နော်“မျက်ရည်မကျရဘူး …. သားငယ်”လို့ဒါပေမယ့်မေမေ …..သားမျက်ရည်ကျတာမေမေ့ကို သတိရလို့မေမေ့ကို လွမ်းဆွတ်လို့မေမေ့ကို အောက်မေ့တမ်းတလို့ပါ။ခုတော့ …..ကျနော့် မျက်ဝန်းမှာမျက်ရည်တွေနဲ့မေမေ့ကို တမ်းတမ်းတတ ရှိလို့ …. ။မာန်လှိုင်းငယ်၂၀၀ရ ခုနှစ်၊ နိုဝင်ဘာလ (၇)ရက်။...

သြကာသ လောက

မာန်လှိုင်းငယ် သြကာသ လောကဒီသြကာသ လောကကိုကဗျာဆရာတွေက ကဗျာဆန်ဆန် ရေးဖွဲ့ကြတယ်။ဒီသြကာသ လောကကိုစာရေးဆရာတွေက ဖွဲ့ဖွဲ့နွဲ့နွဲ့ သီကုံးကြတယ်။ဒီသြကာသ လောကကိုတေးရေးဆရာတွေက တီထွင်ဆန်းသစ်ကြတယ်။ဒီသြကာသ လောကကိုပန်းချီဆရာတွေက ကောက်ကြောင်းများအဖြစ် ခြယ်သကြတယ်။ဒါပေမယ့်ဒီသြကာသ လောကကိုငါ … … … ။ ။မာန်လှိုင်းငယ်၂၀၀၇ ခုနှစ်၊ နိုဝင်ဘာလ (၇)ရက်။...

ကပျာကယာ ဂျပန်ကဗျာတရာ အပိုင်း (၆)

(၉၁)ဖျာကြမ်းတစ်ချပ်ပေါ်မှာငါအိပ်ဆဲပုရစ်အော်သံမစဲ။ဒီတစ်ညတော့အင်္ကျီလက်ရှည်ကပဲငါ့ကို ဖက်သိပ်မြဲ။(၉၂)ကျောက်ဆောင်ကို ဒီရေဖုံးတယ်မမြင်ရပေမယ့် ကျောက်ဆောင်ကတော့ရှိမြဲငါ့အင်္ကျီလက်ပေါ် မျက်ရည်ကျတယ်မမြင်ရပေမယ့် စိုနေဆဲ။(၉၃)ကမ္ဘာဟာ ဒီအတိုင်းပဲမနေ့ကနဲ့ ကနေ့ ဘာကွာသလဲတံငါကလည်းဒီသောင်ပေါ်ကို ပိုက်ဆွဲတင်တယ်နေ့တိုင်းပဲ။(၉၄)မိုးလင်းလုပြီယောရှိနော တောင်ပေါ်က လေတိုက်တယ်တစ်ရွာလုံးအေးသွားပြီတောင်ပြိုသံလည်း ကြားရတယ်။(၉၅)သံသရာ ကြုံသမျှ ဒုက္ခကူချင်ပါလျက် ကူမရငါနေတဲ့ ဟေဧဟိ တောင်ပေါ်ကငါခြုံတဲ့သင်္ကန်း ဖြန့်ပြီးခြုံပေးချင်လှ။(၉၆)လေထန်ကို မုန်တိုင်းဆင်ရင်ချယ်ရီတွေ ကြွေလိုက်သမှ တဖွဲဖွဲရွက်ကြွေကိုရှောင်မရဘာထူးလို့လဲ လူ့ဘ၀အကြွေပေါ် အကြွေဆင့်အဆင့်ဆင့်။(၉၇)ပင်လယ်ကမ်းစပ်မှာ လာပြီးဆားချက်ကြတယ်ငါလည်းမတ္ဆုဟိုကမ်းမှာအလိုရမ္မက် ဖြည့်ဖို့စောင့်နေတယ်။(၉၈)ညနေခင်း လေညှင်းရေမြောင်းဘေးသစ်ပင်မှသစ်ရွက်တွေရဲ့ တိုက်ခတ်သံနွေရာသီ ကျန်ပါသေးတယ်။(၉၉)သိပ်ကျေနပ်သူ...

Wednesday, November 7, 2007

ချစ်သူရယ်

ငယ်ဆူးအိမ်ရေးသူကတော့ ငယ်ဆူးအ...

ဖေဖေ သို့ ….

မာန်လှိုင်းငယ်“ဖေဖေ သို့ ….”တခါတခါ ဖေဖေ့စကား နားထောင်ချင်ပေမယ့်လုပ်ချင်ရာ လုပ်နေတဲ့သားရဲ့ မဟာရည်မှန်းချက်ပန်းတိုင်ကို အရောက်သွားလိုက်ဦးမယ် ဖေဖေ … ။တခါတခါဖေဖေ့ဆန္ဒအတိုင်း လုပ်ချင်ပေမယ့်သားရဲ့ ၀ါသနာဝမ်းတွင်းမီးကိုအပြောကျယ်တဲ့ သမုဒ္ဒရာကြီးလောက် ဖြစ်ချင်သေးတယ် ဖေဖေ … ။ဖေဖေ ….သားကို ခွင့်လွှတ်ပါ။မဝေးတော့တဲ့ အချိန်မှာပြီးပြည့်စုံစွာနဲ့ပြန်လာခဲ့ပါမယ် ဖေဖေ …. ။ ။မာန်လှိုင်းငယ်၂၀၀ရ ခုနှစ်၊ နိုဝင်ဘာလ (၆)ရက်။...

ကပျာကယာ ဂျပန်ကဗျာတရာ အပိုင်း (၅)

(၇၁)ညနေစောင်း လေအေးကဒီဘက်ဇောင်းကို ဇွတ်တိုက်နေတယ်ထွက်ကြည့်ပါဦးလာစမ်းပါဗျ။(၇၂)တကရှိ ကမ်းကိုလာရိုက်တဲ့ လှိုင်းကြမ်းမြင်ဖူးကြမှာပါငါကတော့ ခပ်လန့်လန့်ငါ့အင်္ကင်္ျီလက်တွေ စိုရော့မယ်။(၇၃)တမျှော်တခေါ်တောင်တွေတောတွေချယ်ရီပန်းတွေဝေလို့ဒါလောက်မြင်ကွင်းလှချိန်မှာမြူဆိုင်းရတယ်လို့။(၇၄)ငါ့ကို ဒုက္ခပေးတဲ့မိန်းမကွမ်ရင်မယ်တော် ကယ်ပါလို့လည်းဆုတောင်းပါတယ်တောင်ပေါ်လေကြမ်း မိပါစေလို့လည်းဆုတောင်းပါတယ်။(၇၅)မင်းရဲ့အာမခံချက်အင်မတန်ပျင်းစရာကောင်းတဲ့ဆောင်းဦးမှာမင်းရဲ့ကတိကို ရရင်နေပျော်ပါတယ်။(၇၆)ပင်လယ်ဆိုတာ ပြန့်ကျယ်ခတ်တက်ကိုသာ ဆွဲရတယ်ဘယ်လဲဟေ့တိမ်ဖြူ လှိုင်းဖြူ?(၇၇)ကတိ ရေကျတဲ့အခါတောင်စောင်းကို ရေကြောင်းတိုးလို့တောင်စောင်းနဲ့ရေစောင်း တိုက်သလိုတို့နှစ်ယောက်လည်း တိုက်မယ်။(၇၈)အ၀ဓိ ကျွန်းဆီက ငှက်သံတညံညံငါ့မှာတော့ တစ်ယောက်တည်းဆုမတံခါးဝမှာ တစ်ယောက်တည်း။(၇၉)ဆီးနှင်းကျတဲ့ ရာသီမှာ`တိမ်`လည်း လှုပ်ရှားမှာပဲ`လ` လည်းသာမှာပဲဒါပေမဲ့ မထင်ရှား။(၈၀)သူဘာတွေးမယ်...

ယနေ့ထိတိုင်

မာန်လှိုင်းငယ်“ယနေ့ထိတိုင်”ယနေ့ထိတိုင်ကျနော့် နှလုံးသားထဲထာဝရှင် တည်ရှိနေတဲ့အပြုံးပိုင်ရှင်ဂရုဏာရှင်အကြင်နာမေတ္တာကျေးဇူးရှင်ကျနော့်ရဲ့ မွေးမိခင် …. ။ယနေ့ထိတိုင်ကျနော့် အသည်းထဲကျောက်ထက်အက္ခရာ တင်ထားတဲ့အကြင်နာ မျက်ဝန်းနူးညံ့တဲ့ အပြုံးနွေးထွေးတဲ့ ရင်ခွင်ပေးနိုင်စွမ်းသူကျနော့်ရဲ့ မွေးမိခင် …. ။ ။မာန်လှိုင်းငယ်၂၀၀၇ ခုနှစ်။ နိုဝင်ဘာလ (၆)ရက်။...

အပြိုင်အဆိုင် ၀ယ်ပြီး ကားစီးကြမယ်

ဒီကားနှစ်စီးလုံးက တကယ့်အကောင်းစားကားတေါပါပဲ။ လူတွေကို သက်တောင့်သက်သာနဲ့ ဇိမ်ရှိရှိစီးနိုင်အောင်ပါ။ ကဲ ဒီကားတွေကို ကျနော် ကြော်ငြာထားပါတယ်။ ဘယ်သူ ၀ယ်နိုင်မလဲလို့ မေးကြည့်ပါရစေ။ ကျနော်ကတော့ မ၀ယ်နိုင်ဘူးဗျ။ အလှပဲ ကြည့်နိုင်တယ်။ ၀ယ်နိုင်တဲ့လူရှိရင် ပြောပါ။ ဟဲ ဟဲ ဟဲ။ စိတ်ဝင်စားရင်ပေါ့။ဒါက ကားတစီးလုံးပုံပါ။ဒါကတော့ ကားအထဲက အနေအထားပါ။ဒါကာတော့ အလားတူပါပဲ။အနေအထားတွေက တော်တော်ကောင်းပါတယ်။ဒါကတော့ နောက်ပုံစံ ကားတစီးလုံးပုံပါ။ဒီကားတွေရဲ့ ပုံစံတွေက ရှယ်ပဲ။သက်တောင့်သက်သာရှိတဲ့ ကားတွေပါ။ဒီကားလဲပဲ လူတွေအတွက် ပုံစံကောင်းလေးတွေ...

Page 1 of 6912345Next

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes