နွေးထွေးစွာ အေးမြခြင်းများစွာနဲ့ မာန်လှိုင်းငယ်မှ ကြိုဆိုပါသည်။ အကြံပြုချက်များ၊ ဝေဖန်စာများကိုလည်း ကြားချင်ပါသည်။

Saturday, September 8, 2007

ဒါတွေဟာရူးသွပ်ခြင်းပဲပြောရရင် အရူးတစ်မျိုးပေါ့ဗျာ


ဖတ်ပါအွန်းလိုင်း



ကျနော် ဒီအင်တာဗျူးကို ဖတ်ပါအွန်လိုင်းက တဆင့် ကူးယူဖော်ပြလိုက်ပါတယ်။ ဖတ်ပါအွန်းလိုင်းကို ဒီနေရာကနေ ပြောပြခြင်းဖြစ်ပါတယ်။ ကျနော် နှစ်သက်တာလေးတွေကို ကျနော့်ဘလော့ဂ်မှာ တင်ချင်လို့ အခုလို ဒီအင်တာဗျူးကို တင်ထားခြင်းဖြစ်ပါတယ်ခင်ဗျာ။


ကိုယ့်ကိုယ်ကို အထင်ကြီးနေတဲ့လူ၊ မာနကြီးနေတဲ့လူ ဒါတွေဟာရူးသွပ်ခြင်းပဲပြောရရင် အရူးတစ်မျိုးပေါ့ဗျာ

ရုပ်ရှင်နှင့်ဗီဒီယိုလောကတွင် အောင်မြင်မှုကို နှစ်ပေါင်းများစွာ ပိုင်ဆိုင်ခဲ့ပြီး လူမှုရေးလုပ်ငန်းများအား စိတ်ရောကိုယ်ပါနှစ်၍ လုပ်ဆောင်နေသည့် ဦးကျော်သူအား ၎င်း၏ခံယူချက်၊ စိတ်သဘောထား၊ လောကပေါ်အမြင်၊ လူတွေအပေါ်အမြင်များကို မေးမြန်းခဲ့ရာတွင်……….
မေး-ဦးကျော်သူ လူမှုရေးလုပ်ငန်းတွေ အများကြီးလုပ်ခဲ့တယ်ဆိုတာ သိရပါတယ်။ အနစ်နာခံလုပ်ဆောင်နေတာတွေကို လည်းသိရပါတယ်။ ဘယ်အချိန်အထိ လုပ်သွားမယ်လို့ ရည်ရွယ်ထားပါသလဲ။
ဖြေ-ကျွန်တော်လုပ်နိုင်တဲ့ အချိန်အထိ လုပ်သွားမယ်။ နောက်လုပ်ခွင့်ရတဲ့အချိန်အထိ လုပ်သွားမှာပါ။
မေး-အဲဒီလို လူမှုရေးလုပ်ငန်းတွေ လုပ်ကိုင်နေမှုအပေါ် ဦးကျော်သူရဲ့ စိတ်ထားကကော ဘယ်လိုရှိပါသလဲ။
ဖြေ-လူမှုရေးလုပ်တယ်ဆိုတာက စိတ်အသန့်ရှင်းဆုံးနဲ့ အောက်ကျို့ပြီးလုပ်ရတာပါ။ ဒီလုပ်ငန်းက လူမျိုးစုံနဲ့ဆက်ဆံရတော့ ကိုယ့်စိတ်ကိုအနိမ့်ကျဆုံးနဲ့ အောက်ကျို့ထားပြီးကူညီပံ့ပိုးပေးပါတယ်။
မေး-လူမှုရေးလုပ်ငန်းတွေ လုပ်ဆောင်ရတဲ့ ရည်ရွယ်ချက်ကကောဘာဖြစ်မလဲ။

ဖြေ-မြန်မာပြည်မှာ လူမျိုးစုံရှိတယ်လေ။ အဲဒီထဲမှ ဆင်းရဲတဲ့သူ၊ ဒုက္ခရောက်တဲ့သူတွေရဲ့ ကျန်းမာရေး၊ ဆေးဝါးကုသဖို့ ဒုက္ခရောက်တာတွေကို အတတ်နိုင်ဆုံး ကူညီပံ့ပိုးပေးချင်တာပါ။ တချို့ဆိုရင် နာရေးအတွက် မတတ်နိုင်တာတွေရှိတယ်။ အဲဒါတွေကို ကူညီပေးချင်တာပါ။ ပြောရရင်တော့ ကျွန်တော်သရုပ်ဆောင်သက်တမ်း (၂၅)နှစ်မှာ ပရိသတ်တွေဆီကရတဲ့ အနုပညာကြေးနဲ့ ကျွန်တော့်မိသားစု စားဝတ်နေရေးအဆင်ပြေတယ်။ ကျွန်တော့် သားသမီးတွေ ပညာသင်ခွင့်ရတယ်။ ပရိသတ်ကြောင့် ကျွန်တော့်မိသားစုအတွက် ပံ့ပိုးမှုရလို့ ပြည်သူတွေကို ပြန်ပြီးကျေးဇူးဆပ်တာပါ။ အကြွေးပြန်ဆပ်နေတာပါ။
မေး-လူအမျိုးမျိုးရှိတယ်။ ဦးကျော်သူက ကိုယ့်ကိုကိုယ် ဘယ်လိုလူလို့ သတ်မှတ်ပါသလဲ။
ဖြေ-ကျွန်တော်က လူရိုးရိုးသာမန်လူပါပဲ။ ကျွန်တော် လူမှုရေးလုပ်ငန်းတွေ လုပ်နေတာကလည်း ကျော်သူဆိုတဲ့ နာမည်ကြီးကို ရှေ့တန်းတင်ပြီးလုပ်တာ မဟုတ်ပါဘူး။
မေး-ဦးကျော်သူ လောကကြီးအပေါ်ဘယ်လိုမြင်ပါသလဲ။
ဖြေ-လောကကြီးက မွေးလာပြီး ရင်သေဖို့ပဲရှိပါတယ်။ တချို့ဆိုရင် မွေးကတည်းက အမိဗိုက်ထဲမှာတင် သေရတာရှိတယ်။ လူ့လောကကြီးအကြောင်း မသိရဘဲ ထွက်သွားရတယ်။ အဲဒါကြောင့်လောကကြီးထဲကို ရောက်လာတဲ့အချန်မှာ တန်ဖိုးရှိရှိ အသုံးချနိုင်ဖို့ အရေးကြီးပါတယ်။
မေး-ဦးကျော်သူက လူမှုရေးလုပ်ငန်းတွေ လုပ်နေတယ်ဆိုတော့ ကိုယ့်ကိုယ်ကို လောကကြီးအတွက် အကျိုးပြုတဲ့လူတစ်ယောက်လို့ ထင်ပါသလား။
ဖြေ-ကျွန်တော်က အကျိုးပြုတဲ့ လူတစ်ယောက်ဖြစ်အောင် ရည်ရွယ်ပြီး အလုပ်ပါဘူး။ လူပီသတဲ့လူတစ်ယောက်ဖြစ်အောင် လုပ်ဖို့ကြိုးစားတာပါ။ အများအကျိုးလုပ်ပြီး လူပီသအောင်ကြိုးစားတာပါ။ ဘုရားစကားနားထောင်တဲ့အပိုင်းပါ။
မေး-ဘဝအကြောင်းအမျိုးမျိုး ပြောကြတယ်။ ဦးကျော်သူကရော ဘဝကိုဘယ်လို ဒဿနဖွင့်ချင်လဲ။
ဖြေ-ဘဝဆိုတာ မြင့်သွားလိုက်၊ နိမ့်ကျလိုက်ရှိတယ်။ အဲဒီလို မြင့်တက်သွားချိန်နဲ့ နိမ့်ကျသွားချိန်မှာ ခဲနိုင်ရည်ရှိရှိနဲ့ ရင်ဆိုင်သွားနိုင်ဖို့ အရေးကြီးတယ်။မဇ္စိုမပဋိပဋာ သဘောအတိုင်းအရမ်းမြင့်သွားရင်လည်း မလွတ်ထွက်သွားဖို့ အရေးကြီးသလို နိမ့်ကျသွားတဲ့အခါမှာလည်း အောက်ကိုဆင်းမသွားဖို့အရေးကြီးပါတယ်။
မေး-တချို့က ကိုယ့်ကိုယ်ကိုအထင်ကြီးတာတွေရှိပါတယ်။ အဲဒီလို လူတွေအပေါ်ဦးကျော်သူရဲ့ အမြင်လေး ပြောပေးပါ။
ဖြေ-ဒါကတော့ ကိုယ့်ကိုယ်ကိုလည်း အထင်ကြီးတာတွေ ရှိသလို၊ နှိမ့်ချအရှုံးပေးတာလည်းရှိပါတယ်။ အထင်ကြီးတဲ့လူတွေကိုတော့ မပြောချင်ဘူး။ အရေးကြီးတာက ကိုယ်လျှောက်ရမယ့်လမ်းကို မှန်အောင်လျှောက်ဖို့ ပါပဲ။
မေး-ကိုယ့်ကိုယ်ကို အထင်ကြီးတဲ့လူနဲ့ မာနကြီးတဲ့လူတူပါသလား။
ဖြေ-အမှန်ကတော့ အဲဒါကဘဝင်ပဲ။ အထင်ကြီးတာကလည်း ဘဝင်ပဲ၊ မာနကြီးတာကလည်း ဘဝင်ပဲ ရူးသွပ်ခြင်းပေါ့။ အဲဒါလည်း ရူးသွပ်ခြင်းတစ်မျိုးပါပဲ။
မေး-တချို့က သူများအပေါ်နင်းပြီး ကိုယ့်အကျိုးရှာကြတာလဲရှိတယ်။အဲဒီလိုလူမျိုးတွေရဲ့ အောင်မြင်မှုဟာဘယ်လိုပုံစံနဲ့ သွားမယ်ထင်ပါသလဲ။
ဖြေ-အရင်ကဆိုရင် သာသနာပွင့်ကာစ ဝဋ်ဆိုတာလည်တတ်တယ်ဆိုတာရှိတယ်။ ယောဆရာတော်ရဲ့ ဆုံးမစကားလိုပေါ့“ ကိုယ်ပြုသော ကံပဲ့တင်သံကိုယ်ထံပြန်လာမည်” ဆိုသလိုပေါ့။ ကိုယ်ပြုသမျှ ကိုယ်ခံရမယ်။ ကိုယ်ပြုတာက ကောင်းရင် ကောင်းတာခံရမယ်။ ကိုယ်က မကောင်းတာလုပ်ရင် မကောင်းတာပြန်လာမယ်။ အဲဒီလို လူတွေအပေါ် အမြင့်တော့မပြောတော့ပါဘူး။
မေး-လူဆိုတာ စိတ်အမျိုးမျိုးပြောင်းလဲတတ်တယ်။ ဦးကျော်သူရော စိတ်ပြောင်းတတ်ပါသလား။
ဖြေ-ဟိုးအရင်ကတော့ ပြောင်းလဲဖူးတယ်။ အသက်(၄၀)အရွယ်လောက်အထိ စိတ်ကစားပြီး အမျိုးမျိုးပြောင်းတတ်တယ်။ အခုကျွန်တော့အသက် (၄၈)နှစ်မှာတော့ ပြောင်းလဲမှုမရှိဘဲငြိမ်သွားပါပြီ။
မေး-အဲဒီလို ပြောင်းလဲနေတဲ့စိတ်ကို ဘယ်လိုချုပ်ထိန်းသင့်ပါသလဲ။
ဖြေ-ပြောင်းလဲနေတဲ့စိတ်ကို ထိန်းဖို့ဆိုတာက ကျွန်တော့်တုန်းကတော့ ဆရာတော်ဘုရားကြီးတွေရဲ့ ဩဝါဒခံယူတယ်။ တရားစခန်းတွေဝင်တယ်။ တရားပွဲတွေလိုက်နာတယ်။ နောက်ဆရာကြီးဦးသုခနဲ့တွေ့ပြီး နာရေးကူညီမှုအသင်းကို လုပ်ဆောင်တော့လူတွေအကြောင်း ပိုသိလာရတယ်။ ချမှတ်ထားတဲ့လမ်းကြောင်းတစ်လျှောက်မှာ လူပေါင်းစုံ၊လူတန်းစားပေါင်းစုံနဲ့ ထိတွေ့ဆက်ဆံရတော့ ကိုယ်ချင်းစာစိတ်နဲ့ ထိန်းချုပ်နိုင်ခဲ့တာပါ။
မေး-ဦးကျော်သူရဲ့ ပရိသတ်ကြီးကိုရော ဘာများပြောချင်သေးလဲ။
ဖြေ-လူဖြစ်လာတဲ့အတွက် လူပီသစွာနေထိုင်တယ်။ ကြိုးစားပြီး လူသားတွေအတွက် တတ်နိုင်သလောက် ရှေ့ဆက်ပြီး လူမှုရေးလုပ်ငန်းတွေ လုပ်ဆောင်သွားမှာပါ။

ဖတ်ပါအွန်းလိုင်း

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes