နွေးထွေးစွာ အေးမြခြင်းများစွာနဲ့ မာန်လှိုင်းငယ်မှ ကြိုဆိုပါသည်။ အကြံပြုချက်များ၊ ဝေဖန်စာများကိုလည်း ကြားချင်ပါသည်။

Thursday, September 6, 2007

ဟီနကုလော

နိုင်ပြည်အေး

ရခဲလှတဲ့ လူ့ဘ၀၊ တဒင်္ဂခဏ၀ါဒရဲ့အောက်မှာ လူဖြစ်ရ ရှုံးပြီ။ လူ့အခွင့်အရေးဆိုတာ ဘာလဲ။ လုံးသလား၊ ပြားသလား မသိ။ ဒီမိုကရေစီဆိုလျှင်လည်း ငရဲသားလို့ပင် မြင်နေကြ။ နတ်သားလို့လည်း တွေးနေကြ ဖြစ်မှဖြစ်ရပလေ၊

ဟိုတချိန်က အာရှရဲ့ဓနဘဏ်ဟာ ကျနော်တို့ရဲ့ ဗမာနိုင်ငံပါ။ ခုတော့ဗျာ ကမ္ဘာပေါ်မှာ ဆင်းရဲ တဲ့နိုင်ငံစာရင်းထဲကို ဇွတ်အတင်းထိုးထည့် ဒီထက်ရှင်းအောင် ပြောရရင်တော့ ရွှေဗမာသခင်မျိုးတွေ ကျွန်ဖြစ်ရလေပြီ။

ကုလောအမျိုးအနွယ်တို့အား ဟီနယုတ်လျှော့အောင်ပြုခဲ့တဲ့ တရားခံအစစ်ဟာ နအဖ ဗိုလ်ချုပ်ကြီးတွေပါ။ ကြည့်တတ်ရင် မြင်ပါတယ်။ အဂတိတရား (၄)ပါး ပခုံးထိပ်မှာ ချိတ်။ ဘွဲ့တံဆိပ်လို သဘောထား။ အကုသိုလ်တရား (၅)ပါး အကုန်လုပ်။ အမှား။ အမှန်လဲ မခွဲခြား။ ဒါဟာ နအဖ ဗိုလ်ချုပ်ကြီးတွေရဲ့ လက်ကိုင်တရားတွေပါ၊

မဟာအဂတိ နအဖဗိုလ်ချုပ်မှူးကြီး (၄)ပါးရဲ့ ဆန္ဒတွေကြောင့် ကုလော ဗမာအမျိုးသား ကောင်းသမီးရတနာတွေ ယုတ်လျှော့နိမ့်ပါး နေကြခြင်းပါ၊

သာဓက ပြရရင်တော့
ဆန္ဒာဂတိ၊ ၊ ကိုယ်ချစ်တဲ့ အာဏာကြောင့် ကိုယ်နဲ့ သင့်သူတွေကို မြောာက်စား။
ဒေါသာဂတိ၊ ၊ မုန်းသူတွေကိုတော့ နှစ်ရှည်ထောင်ဒဏ်တွေ ပေး၊
မောဟာဂတိ၊ ၊ေ၀၀ါးတဲ့အမြင်တွေနဲ့ ပြည်သူတွေကို ကြည့်၊
ဘယာဂတိ၊ ၊ အကြောက်တရားလွန်ကဲလာတော့ အကုသိုလ်တရားတွေ ထပ်ခါထပ် ခါ ပွား၊

ရှင်းရှင်းလေးပါ၊ ဇာတ်တူသားစားတော့ ဟင်္သာကိုးသောင်း ပျက်စီးရာ ပျက်စီးကြောင်း သာဓက။ ကိုယ့်ပေါင် ကိုယ်ပြန်ထောင်းတဲ့ ဒဿန။ အဖြေက ဒီနေ့ ကျနော်တို့ရဲ့ ဗမာနိုင်ငံမှာ ဗျသန တရား ငါးပါး။ တပါးမှ မကျန်တော့ပါ၊

ဗျသနတရား ငါးပါကတော့
ဥာတိဗျသန၊ ၊ ကိုယ့်အမျိုးအနွယ်တွေ ပါလာလိုဏ္ဍလဲ ထည့်မတွက်။ ပစ်ကြ။ ခတ်ကြ။ သတ်ကြ။ အပကာမ - သူ များမကောင်းကြောင်းတွေလဲ ပြောကြ။ ဆိုကြ။ ရေးကြ။ ရလဒ်က ဘာလဲ၊ သေကြ။ ကြေကြ။ ခြေတွေလက်တွေ ပြတ်ကြ။ တိုကြ။ လူညွန့်တွေ တုံးကြ။ အမုန်းမီးတွေ ရှည်ကြ၊ ကျနော်တို့ ပြည်သူတွေ မြင်တာကတော့ တပ်မတော်သားတွေဘဲ သေသေ။ သူပုန်တွေဘဲ သေသေ။ အားလုံးဟာ ဥာတိ - ကိုယ့်အမျိုးအနွယ်တွေဘဲ။ ဗျသန - ပျက်စီးခြင်းမလှ ပျက်စီးကြတာ အမှန်ပါ၊

ဘောဂါဗျသန၊ ၊ ဘတ်ဂျက်လိုတော့ သစ်တောတွေ ခုတ်ရောင်း။ ဒေါ်လာလိုရင် ကျောက်မျက် ရတနာပြပွဲတွေ လုပ်။ အရချောင်မယ်ဆိုရင် ပြည်သူ့သားကောင်းသမီးရတနာတွေကိုတောင် တခြား ပြည်ပတွေ ပို့ သွင်း ကျွန်ဇာတ်ခင်း။ ခုတော့ ကုန်ပြီ။ စိမ်းဝါနီရွှေရတနာတွေလည်း ကုန်ပြီ။ ကျွန်းသစ်နဲ့ ပျဉ်းကတိုး သွားကြားထိုးဖို့ပင် မကျန်တော့။ ရေအောက်က ဓါတ်ငွေ့သိုက် ခပ်မိုက်မိုက်ရောင်းစား။ ပြည်သူတွေအတွက် ဆီမီးတခွက်တောင် မခံစားရ။ နောက်ဆုံးတော့ ပြည်သူ့ဘဏ္ဍာ ဘောဂတွေ ပျက်စီးဆုံးရှုံးနေတာ နေ့စဉ်နဲ့ အမျှပါ၊

ရောဂါဗျသန၊ ၊ ဆင်းရဲတဲ့နိုင်ငံသားတွေဆိုတော့ ရေချွေတာ။ မီးချွေတာ။ ဆီချွေတာ။ ဆန်ချွေတာပေါ့။ ကုန်ကုန်ပြောရရင်တော့ အလကားရတဲ့ ရင်တွင်းပြစ်စကားတွေတောင်မှ ချွေတာ ပြောနေရတဲ့ နအဖခေတ်ပါ၊ အရာရာခေဋ္ဌတာနေရမှတော့ ဘယ်မှာလာပြီး အာဟာရပြည့်တော့မှာလဲ၊ ဆင်းရဲတော့ ချွေတာ။ ချွေတာနေတာများလာတော့ အာဟာရမပြည့် အာဟာရမပြည့်မှတော့ အမျိုးမျိုး သော ရောဂါတွေက စုံလို့။ ရေနစ်သူ ၀ါးကူထိုးသလို (HIV/AIDS) တွေရော။ ကြက်ငှက် တုပ်ကွေး တွေရော။ (TB) တွေရော။ ငှက်ဖျားတွေရော။ တောင်ကတုံးပေါ်မှာ ဖြူဖြူဖွေးဖွေး ဘရက်စာ ပေါက်နေ သလို ပေါမှ ပေါ။ အသပြာတွေ ပုံပေးရတဲ့ ပြည်သူ့ဆေးရုံးကိုလည်း မတတ်နိုင်။ ရောဂါဗျသနနဲ့ ကုလောအဆွေအမျိုးတွေ ပျက်စီးနေတာ ကုဋ္ဋေကဋ္ဋာပါ၊ တောထဲမှာ သစ်ပင်။ ၀ါးပင်တွေ အမျိုးစုံ မရှိတော့သလိုပါပဲ။ မြောက်များစွာ သေကြေပျက်စီးနေကြတာ မရေတွက်နိုင်ပါ၊

ဒိဌိဗျသန၊ ၊ ဒီဘ၀ ဒီကိုယ်စံ။ နောက်ဘ၀ နောက်ကိုယ်ခံမယ်။ ကောင်းစွာကြံစည်သူတွေ ကိုတော့ ထောင်သွင်းအကျဉ်းချထား။ ကောင်းသတင်းစကားတွေဆိုရင် ပုဆိန်ရိုးတွေလုပ်။ အပုတ်ချ သွေးခွဲ။ ကောင်းစွာ လုပ်ကိုင်စားသောက်ကြတဲ့ လယ်သမား။ အလုပ်သမားများကို နည်းအမျိုးမျိုး။ အစုံစုံနဲ့ ခြိမ်းခြောက်။ အနိုင်ကျင့်။ သတ်ရဲဖြတ်ရဲရင်တော့ စွမ်းအားရှင်တဲ့။ ပြည်သူတွေချစ်တဲ့ အဲန်အယ်လ်ဒီအဖွဲ့ဝင်တွေကို ၀ါးရင်းတုတ်နဲ့ အပြတ်ရှင်း။ မေ (၃၀)အရေးအခမ်းက သက်သေပြ။ ကမ္ဘာကြီးတောင် သိမ့်သိမ့်တုန်သွားခဲ့ရပေါ့၊

သီလဗျသန၊ ၊ အထက်မှာ မူဆယ်။ အောက်ပြည်ဝယ် မြ၀တီ။ ကော့သောင်း။ အရှေ့မှာ တာချီလိတ်။ အနောက် ထိပ်တမူး။ ရှိရှိသမျှ ပြည်သူ့ဝန်ထမ်းတွေရဲ့ စာရိတ္တ။ မြေမှာ ကျခဲ့ရပြီ။ ဆရာ တွေပင် မဆင်ခြင်နိုင်တော့ ပျက်စီးခြင်းမလှ ပျက်စီး။ နောင်တခေတ်ရဲ့ သားကောင်းသမီးရတနာ ဘယ်မှာ ရှာရပါ့မယ်။ ၀ိုင်းကြပါ။ ကယ်ကြပါ။ ကူကြပါ။ အမိအဖပြည်သူအပေါင်းတို့ ပြည်ဗမာရှေ့ရေး မတွေးဝံ့စရာပါ၊

စဉ်းစားကြည့်ကြစမ်းပါ။ အဖြေက လွယ်လွယ်ကလေးပါ၊
(၁) ကိုယ့်အမျိုး ကိုယ်သတ်တာ တိုးတက်တဲ့နိုင်ငံတွေမှာ ရှိပါသလား၊
(၂) ကိုယ့်အမျိုး ကိုယ်နှစ်ပေါင်း(၄၀။ ၉၀။ ၁၀၀)ထောင်သွင်းအကျဉ်းချတာ တိုးတက်တဲ့နိုင်ငံတွေ မှာ ရှိပါသလား၊
(၃) ကိုယ့်အမျိုး ကိုယ်အနိုင်ကျင့်နှိပ်စက်နေတာ ဖွံ့ဖြိုးတဲ့နိုင်ငံလား၊
(၄) အကျင့်စာရိတ္တတွေ ပျက်စီးနေတာ တိုးတက်တဲ့နိုင်ငံတွေမှာ ရှိပါသလား၊
(၅) ရေ မလာ။ မီး ခဏ ခဏပျက်တာ တိုးတက်တဲ့နိုင်ငံလား၊

ကိုယ့်နိုင်ငံ။ ကိုယ့်အရေး။ ကိုယ့်ပြည်သူတွေက အသိဆုံးမို့ပါ၊ ဒီနေ့ခေတ်။ ဒီနေဏ္ဍကမ္ဘာကြီး ပေါ်မှာ ဒိဗ္ဗစက္ကုတွေ ကောင်းကင်ကြီးမှာ အပြည့်ပါ၊

နိုင်ငံတကာဘောလုံးပွဲကို ဗမာပြည်သူပြည်သားတွေ အိမ်ထဲက အားပေးလို့နေရမယ့် အချိန်ပါ၊

မြောက်ဝန်ရိုးစွန်းက ရေခဲတောင်တွေ အရေတစက်စက် ဖြစ်နေတာကို တောင်ဝန်ရိုးစွန်းက ပြည်သူတွေ မြင်နေရမယ့် အချိန်ပါ၊ ရှက်တတ်ကြပါ။ ကြောက်တတ်ကြပါ။ လောကကို စောင့်ရှောက် တဲ့ ဟိရိသြတ္တပ္ပတရားတွေ ပွားများအောင် ကြိုးစားကြပါ၊ အဲဒီ အရှက်နဲ့ အကြောက်တရား နှစ်ပါး ဆိတ်သုန်းမယ့်အချိန်ဟာ လောကကြီး ပျက်ဆီးတဲ့နေ့ဖြစ်ကြောင်း သတင်းစကား ပန်ကြားပါရစေ၊

ဒီမိုကရေစီဆိုတာ သင့်အတွက်ပါ၊
ဒီမိုကရေစီဆိုတာ တိုင်းပြည်အတွက်ပါ၊
အမျိုးသားတို့ နိုးကြားကြလော့၊

နိုင်ပြည်အေး

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes