မာန်လှိုင်းငယ်
သမိုင်းဟာ
ပြတိုက် ---
စာကြည့်တိုက် ---
စာအုပ်ပဒေဿာလား
သေချာတာက
သမိုင်းဖြစ်ဖို့
လူ(ကိုယ်)က ဖန်တီးကြတယ်။
လူ(ကိုယ်)ဟာ
ကြံမ္မာ ပြတင်းတံခါးကိုဖွင့်
ခေတ်သစ်ရဲ့ စနစ်မှ
ခြေတလှမ်းရဲ့ မိုင်နှုန်းအတိုင်း
ပြေးလွှားနေကြတယ်။
အတိတ်က ရာဇ၀င်ကို
လူ(ကိုယ်)က
ဖော်ကြူးလှစ်ပြတာဟာ
သမိုင်းပင် မဟုတ်လား။
သမိုင်းရဲ့ ပြဇာတ်
ဇာတ်ခုံနောက်အရောက်
လူ(ကိုယ်)က
ပါဝင် က၊ ကပြကြတယ်။
“မိတ်သင်္ဂဟတို့
သမိုင်းတခေတ် ထွန်းတောက်ဖို့
အမှောင်ကို ခွင်း
အလင်းပေါက်အောင်
နိုးကြားထကြွကြလော့”။
သမိုင်းနဲ့ လူ
ဘယ်သူ ဗိုလ်လောင်းလဲ
ကမ္ဘာတည်သရွေ့
သမိုင်းနဲ့ လူ
တည်မြဲနေမှာပါ။ ။
မာန်လှိုင်းငယ်
၈း၄၇ နာရီ
0 comments:
Post a Comment