နွေးထွေးစွာ အေးမြခြင်းများစွာနဲ့ မာန်လှိုင်းငယ်မှ ကြိုဆိုပါသည်။ အကြံပြုချက်များ၊ ဝေဖန်စာများကိုလည်း ကြားချင်ပါသည်။

Tuesday, September 11, 2007

ကျနော်နဲ့ ကဗျာဝိုင်ချို

မာန်လှိုင်းငယ်

ကျနော်နဲ့ ကဗျာဝိုင်ချိုရယ်
မြတ်မြတ်နိုးနိုးသိမ်းထားတဲ့ ရင်ခုန်သံတွေရယ်
ကိုယ်စီဆုတောင်းခဲ့တာတွေရယ်

ဘ၀အတွက် မေ့လို့မရတော့မယ့် ရက်စွဲတွေရယ်
ဖော်ပြလို့မရတဲ့ အဓိပ္ပါယ်ရှိရှိမျက်ဝန်းတွေရယ်
အတူလျှောက်လည်ခဲ့ဖူးတဲ့ နေရာလေးတွေရယ်

ဒီဇင်ဘာနှင်းစက်အောက်မှာရယ်
ဆောင်းလေညှင်းတိုက်လို့ ကြွေလွှင့်လာတဲ့ သစ်ရွက်တွေရယ်

ကဗျာဆန်ဆန် ဆည်းဆာအလှအောက်မှာ
စံပယ်ပန်းရနံ့တွေနဲ့အတူ
ကဗျာဝိုင်ချိုသောက်သုံးရင်း --- ။ ။

မာန်လှိုင်းငယ်

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes