နွေးထွေးစွာ အေးမြခြင်းများစွာနဲ့ မာန်လှိုင်းငယ်မှ ကြိုဆိုပါသည်။ အကြံပြုချက်များ၊ ဝေဖန်စာများကိုလည်း ကြားချင်ပါသည်။

Thursday, September 6, 2007

ရန်ကုန်မြို့က ဒေါ်မေ၀င်း အင်တာဗျူး

အာအက်ဖ်အေမှ အိမ်ရှင်မများအဖွဲ့ရဲ့ ကြေညာချက်နဲ့ပတ်သက်ပြီး
ရန်ကုန်မြို့က ဒေါ်မေ၀င်းနှင့် ဆက်သွယ်မေးမြန်းချက်

၂၀၀၇ ခုနှစ်။ စက်တင်ဘာလ (၄)ရက်၊

အာအက်ဖ်အေ၊ ၊ အခုတခါ မြန်မာနိုင်ငံက လောင်စာဆီဈေးတွေ အဆမတန်မြင့်တာနဲ့ ပတ် သက်ပြီးတော့ ရန်ကုန်မြို့က အိမ်ရှင်မများအဖွဲ့ကနေပြီေးတာ့ ဒီကနေ့ ကြေညာချက်တစောင် ထုတ်ပြန်လိုက်တဲ့ သတင်းကို ကြားရပါမယ်၊ အိမ်ရှင်မတွေ အဓိကထားပြီးတောင်ဆိုတာကတော့ လောင်စာဆီဈေးတက်လို့ ဆန္ဒပြသူတွေထဲမှာ အိမ်ရှင်မတွေပါ ပါဝင်တဲ့အကြောင်း။ ဖမ်းထားသူတွေ အားလုံးကိုလည်း ပြန်လွှတ်ပေးဖို့ တောင်းဆိုလိုက်တာဖြစ်ပါတယ်၊ အိမ်ရှင်မတွေဟာ ဒီကနေ့ မြန်မာ နိုင်ငံက ကုန်ဈေးမှုဒဏ် ကြီးမြင့်မှုဒဏ်ကို ခါးစည်းခံနေရသူတွေပါလို့လည်း ကြေညာချက်မှာ ဖော်ပြ ထားပါတယ်၊ ကြေညာချက်ကိုထုတ်ပြန်ခဲ့တဲ့ ဒေါ်မေ၀င်းကို ကျနော် မေးမြန်းခဲ့ပါတယ်၊ ဒေါ်မေ၀င်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ (၂၂)ရက်နေ့က ရန်ကုန်သိမ်ကြီးဈေးမှာ ကုန်ဈေးနှုန်းကျဆင်းရေး ဆန္ဒပြလို့ အဖမ်းခံရပြီးမှ ပြန်လွတ်လာသူတဦးဖြစ်ပါတယ်၊

အာအက်ဖ်အေ၊ ၊ ဒီနေရာမှာ ဒေါ်မေ၀င်းတို့က အခုဟာက ဒီလိုပေါ့။ အိမ်ရှင်မများအဖွဲ့ ဆို ဖွဲ့ပြီးတော့ ဆောင်ရွက်တဲ့အတွက်ကြောင့် အိမ်ရှင်မတွေ ဘယ်လောက်ကို ကိုယ်စားပြုပြီးတော့ ပြောဆိုနေတာလည်းဆိုတဲ့ဟာလေး နည်းနည်းတော့ သိချင်ပါတယ်ခင်ဗျ၊

ဒေါ်မေ၀င်း၊ ၊ အဖွဲ့အစည်းဆိုတာကတော့ တရားဝင် ကျမတို့ဖွဲ့စည်းမှုတော့ မရှိသေးပါဘူး။ ယာယီအနေနဲ့ ပဲရှိပါတယ်နော်။ ကျမတို့ ဒီအိမ်ရှင်မဆိုတာ ဗမာတပြည်လုံးမှာရှိသော လူဦးရေ သန်း ပေါင်း (၅၄)သန်းကျော်မှာ အမျိုးသမီးထုတွေဟာ ထက်ဝက်ကျော်ရှိပါတယ်၊ အဲဒီ အမျိုးသမီးတွေထဲမှာ အားလုံးဟာ အိမ်ရှင်မတွေချည်းပါပဲရှင်၊

အာအက်ဖ်အေ၊ ၊ ပြီးခဲ့တဲ့ လဆန်းပိုင်းတုန်းကလည်းပဲ ဒေါ်စန်းစန်းမြင့် ဦးဆောင်တဲ့အဖွဲ့ပေါ့ လေ၊ မြို့တော်ခမ်းမရှေ့မှာ ဆန္ဒပြတဲ့အခါမှာ သူတို့ အဖမ်းဆီးခံသွားရတယ်ပေါ့လေ။ အခုတခါ ဒေါ်မေ၀င်းတို့ကလည်းပဲ၊ ဒီကိစ္စကို ဆက်လက်ဆောင်ရွက်တဲ့အခါမှာ ဒီလိုအဖမ်းဆီးခံရမယ့်ကိစ္စနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုများ ကြိုတင်တွက်ဆတာများရှိပါသလဲခင်ဗျ၊

ဒေါ်မေ၀င်း၊ ၊ ဖမ်းဆီးတာကတော့ သူတို့က လုပ်မယ့်အလုပ်ပဲလေ၊ ကျမတို့က (၂၂)ရက်။ ၂ လ။ ၂၀၀၇ ခုနှစ် ကျမတို့ဆန္ဒဖေါ်ထုတ်ပြသပြီး ကုန်ဈေးနှုန်းကြီးမြင့်မှုကို တင်ပြခဲ့တုန်းကလည်းပဲ ကျမဖမ်းဆီခံရတဲ့ (၂၄)ရက်နေ့ ဟုတ်လား ပြန်လွတ်တော့(၂၇)ရက်နေ့ အဲဒီကြားမှာလည်းပဲ နိုင်ငံ တော်အကြီးအကဲများကို ကျမ ရိုးသားစွာ တင်ပြခဲ့ပြီးဖြစ်ပါတယ်။ ကုန်ဈေးနှုန်း မကျမချင်း ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုမှာပါလို့ ကျမတင်ပြခဲ့ပြီးဖြစ်ပါတယ်၊

အာအက်ဖ်အေ၊ ၊ ဒီပြင် အဖွဲ့အစည်းတွေနဲ့ပတ်သက်ပြီး ဆောင်ရွက်ဖို့ရောအစီအစဉ်ရှိပါ သလား။ ဘယ်လို စဉ်းစားထားပါသလဲခင်ဗျ၊

ဒေါ်မေ၀င်း၊ ၊ ဒီကုန်ဈေးနှုန်းဒဏ်ကိုက အားလုံးခံစားနေကြရတာ ဖြစ်တဲ့အတွက်ကြောင့် ကျမတို့ အထူးပေါင်းစရာမလိုပါဘူး။ အခြေခံက ဒီကုန်ဈေးနှုန်းပေါ်မှာ မြင့်တက်နေတဲ့ဒဏ်ပဲ ဒီဒဏ်ကို ခံစားရသူတွေကြားထဲမှာ ပေါင်းစပ်သွားမှာပါပဲ၊

အာအက်ဖ်အေ၊ ၊ ဒါကတော့ အိမ်ရှင်မများအဖွဲ့က ဒေါ်မေ၀င်းကို မေးမြန်းခဲ့တာပါ။ ဒေါ်မေ၀င်း အနေနဲ့ အထူးပန်ကြားချက်တခုလည်း ပန်ကြားလိုပါတယ်လို့ ပြောဆိုပါတယ်။ မြန်မာနိုင်ငံမှာ အမျိုး သမီးရေးရာကိစ္စတွေနဲ့ပတ်သက်ပြီး ဆောင်ရွက်တဲ့ အမျိုးသမီးရေးရာအဖွဲ့ချုပ်တို့၊ တစ်ခါ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့ အဲဒီအဖွဲ့တွေအနေနဲ့လည်း အခုလို အိမ်ရှင်မများခံစားနေရတဲ့ ခံစားချက် တွေကို သိရှိနားလည်မယ်ဆိုတာ ယုံကြည်တဲ့အတွက်ကြောင့်။

ဒေါ်မေ၀င်း၊ ၊ အိမ်ရှင်မတွေဟာ စားဝတ်နေရေး။ လူမှုရေး။ နိုင်ငံရေး ကျမတို့ရဲ့ နှိမ့်ကျနေ တဲ့ ဟုတ်လား ဘ၀ဒဏ်ကိုခံစားနေရတဲ့အပြင် ယခုလို ကုန်ဈေးနုန်းမြင့်တက်မှု၊ လောင်စာဆီမြင့် တက်မှုကို ကျမတို့က တင်ပြပါတယ်။ အဲလိုတင်ပြမှုမှာ နိုင်ငံတော်က ကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့နဲ့ ဒီစွမ်းအား ရှင်တွေက ကျမတို့ကို နှိပ်ကွပ်နေတာဟာ အမျိုးသမီးတွေရဲ့ အခွင့်အရေးဆုံးရှုံးနေပါတယ်။ ဒါကြောင့် အမျိုးသမီးထုဖက်က ကာကွယ်သောအားဖြင့် နိုင်ငံတော်အကြီးအကဲများကို တင်ပြပြီး ကျမတို့ကို စောင့်ရှောက် အကူပေးဖို့ ပန်ကြားချင်ပါတယ်ရှင်၊

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes