မာန်လှိုင်းငယ်
ပြည်သူကို ချစ်ရင်
ပြည်သူ့အတွက် တိုက်ပွဲဝင်ကြတော့။
ပြည်သူကို လေးစားရင်
ပြည်သူ့အတွက် စွန့်လွှတ်အနစ်နာခံကြတော့။
ပြည်သူ့ ရင်သွေး ---
ပြည်သူ့ သားသမီးမှန်ရင်
ပြည်သူ့အတွက် အသက်ကို စတေးခံကြတော့။
ပြည်သူကို အလေးထားရင်
ပြည်သူ့အတွက် ရဲရဲဝံ့ဝံ့နဲ့ ရှေ့မျက်နှာထွက်ပြီး
ကျေးဇူးဆပ်ကြပါတော့။ ။
မာန်လှိုင်းငယ်
၂၀၀၇ ခုနှစ်၊ စက်တင်ဘာလ (၂၇)ရက်။
Thursday, September 27, 2007
ကျေးဇူးဆပ်ကြပါတော့
2:12 PM
မာန်လှိုင်းငယ်
No comments
0 comments:
Post a Comment