နွေးထွေးစွာ အေးမြခြင်းများစွာနဲ့ မာန်လှိုင်းငယ်မှ ကြိုဆိုပါသည်။ အကြံပြုချက်များ၊ ဝေဖန်စာများကိုလည်း ကြားချင်ပါသည်။

Friday, September 21, 2007

စစ် နဲ့ ငြိမ်းချမ်းရေး

မာန်လှိုင်းငယ်

ဒီမှာ
နျူကလီးယား အိပ်မက်တွေကို အဆုံးသတ်
အတုအယောင်လမ်းပြမြေပုံ (၇)ချက်ကို ဆိုင်းငံ့ပြီး
သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးကို လုပ်လိုက်ပါ။

ဒီမှာ
လူမျိုးတုံး၊ ဖြုတ်ရေးဝါဒီ လုပ်ဆောင်ချက်တွေ
ချိန်ကိုက်ဗုံးတွေ အသုံးပြုနဲ့
လက်ကိုင်တုတ်ခွေးတွေ ထုတ်သုံးပြီးတော့
ရက်စက်မှုသရဖူကို ထပ်ပြီး ဆောင်းမနေပါနဲ့တော့
ဒီဘက်မှာ
ငြိမ်းချမ်းစွာ လမ်းလျှောက်ဆန္ဒပြနေတဲ့
ရဟန်းရှင်လူ ပြည်သူလူထုတွေပါ။

ဒီမှာ
ငြိမ်းချမ်းရေးကို
စစ်ဝါဒီနဲ့ အကြမ်းမဖက်ပါနဲ့
စစ် နဲ့ ငြိမ်းချမ်းရေးဟာ
ပြဒါးတလမ်း၊ သံတလမ်းပါပဲ
ဒီအတွက်
ငြိမ်းချမ်းရေးဆီ လှမ်းသွားလိုက်ပါ။ ။

မာန်လှိုင်းငယ်
၂၀၀၇ ခုနှစ်၊ စက်တင်ဘာလ (၂၁)ရက်။

မှတ်ချက်။ ။ ရဟန်းသံဃာတော်များ သပိတ်မှောက်ကံဆောင် ချီတက်ဆန္ဒပြခြင်းနဲ့ ပတ်သက်ပြီး ဒီကဗျာနဲ့ ဂုဏ်ပြုလိုက်ပါကြောင်း။

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes