နွေးထွေးစွာ အေးမြခြင်းများစွာနဲ့ မာန်လှိုင်းငယ်မှ ကြိုဆိုပါသည်။ အကြံပြုချက်များ၊ ဝေဖန်စာများကိုလည်း ကြားချင်ပါသည်။

Thursday, September 13, 2007

နောက်ဆုံးမှာတော့

မာန်လှိုင်းငယ်

(၁၉)နှစ်တာ ခရီးဟာ
မိုးစက်မိုးမွှားလိုပါပဲလား
ခဏသာ ကဆုန်ဆိုင်း
ခုတော့ ရွာခဲ့ပြန်ပြီ။

အိပ်မက်ဆိုတာ
ကိုင်ကြည့်လို့ရတဲ့ အရာလား
ကိုင်ကြည့်လို့မရတဲ့ အရာလား
မှန်မျက်နှာပြင်ထဲမှာလို
ကိုယ့်ပုံရိပ်ကိုယ်မြင်တွေ့ရသလိုတော့
ပီပီပြင်ပြင် မဟုတ်ပေ။

သက်ရှိကမ္ဘာကြီးမှာ
ဘုရားရဲ့ မေတ္တာတရားတော်
ချမ်းမြငြိမ်းအေးစေသား
ဒါကို သက်ရှိလူသားတွေက
ပူလောင်မီးကို တီထွင်လာကြ
နောက်ဆုံးမှာတော့
“ဘုရား သံဃာများပါ မနေနိုင်”
မေတ္တာသုတ်တွေ ပို့သနေရပါပြီ။ ။

မာန်လှိုင်းငယ်
2007 ခုနှစ်၊ စက်တင်ဘာလ (13)ရက်။

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes