နွေးထွေးစွာ အေးမြခြင်းများစွာနဲ့ မာန်လှိုင်းငယ်မှ ကြိုဆိုပါသည်။ အကြံပြုချက်များ၊ ဝေဖန်စာများကိုလည်း ကြားချင်ပါသည်။

Friday, September 14, 2007

ဆရာတော် ဦးက၀ိန္ဒဘိဝံသကို အာအက်ဖ်အေမှ ဆက်သွယ်မေးမြန်းချက်။

မန္တလေးမစိုးရိမ်ကျောင်းတိုက်မှ နာယကဆရာတော်တပါးဖြစ်တဲ့ ဆရာတော် ဦးက၀ိန္ဒဘိဝံသကို အာအက်ဖ်အေမှ ဆက်သွယ်မေးမြန်းချက်။

၂၀၀၇ ခုနှစ်၊ စက်တင်ဘာလ (၁၄)ရက်။

အာအက်ဖ်အေ။ ။ သံဃာတွေ ထောင်နှင့်ချီပြီးရှိကြတဲ့ မန္တလေးမစိုးရိမ်စာသင်တိုက်က နာယကဆရာတော်တပါးဖြစ်တဲ့ ဦးက၀ိန္ဒ၀ံသက ဒီနေ့ ဗမာပြည်ရဲ့ အကြပ်အတည်းကို စိုးရိမ်မကင်း ဖြစ်မိတဲ့အတွက်ကြောင့် မေတ္တာရပ်ခံပန်ကြားလိုက်တာလို့ သိရပါတယ်။ တိုင်းပြည်ကို အုပ်စိုးနေတဲ့ စစ်အစိုးရအပါအ၀င် တိုင်းပြည်အရေးကို ၀ိုင်းဝန်းဆောင်ရွက်ပေးနိုင်မယ့် သူအားလုံးကို မေတ္တာရပ်ခံ ပန်ကြားထားတာလို့ ဆိုပါတယ်။ အာအက်ဖ်အေက ဆက်သွယ်မေးမြန်းကြည့်တဲ့အခါမှာ ဆရာတော် ဦးက၀ိန္ဒ၀ံသက အခုလို မိန့်ကြားပါတယ်။

ဆရာတော်။ ။ ယခုအခါ တိုင်းပြည်မှာရှိတဲ့ ပြည်သူလူထုအများစုဟာ အင်မတန်ဆင်းရဲကြပ် တည်းတဲ့ ကာလကိုရောက်ရှိနေတာ တွေ့ရပါတယ်။ ဒီကြပ်တည်းမှုကို ယခုအခါ မဖြေရှင်းဘူးဆိုရင် မကြာခင်သောကာလတွေမှာ ဖော်မပြနိုင်လောက်အောင်သော ဆိုးကျိုးများကို ပြည်သူလူထုအများစု ဟာ မုချမသွေခံစားကြရတော့မှာ ဖြစ်ပါတယ်။ ဒါတွေဖြစ်တော့မှာပဲဆိုပြီးတော့ တွေးတောပူပန်နေကြမဲ့ အစား ဘာလုပ်သင့်တယ်ဆိုတာကို စဉ်းစားဆုံးဖြတ်ပြီးတော့ ပြည်သူအများစုရဲ့ အကျိုးကို ရှေ့ရှုပြီး တော့ တိုင်းပြည်မှာရှိတဲ့ ပုဂ္ဂိုလ်အများအားလုံးဟာ ၀ိုင်းဝန်းပြီးတော့ မိမိတို့ တတ်နိုင်တဲ့ဘက်ကနေပြီး တော့ ဖြေရှင်းပေးစေချင်ပါတယ်။ ထို့ကြောင့်မို့ တိုင်းပြည်ရဲ့ အနာဂတ်အရေးကို တွေးတောပြီးတော့ ပူပန်ကြစမ်းပါ။ ပြည်သူလူထုရဲ့ အရေးကို အလေးထားပြီးတော့ ဆောင်ရွက်ကြစမ်းပါ။ လူသားတစ် ယောက်မှာရှိတဲ့ သူတစ်ပါးကို သနားကြင်နာမှု၊ သူတစ်ပါးအကျိုးစီးပွားတွေကို လိုလားမှုတွေကို ပြသကြစမ်းပါလို့ ဦးပဉ္စင်းက ပန်ကြားပါတယ်။

အာအက်ဖ်အေ။ ။ အဲဒါက မန္တလေးမစိုးရိမ်စာသင်တိုက်က ဆရာတော် ဦးက၀ိန္ဒ၀ံသက မေတ္တာ ရပ်ခံပန်ကြားတော်မူသွားတာပါ။

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes