နွေးထွေးစွာ အေးမြခြင်းများစွာနဲ့ မာန်လှိုင်းငယ်မှ ကြိုဆိုပါသည်။ အကြံပြုချက်များ၊ ဝေဖန်စာများကိုလည်း ကြားချင်ပါသည်။

Saturday, September 8, 2007

နွေ အိပ်မက်လား။ မတ်လ တစ္ဆေလား။

မာန်လှိုင်းငယ်

(၁)

မိုးမရွာာဘဲနှင့် ကောင်းကင်မှာ ဖြူဖျော့မှုန်ရီနေသည်။ အဲဒီမနက်ခင်းမှာ ကျနော် ရပ်ကွက်ထဲကို လမ်း လျှောက်ထွက်လာရင်း ရပ်ကွက်တောင်ပေါ်တနေရာက ခန်းမဆောင်တခုမှ သီးချင်းသံကို ကျနော် စတင်ကြားလိုက်ရသည်၊ ထိုသီချင်းသံကပဲ ကျနော့်တကိုယ်လုံးကို ကြက်သီးတဖြန်းဖြန်းထစေ ခဲ့ပါသည်၊ ဘယ်လိုကြောင့်ရယ်မသိ ကျနော့်ခြေလှမ်းတွေက အဲဒီဘက်ကို လှမ်းနေတော့သည်၊ သီချင်း က “ကမ္ဘာမကြေဘူး” သီချင်းဖြစ်သည်၊ ကျနော်လည်း သီချင်းသံကို နားထောင်ရင်း ပါးစပ်က လိုက်ပြီး သီဆိုနေမိသည်၊ လေတချက်အဝေ့မှာ နှင်းမှုန်တွေလား။ မိုးစက်ပါးပါးကလေးတွေလားတော့ မသိ။ ခဏတာ မှောင်မည်းသွားသလို ဖြစ်သွားသည်၊ ကျနော် လှမ်းလာတဲ့ ခြေလှမ်းတွေက သီချင်းသံ အဆုံးမှာ အဲဒီနေရာကို ရောက်မှန်းမသိ ရောက်သွားခြင်း ဖြစ်သည်၊ ကျနော့်ရင်ထဲမှာ အမှန်တကယ် သွေးတွေ ဆူပွတ်လာသည်၊
ထိုအခမ်းအနားကို ကျနော် တက်ဖြစ်သွားသည်၊ “ကိုဖုန်းမော်နေ့” မတ်လ (၁၃)ရက်နေ့။ မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့ အခမ်းအနားတခုဖြစ်သည်၊

(၂)

လား --- လား ကျနော်က ဘာကြောင့်များ ဒီနေ့ကို အမှတ်တမဲ့ဖြစ်ခဲ့မိပါလိမ့်၊ သီချင်းသံကြားမှ အဲဒီနေရာကို ရောက်လာခဲ့မိသည့်အဖြစ်၊
ကျနော် ကိုယ့်ကိုကိုယ် ထုသတ်ချင်စိတ်တောင် ပေါက်လာသည်၊
ကျနော် ဘာလို့ မေ့လျော့သွားတာလဲ၊ ဒီလို နေ့ရက်မျိုးကိုမှ မေ့လျော့နေရင် ဘယ်အရာကိုများ သတိရမှာပါလိမ့်မလဲ၊
တော်ပါသေးသည်။ ထိုအခမ်းအနားကို ကျနော် တက်ရောက်ဖြစ်ခဲ့မိပေလို့။ ကျနော်ဟာ ကိုဖုန်းမော်ကို တွေ့လည်း မတွေ့ဖူး။ မြင်လည် မမြင်ဖူးပါ၊ ဒါပေမယ့် လူကြီးတွေ။ အတွေ့အကြုံများတဲ့ လူတွေ။ ကိုယ်တိုင်တွေ့ကြုံခဲ့တဲ့ လူတွေဆီက ကြားရခြင်းဖြစ်သည်၊ ကျနော်လည်း စာအုပ်စာပေတွေ ကို လေ့လာမှတ်သားဖူးတာတွေရှိတော့ ကိုဖုန်းမော် အရေးအခင်း အကြောင်းကို သိလာရတယ်၊ ကိုဖုန်းမော်ဟာ ဖြူသလား။ မဲသလားဆိုတာကိုတောင် ကွဲကွဲပြားပြား မသိမီလိုက်တာအမှန်ပါ၊ ဒါပေ မယ့် ကျနော် အဲဒါကို ၀မ်းနည်းခြင်း မဖြစ်မိ၊ ကျနော်သိခဲ့တာက ကိုဖုန်းမော်ဟာ တက္ကသိုလ်ကျောင်း သားတယောက်။ မဆလစစ်အုပ်စုရဲ့ ရက်ရက်စက်စက် ပစ်ခက်သတ်ဖြတ်ခံခဲ့ရတဲ့ စက်မှုတက္ကသိုလ် ကျောင်းသားတယောက် ဖြစ်ကြောင်းကိုတော့ သိသည်၊
ကျနော် ကိုဖုန်းမော်အကြောင်းစဉ်းစားနေရင်း တွေဝေငေးမောနေမိသည်မှာ ဘယ်လောက်ကြာသွားတယ် မသိတော့ပါ၊
ကျနော့်ဘေးနားက အစ်ကိုတယောက်က “ညီလေး မင်းဘာတွေ စဉ်းစားနေတာလဲ”လို့ ကျနော့်ကို လှုပ်နိုးပြီး မေးနေတော့မှ
ကျနော်က အော် အင်းနဲ့ ဖြစ်နေချိန်မှာ
“ညီလေးရာ မင်း စဉ်းစားခန်းဝင်နေတာ အခမ်းအနားတောင် ပြီးသွားပြီ” တဲ့လေ၊
ဟုတ်သည်လေ။ ကျနော် အတွေးကမ္ဘာထဲကနေ ပြန်ထွက်လာတော့ လူတွေ တယောက်မှ မရှိတော့ဘူး၊
ဒါနဲ့ပဲ ကျနော် အိမ်ကို ပြန်လာခဲ့သည်၊ အိမ်ကိုရောက်သည့်တိုင် စိတ်ကို ဘယ်လိုမှ ငြိမ်သက် သွားအောင် ကျနော် မစွမ်းနိုင်ပါ၊ ကျနော့်စိတ်က ကိုဖုန်းမော်ဆီ ရောက်နေပါတော့သည်၊
ဒါနဲ့ပဲ ကျနော် နေ့လည် အိပ်မက် မက်သည်၊ အိပ်မက်ထဲမှာတော့ ကျနော် ကိုဖုန်းဖော်ကို တွေ့ရပါပြီ၊

(၃)

အချိန်က မိုးချုပ်မဲ့ ညနေဆည်းဆာရဲ့ နီညိုဝါးတန်း အလင်းရောင်စိုမှိုင်းမှိုင်းထဲကို ရောက်နေပါ ပြီ၊ ကျနော် နေ့လည်ကတည်းက မက်လိုက်တဲ့ အိပ်မက်ဟာ မိုးချုပ်ဆည်းဆာအချိန်မှာမှ ကိုဖုန်းမော် ကို (ကိုဖုန်းမော်လို့ ပြောရသည်မှာ သူနဲ့ စကားပြောပြီးမှ သိရသည်) စတွေ့ရခြင်း ဖြစ်ပါသည်၊
ထိုချိန်မှာ ကိုဖုန်းမော်သည် အဖြူရောင်အင်္ကျီနှင့် စိမ်းနုရောင်လုံချည်ကို သပ်သပ်ရပ်ရပ် ကလေး ၀တ်ဆင်ထားသည်၊ ကျနော်က သူနဲ့ မလှမ်းမကမ်းကနေ လှမ်းကြည့်ငေးကြည့်နေမိခြင်း ဖြစ် သည်၊ ကိုဖုန်းမော် ရပ်နေတဲ့ နေရာလေးသည် အလွန်ကိုမှ လှပပြီး ရင်ကိုအေးမြစေပါသည်၊ ကိုဖုန်းမော်က အဆုံးအဆမဲ့ ပင်လယ်ပြင်ကြီးတဖက် ဟို အဝေး တနေရာကို ကြည့်နေသည်ဟု ထင်ရ သည်၊ ကျနော်လည်း ကိုဖုန်းမော်ကို အနှောက်အယှက် မပေးချင်တာနဲ့ သူ့နဲ့ မလှမ်းမကမ်း ကျောက် ဆောင်တခုမှာ သွားထိုင်ပြီး ကိုဖုန်းမော်ကို ကျနော် ကြည့်နေမိပါသည်၊ သူကြည့်သလိုပဲ ကျနော်လည်း လှမ်းကြည့်မိပါသည်၊ ကျနော် ဘာကိုမှ မမြင်ပါ၊ မြင်တာတခုတော့ရှိသည်၊
ထိုအရာကား ပင်လယ်လှိုင်းတွေ မြင့်လိုက်နိမ့်လိုက်။ မြင့်ချီနိမ့်ချီ ပြေးလွှားနေတာကိုပဲ ကျနော် တွေ့ရပါသည်၊
ကျနော် နောက်ဆုံးတော့လည်း မနေနိုင်တဲ့အဆုံးမှာ လှမ်းမေးမိခြင်း ဖြစ်ပါသည်၊
အဟမ်း အဟမ်း ဆိုပြီး စ အသံပေးလိုက်ပြီး။
သူ ကျနော့်ကို လှည့်ကြည့်ပါသည်၊ ဒါပေမယ့် သူ စိတ်မ၀င်စားဘူးထင်ပါသည်၊ စကားလည်း မပြော။ နဂိုအတိုင်းပဲ ပြန်နေလိုက်သည်၊
ကျနော်လည်း “ဒီမှာ ဒီမှာ အစ်ကို”ဆိုပြီး သူ့အနားကို ကပ်သွားလိုက်သည်၊ ပြီးတော့ တဆက် တည်း ကျနော် မေးသည်၊
“အစ်ကို ဘာတွေများ တွေးငေးပြီး ပင်လယ်ပြင်ကြီးကို ကြည့်နေရတာလဲ”လို့
သူက စောင်းငဲ့ပြီး “ငါ့ကို မေးတာလား”တဲ့။
ကျနော်လည်း ယောင်ရမ်းပြီး ဘေးဘီဝဲယာကို ကြည့်မိသည်၊
“ဟာ အစ်ကိုကလည်း အစ်ကိုနဲ့ ကျနော် နှစ်ယောက်ထဲရှိတဲ့ဟာဗျာ”
“အစ်ကို့ကို မမေးရင် ဘယ်သူ့ကို မေးတယ်လို့ ထင်တာလဲဗျာ”လို့ ပြန်ပြောလိုက်တော့
သူ ပြုံးတုန်းတုန်းနဲ့ ကျနော့်ကို စိုက်ကြည့်ပြီး ပြန်မေးပါသည်၊
“မင်း ကရော။ ဒီမှာ ဘာလာလုပ်တာလဲ”လို့ မေးခြင်းဖြစ်သည်၊
ကိုယ်မေးတဲ့ မေးခွန်းကို မဖြေပဲနဲ့ ကိုယ့်ကိုယ်တောင် ပြန်ပြီး မေးခွန်းထုတ်လိုက်တော့ နည်း နည်း အိုးတိုးအန်းတန်း ဖြစ်သွားရသည်၊
ကျနော်လည်း မတတ်နိုင်ဘူးလေ၊ ကိုယ်မေးတော့ မဖြေ။ သူမေးတော့လည်း ဖြေရတော့မှာပေါ့ ဗျာဆိုပြီး ကျနော် ပြန်ဖြေလိုက်ပါတယ်၊
”ဘာရယ်မဟုတ်ပါဘူး၊ ဒီကို ဘယ်ကနေ ဘယ်လိုရောက်လာသလဲဆိုတာ ကျနော့်ကို ကျနော် မသိဘူးဗျာ”လို့ ဖြေလိုက်တော့
“ဟား ဟား ဟား” နဲ့ သူက ထရယ်တော့တာပဲ၊
ကျနော်ကလည်း “ဘာဖြစ်လို့ ဒီလောက်တောင် ရယ်ရတာလဲ အစ်ကို”လို့ မေးပြန်တော့လည်း အရယ်ကလည်း မရပ်ပါ၊ အတောမသတ်နိုင်အောင် ရယ်မောနေတော့သည်၊
အူကြောင်ကြောင်ကြီးနဲ့ ကျနော် ဘာလုပ်ရမလဲ၊
ခဏကြာတော့ အရယ်ရပ်သွားသည်၊ သူက “မင်းနှယ့်ကွာတဲ့။ ဒီကို ဘယ်ကနေ။ ဘယ်လို ရောက်လာတာတောင် မသိဘူးဆိုတော့ မင်း အတိတ်မေ့နေတာလား”တဲ့။
ကြည့်ပါလား။ ဒါလေးများ ရယ်စရာလားဗျာ။
ကျနော်က မှုန်တေတေနဲ့ “အဲဒါဘာဖြစ်လဲဗျ။ ရယ်စရာမှမဟုတ်တာ”လို့ ပြောလိုက်တယ်၊ သူက
“မှတ်ထား။ ငါ့မှာ ရည်ရွယ်ချက်ရှိတယ်။ အဲဒါကတော့ ငါ ဒီကို နေ့တိုင်းရောက်တယ်ကွ။ ငါ ဒီမှာ လာ လာ ရပ်ပြီး တွေးနေတာလေ”တဲ့၊
ကျနော်ကလည်း ကောက်ကာငင်ကာ ပြန်ပြောလိုက်တယ်၊ ဒါဆို စောစောက ကျနော် မေး ထားတဲ့ မေးခွန်းကို ပြန်ဖြေပါဦးလို့။ ဒီတော့မှ မျက်နှာထား တည်တည်နဲ့ သူက
“ဘာလဲဆိုတော့ ငါတို့ မြန်မာနိုင်ငံကြီးဟာ ကနေ့အထိ ဒီမိုကရေစီမရသေးဘူးလေ”တဲ့။ ကျနော်က
“မြန်မာနိုင်ငံ ဘာဖြစ်နေလို့လဲ”လို့ မေးဖြစ်သွားသည်၊
“မင်း မသိဘူးလား။ ဗမာပြည်ဟာ ဦးနေ၀င်းအာဏာသိမ်းပြီးကတည်းက အခုချိန်ထိ အမိအဖ ပြည်သူတွေကို နှိပ်စက်။ ဖိနှိပ်ခြိမ်းခြောက်။ အကြောက်တရားတွေ ပြည်သူပြည်သားတွေ ရင်ထဲမှာ ကိန်းအောင်းသွားအောင် လုပ်နေတာလေ။
ဒါတင်မကသေးဘူး။ အပြစ်မဲ့ပြည်သူတွေ နေထိုင်တဲ့ မြို့ရွာတွေကို မီးရှို့လို ရှို့။ ပြောင်းခိုင်းလို ပြောင်းခိုင်း။ အဓမ္မလုပ်အားခိုင်းစေတာတွေ။ ပြီးတော့ မြို့ရော တောပါ တို့ညီမတွေ။ အမတွေကို အဓမ္မမုဒိမ်းကျင့် ဖျက်ဆီးနေတာကွ”တဲ့။
“ဒီမယ်။ ငါဆက်ပြောရမယ်
နအဖစစ်အစိုးရရဲ့ အဲဒီလိုလုပ်ရပ်တွေကြောင့် အဆိုးဆုံးကို ခံစားနေရတဲ့ ပြည်သူတွေကတော့ ကရင်ပြည်နယ်က ပြည်သူပြည်သားတွေပါ၊ အခုဆိုရင် ပြည်သူတွေအားလုံးဟာ အိမ်နီးချင်းနိုင်ငံတွေ ကို တဖွဲဖွဲနဲ့ ထွက်မိထွက်ရာ ထွက်လာ နေလိုက်ကြတာ မကုန်နိုင်တော့ဘူး”
ကျနော်လည်း သိချင်တာလေးတွေ ထပ်မေးပါသည်၊
ဒါဆို “ဒီလိုပြည်သူပြည်သားတွေ ဒုက္ခရောက်အောင်လုပ်နေတာ အဓိကတရာခံက ဘယ်သူ လဲ” ကျနော် သိချင်တာကို တိုက်ရိုက်ပဲ မေးလိုက်ဖြစ်သည်၊
“အာဏာရူးစစ်ဘီလူး လူနည်းစုပေါ့”တဲ့။
ကျနော်က ဒါဖြင့်ရင် “ဒီလူနည်းစုကို ကျနော်တို့ ပြည်သူပြည်သားတွေက ဘာဖြစ်လို့ ပြန်မ တိုက်နိုင်ရတာလဲ”
သူက “သူတို့လက်အောက်မှာ စစ်တပ်ကြီးက ရှိနေတာလေ”
“စောစောက ပြောတော့ လူနည်းစုဆို။ အခု ဘယ်လိုဖြစ်ရပြန်တာလဲ။ ကျနော့်ကို ရှင်းအောင် ပြောပြစမ်းပါဗျာ”
သူက “ကောင်းပြီလေ။ မင်း နားထောင်ချင်တယ်ဆိုရင်တော့ ငါပြောပြပါ့မယ်ကွာ
ဒီလိုကွာ ငါတို့ ပြည်သူပြည်သားတွေ ပြန်မတိုက်နိုင်တာက စောစောက ငါပြောခဲ့တယ်လေ။ ဒီကောင်တွေက ပြည်သူပြည်ပည်သားတွေကို အကြောက်တရားတွေ ဖုံးလွှမ်းသွားအောင်ကို ဖိနှိပ်ခြိမ်း ခြောက်နေတာ၊ အကြောက်တရားတင်မကဘူး ပြည်သူပြည်သားတွေကို ဒုက္ခဆင်းရဲတွင်းထဲ နက်သ ထက် နက်လာအောင် တွန်းပို့နေကြတာပဲ၊ အဆိုးဆုံးအထိကို တို့ပြည်သူပြည်သားတွေ တွေ့ကြုံခံစား နေရတဲ့ အခြေအနေတွေပါ၊
ပြည်သူလူထုတွေ နည်းနည်းလေး ဆန္ဒပြဖို့ စိတ်မကူးနဲ့ စိတ်ကူးမိပြီး အကောင်အထည်ဖော် တာနဲ့တပြိုင်နဲ့ထဲ စစ်အုပ်စုတွေက ဖမ်းတာ။ ဆီးတာ။ ခြိမ်းခြောက်တာ။ စွပ်စွဲချက်ပေါင်းများစွာနဲ့ ထောင်ချတာတွေ လုပ်လာတော့တာပဲ၊ ဒါဟာ သူတို့(စစ်အုပ်စု)ရဲ့ နည်းဗျူဟာလက်နက်တွေပါပဲကွာ”
“ဆန္ဒပြတာဆိုလို့ ကျနော် တခု သတိရတယ်။ လူတစုက အမေရိကန်သံရုံးနဲ့ ဗြိတိန်သံရုံး အရှေ့မှာ ဆန္ဒပြကြတာ။ အဲဒါ အစ်ကို သိလား”လို့ မေးလိုက်သည်၊
“သိတာပေါ့ကွ”တဲ့
“ဒါဖြင့်ရင် စစ်အုပ်စုက အဲဒီလူတစုကို ဘာဖြစ်လို့ ဖမ်းတာ။ ဆီးတာ မလုပ်ကြတာလဲ”
ကျနော် သိသလောက်ဆိုရင် “စစ်အုပ်စုက အဲဒီလူတစုကို ချီးကျူးလိုက်တာဗျာ” ပြောတောင် မပြောချင်ဘူး၊
သူ့အပြုံးလေးက ချစ်စရာအလွန်ကောင်းပါသည်၊ ကျနော် ပြောလိုက်သည်ကို သူက အပြုံး လေးနဲ့ ကြည့်ပြီး ပြောပါသည်၊
အစ်ကို ပြောရရင် “အဲဒီဆန္ဒပြတဲ့ လူတစုဟာ စစ်ဘီလူးအာဏာရူးတွေရဲ့ လက်ကိုင်တုတ် တွေပါကွာ”တဲ့
တအံ့တသြဖြစ်မိသည်က ကျနော်ပါ၊
“စစ်ဘီလူးအာဏာရူးတွေက ခိုင်းလို့ အဲဒီလူတစုက လုပ်နေတာဟုတ်လား” အံ့သြစရာကြီးဗျာ၊
ညီလေးကို အစ်ကို ပြန်မေးမယ်
“မကြာသေးခင် ဖေဖော်ဝါရီလ ဖြစ်သွားတဲ့ လူထုဆန္ဒအမှန် ဖော်ထုတ်တဲ့ ဆန္ဒပြပွဲတခုဖြစ်သွား တယ် မဟုတ်လား”တဲ့ ကျနော့်ကို မေးပါသည်၊
“ဟုတ်ကဲ့ အစ်ကို”လို့
သူက အဲဒါဆိုရင် ညီလေးအမြင်မှာ ဘာထူးခြားမှုတွေ့သလဲ။ ညီလေးပြောတဲ့ ဆန္ဒပြပွဲနဲ့ အခု အစ်ကိုပြောတဲ့ ဆန္ဒပြပွဲကိုလေ။ ညီလေး အမြင်ပြောပါဦး”တဲ့။
“ဟုတ်ကဲ့ အစ်ကို။ ကျနော့်အမြင်က တော်တော်လေးကို ကွာခြားပါတယ်၊ ဟိုလူတစု သံရုံးတွေ အရှေ့မှာ ဆန္ဒပြတော့ သူတို့က မဖမ်းဘူး။ အခု အစ်ကိုပြောတဲ့ လူထုဆန္ဒအမှန် ဖော်ထုတ်ပေးတဲ့ ဆန္ဒပြပွဲကိုတော့ သူတို့က ဖမ်းလား။ ဆီးလား လုပ်တော့တာပါပဲ” အစ်ကိုရာ။
အဲဒါကွာတာပေါ့။ လူထုဆန္ဒအမှန် ဖော်ထုတ်ပေးတဲ့ ဆန္ဒပြပွဲဟာ အမှန်တကယ်ကို ဖြစ်နေလို့ လေ။ သူတို့(စစ်အုပ်စု)က သူတို့ ကျူးလွန်ထားတာတွေက များသထက်များနေတော့ ဘယ်ဖြေရှင်းရဲမ လဲ။ ဖမ်းလား။ ဆီးလားပဲ လုပ်တော့မှာပေါ့။ သူတို့ လုပ်ခဲ့တဲ့အပြစ်တွေ ဘူးပေါ်သလို ပေါ်ပြီး။ ဖုံးမရ ဖိမရဖြစ်ပြီး။ ကမ္ဘာကြီးတခုလုံး သိသွားမှာ ကြောက်တာကိုး ညီလေး။ အံ့သြစရာလဲ မဟုတ်တော့ပါဘူး၊ သူတို့ ကျောမလုံလို့ သူတို့က လိုက်ပြီး ဖမ်းလား။ ဆီးလား။ ခြိမ်းခြောက်လား လုပ်တော့မှာပေါ့ကွာ” တဲ့။
ကျနော် အစ်ကို့ကို မေးဦးမယ်ဗျာ
“အဲလိုဖြစ်တော့ ကျနော်တို့ ပြည်သူလူထုတွေက ဘယ်လိုဆက်လုပ်ရမလဲ” အစ်ကို့အမြင်ကို ပြောပြပါဗျာ၊
ကောင်းတယ် ညီလေးရေ
“အစ်ကို အဲဒီမေးခွန်းကို ဖြေချင်ပါတယ်ကွာ”တဲ့
ကျနော် ၀မ်းသာမိပါသည်၊ “ဟုတ်ကဲ့ အစ်ကို” ပြောပါ၊
“အစ်ကို ဖြစ်ချင်တာကတော့ အစ်ကို့ပြည်သူလူထုတွေ စည်းလုံးညီညွတ်စွာနဲ့ ရှေ့က ဦးဆောင်ဦးရွက်ပြုနေတဲ့ ခေါင်းဆောင်များ။ အဖွဲ့အစည်းပေါင်းစုံနဲ့ အတူတကွ လက်တွဲပြီး တညီ တညွတ်တည်း ဖြစ်အောင် ကြိုးစားကြစေချင်တယ်၊
အဲ ညီလေး မေးနေဦးမယ်။ ‘ပြည်သူတွေနဲ့ ခေါင်းဆောင်တွေချည်းပဲလား’လို့ မေးလားဦးမယ်။
စစ်အုပ်စုလက်အောက်က အောက်ခြေစစ်သား။ ရဲ။ ၀န်ထမ်းပေါင်းစုံရော။ စစ်ဗိုလ်။ စစ်ကဲတွေ။ ဗိုလ်ချုပ်ရာခံတွေ စသည် စစ်တပ်က ပြည်သူလူထုဖက်ပါလာအောင် အစ်ကိုတို့ စည်းရုံးလှုံ့ဆော်နိုင်ရ မယ်။ ဒါမှတာ စစ်တပ်က ပြည်သူတွေဖက်ပါလာရင် အစ်ကိုတို့ မြန်မာနိုင်ငံက စစ်အာဏာရူးတွေ ဖြုတ် ကျမယ်မဟုတ်လား။ အဲဒါဆို အစ်ကိုတို့။ ညီလေးတို့ မြန်မာနိုင်ငံကြီးဟာ ဒီမိုကရေစီ တည်ဆောက်လို့ ရပြီ” တဲ့။
ဒါဆိုရင် “ကျနော်တို့က စစ်တပ်ကို ပစ်မှတ်ထားပြီး ပြည်သူလူထုဖက်ပါလာအောင် စည်းရုံးရ မယ်ဆိုတဲ့ သဘောလား”
“ဒါပေါ့”
အစ်ကို ပြောတဲ့အတိုင်း ဖြစ်လာမှာ အမှန်ပဲ၊
“မဖြစ်နိုင်ဘူးထင်ပါတယ် အစ်ကို။ ပြည်သူလူထူတွေ ဒီလောက် အကြောက်တရားတွေ ဖုံးလွှမ်းနေတာ။ ဘယ်လိုလုပ် စစ်တပ်ကို ရအောင်စည်းရုံးရမှာလဲ။ အခုတောင် နည်းနည်းလေး လှုပ်ရှားမိတာနဲ့ ဖမ်းလား။ ဆီးလား လုပ်နေတယ် မဟုတ်လားဗျာ”
“ဒါ ညီလေး ထင်နေတာပါ။ ဒီလိုအကြောက်တရားတွေ ပျောက်ကွယ်သွားအောင် အစ်ကိုတို့။ ညီလေးတို့က ရှေ့ကနေ အမှန်တရားအတွက် များများရင်ဆိုင်ပေးမယ်။ အမှန်တရားကို များများတူး ဖော်ပေးမယ်ဆိုရင် ပြည်သူတွေဟာ ကိုယ်တို့ဖက်မှာ ရှိနေပါပြီ။ ပြည်သူလူထကြီးပဲ ဒုက္ခတွေ ခံစား နေရတာမဟုတ်ပါ။ စစ်တပ်ထဲက အောက်ခြေစစ်သားတွေလည်း ဒုက္ခ။ သုက္ခတွေ ခံစားနေရတာပဲ”
“ကျေးဇူးပါပဲ အစ်ကို အခုလို ကျနော့်ကို စိတ်ရှည်ရှည်နဲ့ ရှင်းပြပေးတာကို ကျေးဇူးတင်ပါတယ် အစ်ကို”
ကဲ
“ဒီမှာ လာထိုင်နေတာလည်း အတော်ကြာပါပြီ။ နောက်နေ့မှပဲ တွေ့ကြတာပေါ့”တဲ့။
ကျနော်က ခဏလေးပါ အစ်ကို။ “ကျနော်တို့ စကားတာပြောနေကြတယ်။ အစ်ကို့နာမည်ကို မသိရဘူးလားဗျာ”
“ဟား ဟား ဟား” ဆိုပြီး ထွက်သွားလိုက်ပါသည်၊
တော်တော်လှမ်းလှမ်းရောက်မှ
“အစ်ကို့နာမည် ဖုန်းမော်တဲ့။ ညီလေး မှတ်ထားပါ”လို့ ပြောပြီး ထွက်သွားပါတော့သည်၊
ကျနော် တအံ့တသြ ဖြစ်ရပါသည်၊ ကျနော်နဲ့ ပြောခဲ့သူက ကိုဖုန်းမော်တဲ့ မယုံနိုင်စရာပါပဲ၊
“ကိုဖုန်းမော် ကိုဖုန်းမော် ကိုဖုန်းမော်” တဲ့။

(၄)

ကျနော်လည်း အိပ်မက်ကနေ နိုးထလာပါသည်၊ ကျနော် နိုးလာတော့ ကျနော့်ဘေးမှာ ပိုစတာလေးတခု ရောက်နေပါသည်၊ ကိုဖုန်းမော် ထွက်သွားပြီးမှ ကျနော့်နားရောက်နေသည် ထင်ပါသည်၊ ပိုစတာလေးက ကိုဖုန်းမော်ပုံပါတဲ့ ပိုစတာလေးပါ၊
ကျနော် ပိုစတာကို ကြည့်လိုက်တော့
ပိုစတာထဲက ကဗျာပိုဒ်လေးကို ဖတ်မိပါသည်၊
ကဗျာလေးကတော့
“ဖိနပ်တဖက်။
သွေးစွန်းနေတဲ့ အင်္ကျီတထည်။
မှုန်ပျပျ မီးရောင်အောက်က။
ရဲဘော် ဖုန်းမော်ရဲ့ ဈာပန
ကျနော်တို့ မေ့လို့မရသေးပါဘူး”

ကျနော် ကြက်သီးတဖြန်းဖြန်း ထရပါသည်၊ ကိုဖုန်းမော်အတွက် ရေးထားတဲ့ ကဗျာလေးပါ၊ ဒီပိုစတာလေးဟာ မတ်လလေနဲ့အတူ ကမ္ဘာ့အနှံ့အပြားကို ရောက်နေပြီလို့ ကျနော် ထင်ပါသည်၊ ဒီပိုစတာလေးကိုတွေ့ရင် နအဖစစ်အုပ်စု(အာဏာရူး) သွေးလေပျက်စွာ စိတ်ဂယောင်ခြောက်ခြားနဲ့ လန့်နေလောက်ပါပြီ။ စစ်အုပ်စုဟာ ဒီလို မတ်လရောက်လာတိုင်း ရောက်လာတိုင်း သူတို့ကို မတ်လ တစ္ဆေခြောက်နေပါပြီ၊ ခုလောက်ဆို သူတို့ဟာ မတ်လ တစ္ဆေအခြောက်ခံနေလောက်ပါပြီ။
ကိုဖုန်းမော်ရေ
ကိုဖုန်းမော် ကျနော့်ကို ပြောပြသွားတဲ့အတိုင်း ပြည်သူလူထုကို ပြန်ပြီးတော့ ပြောပြလိုက်ပါ့ မယ်ဗျာ။

ကိုဖုန်းမော်နေ့။ မတ်လ (၁၃)ရက်နေဏ္ဍ။ မြန်မာနိုင်ငံလူဏ္ဍအခွင့်ရေးနေ့ အမှတ်တရသို့

မာန်လှိုင်းငယ်
၂၀၀၇ ခုနှစ်။ မတ်လ (၁၂)ရက်၊

2 comments:

Burmar 1988 said...
This comment has been removed by the author.
Burmar 1988 said...

ကလေးထင်တဲ့ ဘုန်းမော်က နိုင်ငံရေးစိတ်မ၀င်စားတဲ့ လူအေးပါ။ စစဖြစ်တာက ၁၅၊၂၅၊၇၅ ကျပ်တန်ငွေစကူဖျက်တာက စတယ်။ နောက်ထပ် ငွေစကူကို ထပ်ဖျက်တယ် လူတွေလက်ထဲမှာ အသုံးမ၀င် ငွေတွေကို ဘဏ်တွေက လက်မခံတော့ ကျောင်းဝင်ကြေး၊ စားစရိတ်၊လမ်းစရိတ် မရှိလို့ ကျောင်းသားတွေ လက်လုပ်နေ့စားသမားတွေ ငတ်ကြလို့ အော်ငိုကြတယ်၊ နောက်တနေ့ စာမေးပွဲစစ်ဖို့ တရက် အလို ညနေဘက် အဆောင်တွေ ၀င်ဖမ်းတာဘဲ၊ ဖုန်းမော် က အေးအေးသမား အခန်းထဲအိပ်နေတာ။ ကျောင်းသားတစု ဆန်ဒပြလို့ စစ်သားတွေဝင်ကြဲတာ။ သူက ဆူသံကြားလို့ အဆောင်အပြင်ထွက်အကြည့် သေနတ်နဲ့ ပစ်သတ်ခံရတာ. သူကနိုင်ငံရေး စိတ်ဝင်စားတဲ့သူမဟုတ်ဘူး သူသေလို့ RIT ကျောင်းသားတွေ တကသိုလ်အားလုံးက ဘော်ဒါတွေဆီ လာပြီး ဆန်ဒပြဖို့ ကူညီတောင်းတယ်။ ဧချမ်းစွာဆန်ဒပြတာ ပိတ်ပြီး အားလုံးကို အသေပစ်သတ်တာ ရန်ကုန်တကသိုလ် နားက ကန်ဘောင်ပေါ် တက်ပြေးတဲ့သူတွေ ဒုတ်နဲ့ အသေရိုက်သတ်တယ် ကျားမ မခွဲဘူး အားလုံးထောင် ကားထဲထဲ့ပြီး ဖမ်းသွားတာ။ မိန်းခလေးတွေ မုဒိန်းကျင့်ခံရတယ် ကောင်လေးတွေ အတော်သေကုန်ကြတယ် တချို့ ကံကောင်းလို့ လွတ်ရင်တောင် လူက ဦးဏှောက်မမှန်ချင်တော့ဘူး မင်းကိုနိုင်က စိတ်မာလွန်းလို့ သာ ခုထိ ခံနိုင်ရည်ရှိတာ။ ဂျပန်တွေ ရက်စက်တာထက် ဆိုးတယ်

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes