နွေးထွေးစွာ အေးမြခြင်းများစွာနဲ့ မာန်လှိုင်းငယ်မှ ကြိုဆိုပါသည်။ အကြံပြုချက်များ၊ ဝေဖန်စာများကိုလည်း ကြားချင်ပါသည်။

Tuesday, October 30, 2007

မညှိုးနဲ့ အပြုံး

မာန်လှိုင်းငယ်

“မညှိုးနဲ့ အပြုံး”

ဒီအပြုံး ---
နှုတ်လွှာနှစ်ချပ်ဝက အပြုံး
သံလိုက်စက်ကွင်းပမာ
ဆွဲဆောင်စွမ်းအားရှိတဲ့
အပြုံးပန်းတစ်ပွင့်
မြင်သူတကာ ငေးမောလှပပေတယ်။

ဒီအပြုံး ---
နေ့စဉ်ရက်ဆက်
ပြုံးနေတဲ့ အပြုံး
ငါ မြင်နေရသည်ပင်
လိုက်မောပီတီဖြစ်မိတယ်။

တဖန်
အပြုံးပန်းတစ်ပွင့်
ညှိုးမသွားအောင်
မစရက်၊ မဆိုရက်
တိတ်တိတ်ဆိတ်ဆိတ်နဲ့
နဘေးနားမှာ ကြည့်နေချင်သူဖြစ်တယ်။ ။

မာန်လှိုင်းငယ်
၂၀၀၇ ခုနှစ်၊ အောက်တိုဘာလ (၂၄)ရက်။

2 comments:

Kaung Kin Ko said...

ဟုတ်တယ်ဗျို့ ။ သွားစလိုက်လို့ စိတ်ကောက်စိတ်ဆိုး သွားရင် အပြုံးလေးပျောက်ပြီး ကြည်နူးစရာတွေ ပျောက်သွားမှာပေါ့။

Kaung Kin Ko said...

သူတို့ စိတ်ကောက်တာ ပျော်စရာတော့ ကောင်းပါတယ်ဗျ။ ဒါပေမယ့် သတိတော့ထား။ ကျွန်တော်တော့ အစလွန်ပြီး ဒုက္ခရောက်တော့မလို့ ။ :-D

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes