နွေးထွေးစွာ အေးမြခြင်းများစွာနဲ့ မာန်လှိုင်းငယ်မှ ကြိုဆိုပါသည်။ အကြံပြုချက်များ၊ ဝေဖန်စာများကိုလည်း ကြားချင်ပါသည်။

Tuesday, October 30, 2007

ချစ်သူ အပြုံး

မာန်လှိုင်းငယ်

“ချစ်သူ အပြုံး”

သိမ်သိမ်မွေ့မွေ့ ဒီအပြုံး
အကြိမ်တရာမက တွေ့နေချင်တယ်။

ချစ်သူရေ ---
မင်းအပြုံးကို မြင်လေတိုင်း
ကိုယ့်ရင်မှာ
ကြည်နူးပီတိအပြည့်နဲ့ပါ။

ပြောမ၀နိုင်တဲ့ ရင်တွင်းစကား
ရှုမ၀နိုင်တဲ့ ချစ်သူ့မျက်နှာ
ကြားဝမနိုင်တဲ့ ချစ်သူအသံ
ကြိမ်ဖန်မက ကြားနေချင်တယ်။

ချစ်သူရေ ---
အပြုံးမျက်နှာလေးနဲ့
ကိုယ့်ဆီ အရောက်ပြန်လာခဲ့ပါတော့ --- ။ ။

မာန်လှိုင်းငယ်
၂၀၀၇ ခုနှစ်၊ အောက်တိုဘာလ (၂၂)ရက်။

2 comments:

Red's Rose Dream said...

အပေါ်ကကဗျာသုံးပုဒ်လုံးကြိုက်တဲ့အကြောင်းရေးသွားပါတယ်။
ဒီလောက်ကံကောင်းတဲ့ကောင်မလေး ဘူတူခြစ်မရဲတိဘူးနော်။
ကိုမန့် ကဗျာတွေကိုကြိုက်လို့။ ခွင့်ပြုရင်နောက်ကို
ကဗျာများခဏလောက် ဖြစ်ဖြစ်ယူသုံးချင်ပါတယ်။
ငှားမလား ဟင်။

Chaos said...

အားရို့ရို့ ကိုမာန်လှိုင်းပျောက်သွားပြီးပြန်ပေါ်လာတာ
သိမ့်မွေ့တဲ့ ချစ်လေပြေနဲ့ တွေ့ခဲ့လို့များလား
စဉ်းစား........စဉ်းစား

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes