နွေးထွေးစွာ အေးမြခြင်းများစွာနဲ့ မာန်လှိုင်းငယ်မှ ကြိုဆိုပါသည်။ အကြံပြုချက်များ၊ ဝေဖန်စာများကိုလည်း ကြားချင်ပါသည်။

Friday, October 19, 2007

ဖြစ်နိုင်ရင်

မာန်လှိုင်းငယ်

“ဖြစ်နိုင်ရင်”

ကွန်ပျူတာရှေ့မှာ
ငါ ထိုင်နေတဲ့အခါ
မီးပျက်သွားတာ မမြင်ချင်ဘူး။

စာကြည့်စားပွဲပေါ်မှာ
ငါ ကဗျာရေးနေတဲ့အခါ
ဘောပင်မှင်ကုန်တာ မဖြစ်ချင်ဘူး။

အခန်းထဲမှာ
ငါ အိပ်နေတဲ့အခါ
တံခါးလာခေါက်တာ မကြားချင်ဘူး။

ဒါပေမဲ့
တခုတော့ရှိတယ်
ငါ ဘာမှမလုပ်တဲ့အခါ
လာထိုင်ပြီး စကားပြောပါ
အလွမ်းသီးချင်း လာဆိုပါ
ဖြစ်နိုင်ရင် ----
အလဟသအချိန်တွေ မလွန်မြောက်ချင်ဘူး။ ။

မာန်လှိုင်းငယ်
၂၀၀၇ ခုနှစ်၊ အောက်တိုဘာလ (၁၉)ရက်။

1 comments:

ထွန်း said...

If you wana.. 1. live outside Myanmar to avoid electricity breakdown, 2. buy & use disposal pen every single word: never finish ink, 3. use ear plug : no noise, 4. buy plenty of time piece to save time :-P hoe hoe hoee!

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes